Quantcast
Channel: Myanmar Daily Star
Viewing all articles
Browse latest Browse all 4837

လက်ပံတောင်းတောင် ကြေးနီ စီမံကိန်းနှင့် ပတ်သက်သည့် စုံစမ်း စစ်ဆေးရေး ကော်မရှင်၏ အစီရင်ခံစာ အပေါ် မြန်မာ့ စီးပွားရေး ဦးပိုင် လီမိတက်၏ သဘောထား ထုတ်ပြန်ချက်

$
0
0

၁။ စစ်ကိုင်းတိုင်း ဒေသကြီး၊ မုံရွာခရိုင်၊ ဆားလင်းကြီး မြို့နယ်၊ လက်ပံတောင်းတောင် ကြေးနီ စီမံကိန်း နှင့် စပ်လျဉ်း၍ စုံစမ်း စစ်ဆေးရေးကော်မရှင်၏ အစီရင်ခံစာအား ၂၀၁၃ခုနှစ်၊မတ်လ ၁၁ ရက်နေ့ ရက်စွဲဖြင့် ထုတ်ပြန်ကြေငြာပြီး ဖြစ်ပါသည်။

၂။ ထို့အပြင် တင်ပြပါ စုံစမ်း စစ်ဆေးရေး ကော်မရှင်၏ အစီရင်ခံစာ အပေါ် အကောင် အထည်ဖော် ဆောင်ရွက် နိုင်ရန် အတွက် လက်ပံတောင်းတောင် ကြေးနီ စီမံကိန်းနှင့် ပတ်သက်သည့် စုံစမ်း စစ်ဆေးရေး အစီရင်ခံစာ အပေါ် အကောင်အထည်ဖော် ဆောင်ရွက်မည့် ကော်မတီ တစ်ရပ် ဖွဲ့စည်း တာဝန် ပေးအပ်ခြင်းအား ပြည်ထောင်စု သမ္မတ မြန်မာ နိုင်ငံတော်၊နိုင်ငံတော် သမ္မတရုံးမှ ၂၀၁၃ ခုနှစ်၊ မတ်လ ၁၁ ရက်စွဲဖြင့် အမိန့်ကြော်ငြာစာ ထုတ်ပြန် ခဲ့ပါသည်။

၃။ မြန်မာ့ စီးပွားရေး ဦးပိုင် လီမိတက် အနေဖြင့် စုံစမ်း စစ်ဆေးရေးကော်မရှင်၏ အစီရင် ခံစာတွင် ဖေါ်ပြ အကြံပြုထားသော မြေယာလျော်ကြေး ကိစ္စများ၊စိုက်ပျိုးမြေ ပြန်လည် ဖော်ထုတ်ရေး ကိစ္စများ၊မြန်မာ့ စီးပွားရေး ဦးပိုင် လီမိတက်နှင့် ၀မ်ပေါင် ကုမ္မဏီတို့ ချုပ်ဆို ထားသော စာချုပ်အား ပြန်လည် ပြင်ဆင် ချုပ်ဆိုရေး ကိစ္စများ၊သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းမှု/ထုတ်လုပ်မှု/ လုပ်ငန်းခွင် ကျန်းမာရေးနှင့်   ဘေးအန္တရာယ် ကင်းရှင်းရေး ဆိုင်ရာ စီမံ ခန့်ခွဲမှု အပြည်ပြည် ဆိုင်ရာ လက်မှတ်များ ရရှိရေး ကိစ္စရပ်များ ၊ဒေသခံ လူထုအတွက် အကျိုးကျေးဇူး ရရှိစေရေး၊အလုပ်အကိုင် အခွင့်အလမ်း များ ဖေါ်ဆောင်   ပေးရေးနှင့် ဒေသ ဖွံ့ဖြိုးရေး ကိစ္စရပ်များ၊ ဆာလဖျူရစ် အက်စစ် စက်ရုံ ဆိုင်ရာ ကိစ္စရပ်များ စသည့် အကြံပြုချက် များကို ၀န်ကြီးဌာနများ၏ လုပ်ထုံး လုပ်နည်းများနှင့် အညီ ဆောင်ရွက် သွားမည့် အပြင် နိုင်ငံတကာ အဆင့်မှီ ပြည်ပ ကျွမ်းကျင်သူ ကုမ္မဏီ များအား ငှားရမ်း၍ စနစ်တကျ ဆောင်ရွက် သွားပါမည်။

၎။ ထိုသို့ ဆောင်ရွက်ရာတွင် စစ်ကိုင်းတိုင်း ဒေသကြီး အစိုးရ အဖွဲ့၏ အနီးကပ် ကြီးကြပ်မှုဖြင့် စုံစမ်း စစ်ဆေးရေး အစီရင်ခံစာ အပေါ် အကောင် အထည်ဖေါ် ဆောင်ရွက်မည့် ကော်မတီ၏ လမ်းညွှန်ချက်များနှင့် အညီ ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း ဖေါ်ပြအပ် ပါသည်။

မြန်မာ့စီးပွားရေးဦးပိုင်လီမိတက်

၂၀၁၃ ခုနှစ်၊မတ်လ ၁၂ ရက်
www.mmdailystar.com

Viewing all articles
Browse latest Browse all 4837

Trending Articles



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>