Quantcast
Channel: Myanmar Daily Star
Viewing all articles
Browse latest Browse all 4837

မြန်မာနိုင်ငံမှာ ရိုဟင်ဂျာ မရှိဘူးလို့ ဦးရွှေမန်းပြော

$
0
0
shweman-305.jpg
 
ဝုဒရိုးဝီလဆင်စင်တာမှာ ဇွန်လ ၁၃ ရက်နေ့က သူရဦးရွှေမန်း မိန့်ခွန်းပြောနေစဉ်
 




ပြည်ပအခြေစိုက် ရိုဟင်ဂျာအရေး လှုပ်ရှားသူတွေက ရခိုင်ပြည်နယ် ဘူးသီးတောင်၊ မောင်တောဒေသ မှာ နေထိုင်သူတွေဟာ ရိုဟင်ဂျာလူမျိုးဖြစ်တယ် လို့ ပြောဆိုပေမယ့် မြန်မာနိုင်ငံမှာ ဥပဒေအရရော၊ သမိုင်းကြောင်းအရပါ ရိုဟင်ဂျာဆိုတာမရှိဘူး လို့ ပြည်သူ့လွှတ်တော် ဥက္ကဌ သူရ ဦးရွှေမန်း က ပြောကြားလိုက်ပါတယ်။

အမေရိကန်ပြည်ထောင်စုါရှင်တန်ဒီစီမြို့တော်ုဒရိုီးလဆင် စင်တာ(Woodrow Wilson Center)မှာ မနေ့က ကျင်းပတဲ့ မြန်မာ့နိုင်ငံရေး လက်ရှိအခြေအနေ အပေါ် ပြည်ထောင်စု လွှတ်တော်ရဲ့အမြင် ခေါင်းစဉ် နဲ့ ဆွေးနွေးပွဲအပြီးမှာ လွှတ်တော်ထဲက ဘူးသီးတောင်၊ မောင်တောဒေသကို ကိုယ်စားပြုတဲ့ လွှတ်တော် ကိုယ်စားလှယ်တွေဟာ ဘင်္ဂလီလား၊ ရိုဟင်ဂျာလား ဆိုတဲ့မေးခွန်းကို ပြည်သူ့လွှတ်တော် ဥက္ကဌ သူရဦးရွှေမန်းက အခုလို ပြောကြားလိုက်တာပါ။

"ဥပဒေထဲမှာနဲ့ သမိုင်းအစဉ်အလာမှာ ရိုဟင်ဂျာဆိုတာမရှိခဲ့ပါဘူး၊ လွှတ်တော်ထဲမှာရှိတဲ့ ကိုယ်၌က ဒီမှာလွှတ်တော် ကိုယ်စားလှယ်တွေကလည်း ရိုဟင်ဂျာလို့မသုံးပါဘူး၊ သူတို့ကို မြန်မာတစ်ယောက်အနေနဲ့ပဲ ဒီလိုပဲသုံးနှုန်းပါတယ်"

ဒါ့ပြင် မြန်မာနိုင်ငံမှာ လက်ရှိပြဌာန်းထားတဲ့ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေဟာ လူမျိုးရေး၊ ဘာသာရေး ခွဲခြားဆက်ဆံမှုတွေကို ပိတ်ပင်တားမြစ်ထားတယ်လို့ ပြည်သူ့လွှတ်တော်အကြီးအကဲ သူရ ဦးရွှေမန်းက  ပြောကြားခဲ့ပါတယ်။
 
From:rfa

www.mmdailystar.com

Viewing all articles
Browse latest Browse all 4837

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>