Quantcast
Channel: Myanmar Daily Star
Viewing all articles
Browse latest Browse all 4837

နိုင်ငံတကာ သမိုင်းပညာရှင်များက မြန်မာပြည်တွင် ရိုဟင်ဂျာမရှိ၊ ရိုဟင်ဂျာအမည် ခံသူများမှာ ဘင်္ဂလီများသာဖြစ်ကြောင်း ရှင်းလင်းနိုင်ခဲ့

$
0
0



 
ထိုင်းနိုင်ငံ မဟီဒေါတက္ကသိုလ်၌ မတ်လ (၉) ရက်က ပြုလုပ်ခဲ့သော ရခိုင်သမိုင်းဆိုင်ရာ နိုင်ငံတကာ ပညာရှင်များ ရှင်းလင်းပွဲတွင် မြန်မာနိုင် ငံ၌ ရိုဟင်ဂျာ မရှိကြောင်းနှင့် ရိုဟင်ဂျာဟု ဆိုသူများသည် ဘင်္ဂလီ များသာဖြစ်ကြောင်း တိကျခိုင်မာစွာ ရှင်းလင်းပြောကြား ခဲ့ကြ သည်။

အ ဆိုပါ ရှင်းလင်းပွဲတွင် ရခိုင်သမိုင်းဆိုင်ရာ နိုင်ငံတကာ ပညာရှင်များ ဖြစ်ကြ သည့် ပြင်သစ်နိုင် ငံအာ ရှ လေ့ လာရေး ဌာနမှ Dr.JacquesP.Leider ၊ နယ်သာလန်နိုင်ငံ ဟိုက်ဂူးဒေသ၊ ဒတ်ခ်ျ ဘာသာ စကား အသိအမှတ်ပြု အသင်း၏ ညှိနှိုင်းဆောင်ရွက်ရေးမှူး လိုက် ဒင်းတက္ကသိုလ်မှ ပါမောက္ခ Dr. Stephan Van Galen ၊ ဂျပန်နိုင်ငံ ကန်ဒါတက္ကသိုလ် နိုင်ငံတကာ လေ့လာရေးဌာနမှ သမိုင်းပါမောက္ခဒေါက် တာ အေး ချမ်းတို့က ရခိုင်သမိုင်းနှင့် စပ်လျဉ်း၍ တက်ရောက်ရှင်းလင်းခဲ့ကြခြင်းဖြစ်သည်။

ပြင်သစ်နိုင်ငံ အာရှလေ့လာရေး ဌာနမှ Dr.JacquesP.Leider က ရခိုင်ဘုရင့်နိုင်ငံတော် ကို မြန်မာ ဘုရင့် နိုင်ငံက သိမ်းပိုက်ခဲ့စဉ်က ရခိုင်ပြည်၏ သမိုင်းဆိုင်ရာ အခြေအနေများနှင့် နိုင်ငံရေးဆိုင်ရာ သဘော တ ရား စေ့ဆော်ချက်များ၊ ဘာသာရေး စေ့ဆော်ချက်များ၊ စီးပွားရေး စေ့ဆော် ချက်များ ကိုအသေးစိတ် ရှင်းလင်းခဲ့သည်။

၁၇၈၅ ခုနှစ် မှ ၁၈၂၅ ခုနှစ်များအတွင်း ရခိုင်ကို မြန်မာများ သိမ်းပိုက်အုပ်ချုပ်ခဲ့စဉ်က ရခိုင်ပြည်၏   နိုင်ငံရေး၊  စီးပွားရေး၊ လူမှုရေးအခြေအနေ များမှာ မူလအနေအထားမှ များစွာယိုယွင်း သွားခဲ့ ရကြောင်း၊ ထိုစဉ်က မြန်မာလက်အောက်ခံဘ၀ ရခိုင်ပြည်တွင် အထက်တန်းလွှာရခိုင်များ အား နယ်နှင် ဒဏ်ပေးခြင်း၊ မြန်မာ-ရခိုင် ပူးတွဲအုပ်ချုပ်ခြင်းများလည်းရှိခဲ့ကြောင်း၊ ၁၇၉၅ ခုနှစ်မှ ၁၈၁၀ ခုနှစ်များအ တွင်း မြန်မာတို့က ရခိုင်တို့အပေါ်အခွန်အခ တိုးမြှင့်ကောက်ခံခြင်း၊ အဓမ္မ စေခိုင်း မှုများ ပြု လုပ်ခြင်း၊ မြန်မာဘုရင်၏ စစ်ပွဲများအတွက် ရခိုင်ပြည်သူတို့က စားနပ်ရိက္ခာ များ ထောက်ပံ့ရခြင်း၊ ရခိုင်ပြည်တွင်းသို့ မြန်မာများ ၀င်ရောက်အခြေချ နေထိုင်ခြင်းများဖြစ်ပွားခဲ့ကြောင်း၊ ၁၇၈၇ ခုနှစ်မှ ၁၈၁၅ ခုနှစ်များကာ လတွင် မြန်မာဘုရင်၏ အုပ်စိုးမှုကို ရခိုင်တော်လှန်ရေးသမားများက တော်လှန်ပုန်ကန်မှု အရှိန်မြင့် လာခြင်း၊ တိုက်ပွဲများ ကြောင့်ရခိုင်များ ဘ င်္ဂလားတောင်ပိုင်းသို့ အလုံးအ ရင်းနှင့် ရွှေ့ပြောင်း အခြေချ နေထိုင် လာခဲ့ကြောင်း၊ ၁၈၁၅ ခုနှစ်မှ ၁၈၂၅ ခုနှစ်များအတွင်း ရခိုင်ပြည်၏ အနေ အထားမှာ စီး ပွားရေးအသွင်သို့ ကူးပြောင်းလာခဲ့ပြီး၊ ယင်းကာလ၌ ရခိုင်တို့အနေဖြင့် မြန်မာဘုရင် အုပ်ချုပ်မှုကို ထိခိုက်စေနိုင်လောက် သည့် ခြိမ်းခြောက် ထိုးနှက်မှုကို ပြုလုပ်နိုင်စွမ်း မရှိခဲ့ကြောင်းတို့ ဖြစ်ပျက်ခဲ့ကြောင်း အကျယ်တ၀င့် ရှင်းလင်းပြောကြားခဲ့သည်။

ထို့နောက် ပါမောက္ခ Dr. Stephan Van Galen က ၁၅ ရာစုမှ ၁၈ ရာစုအတွင်း ရခိုင်ဒေသနှင့် ဘင်္ဂလားအကြား ဆက်ဆံရေး အခြေအနေများ နှင့်စပ်လျဉ်း၍ ရှင်းလင်းရာ တွင် ၁၆၃၅ ခုနှစ်တွင် ရခိုင်ဘုရင် နိုင်ငံ သြဇာအာဏာ ထိပ်ဆုံးသို့ ရောက်ရှိလာခဲ့ကြောင်း၊ ရခိုင်ဘုရင်များ၏ သြ ဇာအာဏာ ကြီးထွားလာသည်နှင့်အမျှ ဘင်္ဂလားဒေသတွင် ရခိုင့်ကုန်သွယ်ရေးမှာလည်း လွန်စွာ ကောင်းမွန်လာခဲ့ပြီး၊ အခွန်ဘဏ္ဍာများ တိုး တက်များပြားလာခဲ့သလို တချိန်တည်းမှာ ဘင်္ဂလားဒေသ၌် ရခိုင်နှင့် ဒတ်ခ်ျတို့၏ ကူးသန်းရောင်းဝယ်မှုများရှိခဲ့ကြောင်း၊ သို့သော် ၁၆၃၈ ခုနှစ် နောက်ပိုင်းကာလများ တွင် အခွန်ဘဏ္ဍာ ရရှိမှု လျော့နည်းလာခြင်းကြောင့် ဘင်္ဂလား အရှေ့တောင်ဘက်ဒေသတွင် ရခိုင်တို့၏ ထိန်းချုပ်မှု လျော့ရဲလာခဲ့ရခြင်းဖြစ်ကြောင်း၊ ရခိုင်ပြည်၏ စီးပွားရေးသည် ၁၆၆၆ ခုနှစ်တွင် စစ်တကောင်း ကို လက်လွှတ်ခဲ့ရပြီး နောက်ပိုင်းတွင် အားမ ကောင်းတော့ကြောင်း၊ ရခိုင်ဒေသမှ ဒတ်ခ်ျ ကုန်သည်များ ထွက်ခွာသွားခြင်းက ရခိုင်စီးပွားရေးအပေါ် သက်ရောက်မှု ရှိစေခဲ့ကြောင်းတို့ကို ပါမောက္ခ Dr. Stephan Van Galen က ရှင်းလင်းခဲ့သည်။

ပါမောက္ခ Dr. Stephan Van Galen ကလည်း "ရိုဟင်ဂျာဆိုတဲ့ အသုံးအနှုန်းကတော့ မတွေ့မိပါဘူး။ ဒါပေမယ့် ၁၇ ရာစု လောက်မှာတော့ မွတ်စလင်အုပ်စု မြောက်ဦးမှာ ရှိနေပါပြီ။ အဲဒီခေတ်မှာ လူတွေက ကိုယ့်ကိုယ်ကိုယ် ရိုဟင်ဂျာလို့ မသတ်မှတ်ကြပါဘူး" ဟု ရိုဟင်ဂျာ အသုံး အနှုန်း သုံးစွဲမှု မေးခွန်းနှင့် စပ်လျဉ်း၍ ဖြေကြားခဲ့သလို၊ ရခိုင်မှာ မွတ်စလင်ဘုရင် ရှိခဲ့ပါသလားဆိုသည့် အမေးကိုလည်း ၄င်းက "၁၇ ရာစုကို လေ့လာတဲ့ ကျွန်တော်ရဲ့ စာတမ်းအရ ရခိုင်မှာ မွတ်စလင်ဘုရင် မရှိပါဘူး" ဟု ပြန်လည် ဖြေကြားခဲ့သည်။

ရှင်းလင်းမေးမြန်းဖြေကြားခြင်းများ ပြီးဆုံးသောအခါ မြန်မာပြည်တွင် ရိုဟင်ဂျာမရှိ၊ ရိုဟင်ဂျာအမည်ခံ သူများမှာ ဘင်္ဂ လီများသာဖြစ်ကြောင်း ရှင်းလက်ချက်ပေါ် ထပ်မံစောဒကတက်ခြင်းများမရှိတော့ဘဲ သဘောပေါက်နားလည် ကျေနပ်သွားကြကြောင်း တက်ရောက်လာသူများကဆိုသည်။

ရှင်းလင်းပွဲသို့ တက္ကသိုလ် အသီးသီးမှ သမိုင်းပါမောက္ခများ၊ နိုင်ငံတကာ သံအရာရှိများ၊ သတင်းဌာ နများနှင့် ဖိတ်ကြားထားသူများ၊ ထိုင်းနိုင်ငံ ဘန်ကောက်ရှိ တက္ကသိုလ်များမှ ရခိုင်ရဟန်းသံဃာ များနှင့်    ကျောင်း သား/ကျောင်းသူများ (၁၅၀) ကျော် တက်ရောက်ခဲ့ကြသလို၊ ပြည်တွင်းမှ ရခိုင်ဒီမိုကရေစီ အဖွဲ့ချုပ်နှင့် ရခိုင်တိုင်းရင်းသားများတိုးတက်ရေး ပါတီတို့မှ ဥက္ကဋ္ဌများဖြစ်ကြသည့် ဦးအေးသာအောင်၊   ဒေါက်တာအေးမောင်  အပါအ၀င် ပါတီထိပ်တန်းခေါင်းဆောင်များလည်း တက်ရောက်ခဲ့ကြသည်ဟု သိရသည်။

ထိုင်းနိုင်ငံ ဘန်ကောက်မြို့မဟီဒေါ တက္ကသိုလ်၌ကျင်ပသော အဆိုပါရှင်းလင်းပွဲကို မတ်လ (၉) ရက်နေ့ နေ့ လည် (၁၂) နာရီမှ ညနေ (၄း၁၀) နာရီထိ အောင်မြင်စွာကျင်းပခဲ့ပြီး၊ ပညာရှင်များ ၏ ဟောပြော ချက် များ၊ မေးမြန်း ဖြေကြားချက် များကို ပြည်တွင်းနှင့်နိုင်ငံ တကာသို့ ဖြန့်ဝေသွား မည်ဟုလည်းသိရှိရသည်။
 
 
From:အာရ်ကန်တိုင်းမ်စ် 
 
 
www.mmdailystar.com

Viewing all articles
Browse latest Browse all 4837

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>