Quantcast
Channel: Myanmar Daily Star
Viewing all articles
Browse latest Browse all 4837

အိုးမည်းသုတ်ရန် ကြံစည်နေသူများ

$
0
0
 
 ****ဒီအပတ် ဂျာနယ်က The Voice ကဆောင်းပါးတစ်ပုဒ်ပါ။****

##### အဲဒီကပြောချင်တာက အခုလိုပြုပြင်ပြောင်းလဲမှူကာလမှာ ထမင်းစားကောင်းအောင်   ဘေးတီးထထဟောင်နေတဲ့ ပြသာနာကိုမကြီးကြီးအောင်လုပ်နေ ပြည်ထောင်စုမပြိုပြိုကွဲအောင်လုပ်နေတဲ့ ဒီမိုခွေးတွေ ( ခွန်ဒီးယမ် ၊ ဒီမိုဖက်တီင်္း ၊ မိုးသီးဇွန် ၊ ချိုတူးဇော် နှင့် ဒီမိုအမည်ခံအပေါင်းအပါများ ) ၊ ရဲတွေ မှားတယ်( အဲဒီကက ပြသနာကိုဘယ်လိုဖြေရှင်းရမှန်းမသိတဲ့ အဲဒီက အာဏာပိုင်တွေမှားတာ ) ဆိုရင်တောင် ပြသာနာကိုအွန်လိုင်းပေါ်မှာ ပိုကြီးအောင် ဖွနေတာလား ဝေဖန်တာ လားဆို တာစဉ်းစားချင့်ချိန်နိုင်ကြပါစေ။

ကျူပ်ပြောတဲ့ စကားတိုင်းယုံရမယ်လို့ မပြောဖူး ခင်ဗျားတို့ ကိုယ်တိုင်စဉ်းစား အွန်လိုင်းပေါ်မှာ ဘယ်သူ ဘယ်ခြေလှမ်းလှမ်းပြီး ဘယ်သူသေသေ ငတေမာရင်ပြီးရောလုပ်နေသလဲ ဆိုတာ စဉ်းစားဆင်ခြင်နိုင်ကြ ပါစေ။ ########

******အောက်ဖော်ပြပါဆောင်းပါးမှာ ဘေးတီးဒီမိုတွေရဲ့ ကိုယ်ထမင်းဝဖို့အတွက်တစ်ခုထဲနဲ့ တိုင်းပြည်ကိုချောက်ထဲကျအောင်လုပ်နေတာကို ပြည်သူတွေအနေနဲ့ အလွယ်တကူမယုံကြည်ဖို့ ကိုဆောင်းပါးထဲမှာထည့်ရေးထားပါတယ်။ *****

ပြီးခဲ့သည့် ရက်ပိုင်းက မအူပင်မြို့နယ်ရှိ ဒေသခံ လယ်သမား များနှင့် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့အကြား ဖြစ်ပွားနေသည့် တင်းမာမှုသည် ယနေ့ အမြင့်ဆုံးအရှိန်အထိ တက်သွားကာ နှစ်ဖက် အပြန်အလှန် ရန်ပြုသည့်အဆင့်သို့ ရောက်ရှိသွားခဲ့ပါသည်။ မည်သို့သော အကြောင်းအရင်းများ ရှိနေသည်ဖြစ်စေ လယ်ယာ စိုက်ပျိုးရေးကို အခြေခံသော မြန်မာနိုင်ငံရှိ အခြေခံအကျ ဆုံး တောင်သူ လယ် သမား များနှင့် ပြည်သူလူထု တစ်ရပ်လုံးကို ရိုင်းပင်း၊ ကူညီ၊ ကာကွယ် စောင့်ရှောက်ရမည့် ရဲတပ်ဖွဲ့ဝင်တို့ အကြား ဤမျှလောက်အထိ တင်းမာမှု ဖြစ်သွားရခြင်းမှာ ဒီမိုကရေစီ အသွင်ပြောင်းရန် အားယူဆဲ နိုင်ငံတစ်ခုအတွက် အမည်းစက် တစ်ခု ဖြစ်သွားခဲ့ပါသည်။

နှစ်ပေါင်း၅၀ကျော်ခန့် ဖိနှိပ်မှုများကို အောင့်အည်းမျိုသိပ် လာခဲ့ရသော မြန်မာပြည်သူလူထု အနေနှင့် ဒီမိုကရေစီ ရောင်နီသန်းကာလ လွတ်လပ်စွာ ဆန္ဒဖော်ထုတ်ခွင့် အကန့်အသတ်ဖြင့် ရလာချိန်တွင် ယခင် ချုပ်တည်းထားခဲ့ရသော စိတ်ခံစားချက်များကို အခွင့်ရလာသည့် အတွက် ရေအပြည့်စဥ့်အိုး စောင်းသွန်ချလိုက် သကဲ့သို့ ဖွင့်ထုတ်ကြခြင်း အပေါ် အကြောင်းအကျိုး သဘောဖြင့် နားလည်တတ်ရန် လိုပါသည်။ ထို့အပြင် စနစ်ဆိုးအောက်တွင် ခါးစည်း ခံလာခဲ့ရသည့် ဖိအားများ အပြင် မိရိုးဖလာ လုပ်ကိုင်လာခဲ့သည့် လယ်ယာမြေများ လက်လွှတ် ဆုံးရှုံးမှုကြောင့် စားဝတ်နေရေး အခက်အခဲ ကြုံလာရသည့်အခါ ချုပ်တည်း လာခဲ့သည့် အငုံ့စိတ်များ ပွင့်အံထွက်ပြီး ဒေါသအဖြစ်သို့ ကူးပြောင်းသွားကာ တင်းမာမှုများ ဖြစ်ပေါ်လာရခြင်း ဖြစ်ပါသည်။

မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ အနေနှင့် နိုင်ငံတကာတွင် သတ်မှတ်ထားသည့် အဓိကရုဏ်း နှိမ်နင်းရာတွင် လိုက်နာရမည့် စည်းကမ်းချက်များ၊ အဆင့်အလိုက် ဆောင်ရွက်ရမည့် သတ်မှတ်ချက်များကို ယနေ့အချိန်အထိ သိရှိနားလည်မှု မရှိသေးသော အချက်မှာလည်း ပဋိပက္ခအရှိန် ပိုကြီးစေပါသည်။ စနစ်ဆိုး အောက်တွင် မြေပိုင်ဆိုင်လိုစိတ် အားကြီး တတ်ကြသည့် ခရိုနီစီးပွားရေး လုပ်ငန်းရှင် အများစုသည် သက်ဆိုင်ရာ ဒေသအာဏာပိုင်များနှင့် မြေယာများကို အင်အားသုံး ဝယ်ယူ သိမ်းပိုက်လေ့ ရှိပါသည်။ များသောအားဖြင့် ၄င်းတို့ သိမ်းယူသော မြေယာအများ စုမှာ မြေပုံပေါ် တွင် မြေလွတ်မြေ ရိုင်း ဖြစ်နေသော်လည်း လက်တွေ့တွင်မူ ဒေသခံတောင်သူ လယ်သမားများ ဓားမဦးချ စိုက်ပျိုးလုပ်ကိုင်လျက် ရှိသည့် မြေများ ဖြစ်နေပါသည်။ သို့သော် ထိုမြေယာများသည် စနစ်ဆိုးက ပြဋ္ဌာန်းထားသော မြေယာ ဥပဒေဟောင်းများ အရသော်လည်းကောင်း၊ လယ်ယာမြေများနှင့် ပတ်သက်သည့် ဗျူရိုကရေစီ ယန္တရားများ အလုပ်ကောင်းစွာ မလုပ်ခဲ့ကြခြင်း ကြောင့်သော်လည်းကောင်း လယ်လုပ်နေသူ လယ်သမားများ ပိုင်ဆိုင်ကြောင်း အထောက်အထား တစ်စုံတစ်ရာ မရှိဖြစ်နေ ခဲ့ပါသည်။ သီးစားခ ပေးချေထားသည့် အထောက်အထားရှိသူများ ထံမှလည်း အာဏာပိုင် အားကိုးဖြင့် မတန်တဆဈေးဖြင့် နှိမ်ချဝယ်ယူ ခဲ့ကြပါသည်။ ကောင်းစွာ ပညာမတတ်သော လယ်သမား အများစုမှာမူ မိမိတို့လက်တွေ့ လုပ်ကိုင်နေသော လယ်ယာမြေများကို မိမိတို့ ပိုင်ဆိုင်ကြောင်း အထောက်အထားရ ယူထားရန် မသိ နားမလည်ခဲ့ကြသူက များခဲ့ပါသည်။ ထိုအချက်ကို အခွင့်ကောင်းယူကာ ခရိုနီလုပ်ငန်းရှင် များသည် မြေပုံပေါ်တွင် လက်ထောက် သိမ်းပိုက်ခြင်း၊ ထိုသိမ်းပိုက်မြေကို ဒေသခံလယ်သမား များကို သီးစားခဖြင့် ပြန်လည်ချထားခြင်း ကဲ့သို့ ခေတ်သစ်ချစ်တီးများ ပမာ ပြုမူလာ ခဲ့ကြခြင်း ဖြစ်ပါသည်။

*******ယနေ့ကာလသည် မည်သို့သော တစ်ဖက်လှည့်ဖြင့် ချုပ်ချယ်ထားသော ဥပဒေများ ရှိစေကာမူ ယခင်စနစ်ဆိုးထက် စာလျှင် အထိုက်အလျောက် လွတ်လပ်ခွင့်ရလာ သောကြောင့် မိမိတို့ ခံစားနေရသည် များကို ဖွင့်အံ ဖော်ထုတ်ကြခြင်း ဖြစ်ရာ နှစ်ပေါင်းများစွာ နောက်ဆုံးအဆင့် ဦးစားပေး အဆင့်တွင်သာ ထားခံခဲ့ရသည့် တောင်သူလယ်သမား များ၏ ခံစားချက်၊ ဒုက္ခနှင့် ဆင်းရဲမှုများကို ကိုယ်ချင်းစာ နားလည်ပေးရန် လိုပါသည်။ **********

**********အခြားတစ်ဖက်တွင်လည်း ငြိမ်းချမ်းညင်သာသော ဒီမိုကရေစီ အသွင်ကူးပြောင်းမှု ဖြစ်စဉ်ကို မလိုလား မနှစ်ခြိုက်သည့် ရှေးရိုးစွဲ၊ သဘောထား တင်းမာသူများ၊ ပြဿနာ ပဋိပက္ခ ဖြစ်ပါက ဇာတ်နာခြင်းကို အကြောင်းပြု၍ ရန်ပုံငွေကြေး များဖြင့် ကိုယ်ကျိုးရှာလိုသူများ၊ မည်သည့်အစိုးရ တက်တက် ၄င်းတို့ အစိုးရမဖြစ်မချင်း အရာအားလုံးကို အမြဲဆန့်ကျင် လှုံ့ဆော်နေမည့် အားလုံးတန်းတူညီမျှရေး ဝါဒီများက ဘက်နှစ်ဖက်စလုံးကို ရန်တိုက်သွေးခွဲကာ ပြဿနာ ပိုကြီးထွားလာစေရန် ကြံစည်ထောက်ပံ့မှု များလည်း ရှိနိုင်ပါသည်။ ထိုကြံစည် ထောက်ပံ့မှုများကို မသိနားမလည်သော အရိုးခံ တောင်သူလယ်သမားအချို့ အနေနှင့်လည်း အမိန့်ပေးစေခိုင်းလျှင် တာဝန်ထမ်းဆောင်ရသည့် ရဲတပ်ဖွဲ့ဝင်များကို အကျပ်အတည်းသို့ တွန်းပို့သကဲ့သို့ ဖြစ်မသွားစေရန်လည်း အထူးသတိပြုရမည် ဖြစ်ပါသည်။ ******************

များစွာသတိထားရမည့် အချက်မှာ အာဏာသုံးရပ်ရှိ ကိုယ်ကျိုးစီးပွား မပါသော ဒီမိုကရေစီ လိုလားသူများ၊ နိုင်ငံတော်သမ္မတကြီးနှင့် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် တိုင်းရင်းသားများ၊ နိုင်ငံရေး ပါတီများ၊ လူထုလူတန်းစား အသီးသီး၊ အဖွဲ့အစည်း အသီးသီးနှင့် တပ်မတော်တို့၏ ငြိမ်းချမ်းရေး၊ ဒီမိုကရေစီအရေး၊ လူ့အခွင့်အရေးဆိုင်ရာ ကြိုးစားဆောင်ရွက်ချက် များကြောင့် နိုင်ငံတကာတွင် မျက်နှာပန်း လှနေခြင်းကို အိုးမည်းသုတ်ရန် ကြံစည်နေသူများ ရှိနေသည် ဆိုသော အချက်ဖြစ်ပါသည်။

မည်သို့သော အခြေအနေတွင်ဖြစ်စေ ပဋိပက္ခ ဖြစ်ပွားနေသော ဘက်နှစ်ဖက်စလုံးနှင့် သက်ဆိုင်ပတ်သက်သူ Stakeholder အားလုံးအနေနှင့် ပြဿနာတိုင်းကို စနစ်ဆိုးတွင် ရှိခဲ့သည့် အတွေးအခေါ်၊ စဉ်းစားပုံ၊ ပြုမှုဆောင်ရွက်ပုံ များဖြင့် အကြမ်းနည်းသုံး ဖြေရှင်းပါက ငြိမ်းချမ်းသော ဒီမိုကရေစီ အသွင်ပြောင်းလုပ်ငန်းစဉ် အပေါ် ကြီးစွာ ထိခိုက်မှု ရှိနိုင်သည်ကို အထူး သတိချပ်ရမည် ဖြစ်ပါကြောင်း။

 
From:မြန်မာနိုင်ငံလုံးဆိုင်ရာစောက်ဖောင်းပတ်ထုရေးအဖွဲ့ချူပ်
 
www.mmdailystar.com

Viewing all articles
Browse latest Browse all 4837

Trending Articles


သင့် ကိုယ်လုံးတီး ပုံများ အွန်လိုင်းပေါ် မရောက်ရလေအောင်


အင်ဂျင်နီယာဆိုင်ရာစာအုပ်များ (၁၁ အုပ်)


ရဟန်းခံပြုလိုသော ပဏ္ဍက (ပဏ္ဍုက်)များသို့


ရိုးရာမပျက် ဆင်ကာနွှဲ အာခါတိုင်းရင်းသားတို့ရဲ့ နှစ်သစ်ကူးပွဲ ( သတင်းဆောင်းပါး )


ဆင်ဖြူ ရှင်၏ ယိုးဒယားအောင်ပွဲ


မြန်မာ့တပ်မတော်(ရေ)၏ စစ်ရေယာဉ်-773 အား ရေချ


ဝေဖန်မှု ဇာတ်လမ်းမျိုးစုံ နောက်ကွယ်က.... မိသားစုလိုက် ကတ်ကြေးနဲ့ထိုးခံရတဲ့...


♪ မြန်မာနိုင်ငံတစ်ဝန်း မြန်နှုန်းမြင့် Broadband အင်တာနက်...


မက္က⁠ဒေးမီးယား စိုက်ပျိုးနည်း


ဗြိတိန်မှာ သံရုံးကြီးဆောက်မယ့်တရုတ်နဲ့ လုံခြုံရေးစိုးရိမ်ချက်တွေ



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>