ကရင်အမျိုးသားတိုးတက်ရေး ပါတီ (KNPP)နှင့်အစိုးရတို့ ၂၀၁၂ခုနှစ်၊မတ် ၇ရက်တွင် အပစ် အခက်ရပ်စဲရေး သဘောတူ လက်မှတ်ရေးထိုးပြီးနောက် ကယား ပြည်နယ်အတွင်း ခရီးသွားလာရာ တွင် လုံခြုံရေးမစိုးရိမ် ရတော့ ကြောင်း ပြည်နယ်တွင်းခရီးသွား များထံမှသိရသည်။
ယခင်က ဌာနဆိုင်ရာဝန်ထမ်း များသည် လွိုင်ကော်မြို့မှ ဘော်လခဲ၊ ဖားဆောင်း၊မယ်ခဲ့၊ရှားတော မြို့များသို့ ကူးသန်းသွားလာကြ ရာတွင် လုံခြုံရေးအရ တပ်မတော ယာဉ်တန်းများဖြင့်သာလိုက်ပါ ကူးသန်း သွားလာနိုင်ကြသော်လည်း ယခုအခါ လိုင်းကားများ၊မော်တော် ဆိုင်ကယ်များ ၊ ခရီးကြုံကားများဖြင့် လွတ်လပ်စွာသွားလာနိုင်ကြပြီဖြစ်ကြောင်း ဌာနဆိုင်ရာဝန်ထမ်း များထံမှသိရသည်။
ပြည်နယ်အစိုးရအဖွဲ့မှ ၀န်ကြီးချုပ်နှင့်ဝန်ကြီးများလည်း ပြည်နယ် ဖွံ့ဖြိုးရေးတာဝန်ဖြင့် ပြည်နယ်အ တွင်းနေရာဒေ သအနှံ့ အပြားသို့ သွားလာရာတွင် လက် နက်ကိုင်အစောင့်အရှောက်မလို အပ်ဘဲ လွတ်လွတ်လပ် လပ်သွား လာနေခြင်းဖြစ်ကြောင်း ဖေဖော် ၀ါရီ ၂၃ရက်နှင့် ၂၄ရက်များက ဘော် လခဲခရိုင်၊ ဖားဆောင်းမြို့နယ်၊ မော်ချီးသတ္တုတွင်းဒေသသို့ကွင်း ဆင်းသွားရောက် ခဲ့ကြသည့် ပြည် နယ်အစိုးရ အဖွဲ့၊သစ်တောနှင့် သတ္ထုဝန်ကြီးဦးရဲဝင်းနှင့်ဘဏ္ဍာ၊ အခွန်ဝန်ကြီးဦးသန်းကျော်စိုးတို့ ထံမှသိရသည်။
““ဒါဟာ ကယားပြည်နယ်ရဲ့ ထူးခြားချက်လို့ပြောရင်ရမယ်ထင် ပါတယ်။အပစ်အခက်ရပ် စဲပြီး သေနတ် သံမကြားရသေးဘူး။ကတိ တည်တယ်လို့ပြောရမှာေ ပါ့””ဟု ပြည်နယ် အစိုးရ အဖွဲ့ဝန်ကြီးတစ်ဦး က ပြောကြားသည်။
ယခုအခါ ကယားပြည်နယ် အတွင်း သံလွင်တံတား(ဖားဆောင်း) ပွန်ချောင်းတံတား(ဘော်လခဲ)တို့ တည်ဆောက်လျက်ရှိပြီး မော်တော်ကား လမ်းများလည်းကောင်း မွန်လာသကဲ့သို့ ခရီးသွားလာရာ တွင် လုံခြုံရေးမစိုးရိမ်ရတော့သ ဖြင့် ဒေသခံများထံမှ ၀မ်းမြောက် ၀မ်းသာစကားများကြားသိနေရ သည်။
““ကျွန်တော်က ကယားပြည် နယ်မှာမွေးပြီး၊ကယားပြည်နယ် မှာပဲ ကြီးပြင်းတဲ့သူပါ။လွိုင်ကော် မှာနေပြီး မိုင်ငါးဆယ်လောက်ပဲ ဝေးတဲ့ ဘော်လခဲကိုမရောက်ဖူး သေးပါဘူး။လွိုင်ကော်မှာ ကျွန်တော့်
လို လူတွေအများကြီးရှိပါတယ်။ ဒီလိုလမ်းပန်းဆက်သွယ်ရေး၊လုံ ခြုံရေးကောင်းလာပြီ ဆိုတော့ ပြည်နယ် တွင်းက မရောက်ဖူးသေး တဲ့ နေရာတွေကိုသွားရဦးမယ်””ဟု လွိုင်ကော်မြို့နေ အသက်(၆၀) အရွယ်အမျိုး သားတစ်ဦးကပြော ကြားပါသည်။
From:The Hot News