Quantcast
Channel: Myanmar Daily Star
Viewing all articles
Browse latest Browse all 4837

မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ တန်ဖိုးနည်းမိုဘိုင်းဖုန်းများ ဇွန်လတွင် ဆက်လက်ရောင်းချမည့် အစီအစဉ်

$
0
0

ဆက်သွယ်ရေးနှင့် သတင်းအချက်အလက် နည်းပညာဝန်ကြီးဌာန၊ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ လစဉ် တန်ဖိုးနည်း မိုဘိုင်းဖုန်း ၃၅ဝဝဝဝ စီကို ပြည်နယ်နှင့် တိုင်းဒေသကြီး အစိုးရအဖွဲ့များ၏ အစီအစဉ်ဖြင့် ၂ဝ၁၃ ခုနှစ် ဧပြီလနှင့် မေလတို့တွင် မိဘပြည်သူများ အလွယ်တကူ၊ အဆင်ပြေချောမွေ့စွာ ဆက်သွယ် အသုံးပြုနိုင်ရေးအတွက် ခွဲဝေရောင်းချပေးခဲ့ပြီး ဖြစ်ပါသည်။

 ပြည်သူများ မိုဘိုင်းဖုန်းသုံးစွဲမှု အဆင်ပြေခြင်း ရှိ/မရှိကို မိုဘိုင်းအိတ်ချိန်းများတွင် မှတ်သားထားသည့် အချက်အလက်များအား တိုင်းတာစစ်ဆေးသည့်အခါ နေပြည်တော်၊ ရန်ကုန်တိုင်းဒေသကြီး၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ်၊ ရှမ်းပြည်နယ်(မြောက်ပိုင်း)နှင့် ဧရာဝတီ တိုင်းဒေသကြီးတို့တွင် ရောင်းချပေးထားသည့် မိုဘိုင်းဖုန်း အင်အားထက် ပိုမိုသုံးစွဲနေသည်ကို တွေ့ရှိရပါသဖြင့် လိုအပ်သော စက်ပစ္စည်းများကို တိုးချဲ့ တပ်ဆင်လျက်ရှိရာ တန်ဖိုးနည်းမိုဘိုင်းဖုန်း စတင်တပ်ဆင်ပေးစဉ်က မိုဘိုင်း BTS စခန်း ၂၈၂ ခုသာ ရှိသော်လည်း ယခုစခန်း BTS ပေါင်း ၃၄၆ ခုအထိ တပ်ဆင်ထားပြီး ဖြစ်ပါသည်။

 စက်ပစ္စည်းနှင့် BTS စခန်းအသစ်များ တိုးချဲ့တပ်ဆင်ထားပြီးဖြစ်သော ပဲခူးတိုင်းဒေသကြီး၊ မကွေးတိုင်း ဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ ရခိုင်ပြည်နယ်၊ ရှမ်းပြည်နယ် အရှေ့ပိုင်းနှင့် တောင်ပိုင်းရှိ နေရာဒေသ အသစ်များတွင် မိုဘိုင်းဖုန်းများကို ယခင်လကထက် ပိုမိုရောင်းချပေးမည်ဖြစ်ပြီး တိုးချဲ့နေဆဲဖြစ်သည့် နေပြည်တော်၊ ရန်ကုန်တိုင်းဒေသကြီး၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ်၊ ရှမ်းပြည်နယ်(မြောက်ပိုင်း)နှင့် ဧရာဝတီ တိုင်းဒေသကြီးများတွင် ဖုန်းလိုင်းကျပ်၍ ဆက်သွယ်မှု အဆင်မပြေခြင်းများ မဖြစ်ပေါ်စေရေးအတွက် အဆိုပါဒေသများတွင် SIM Card အရေအတွက် လျှော့ပေါ့ရောင်းချသွားမည် ဖြစ်ပါသည်။ 

 ယခု ၂ဝ၁၃ ခုနှစ် ဇွန်လ ၂ဝ ရက်နေ့တွင် ပြည်နယ်နှင့် တိုင်းဒေသကြီး အစိုးရအဖွဲ့များ၏ အစီအစဉ်ဖြင့် မိုဘိုင်းဖုန်း SIM Card (၃၅ဝဝဝဝ) ကို ယခင်ရောင်းချထားသည့် အစီအစဉ်အတိုင်း ဆက်လက်ရောင်းချ ပေးသွားမည်ဖြစ်ရာ တယ်လီဖုန်းခေါ်ဆိုခ ၃ဝဝ ကျပ် ကြိုတင်ထည့်သွင်းထားသော CDMA 800 MHz မိုဘိုင်းဖုန်း SIM Card တစ်ခု အတွက် ၁၅ဝဝ ကျပ်နှုန်း ဖြစ်ပါသည်။ ချင်းပြည်နယ် ဟားခါးနှင့် ဖလမ်းဒေသများအတွက် မိုဘိုင်းစက်ပစ္စည်းများ တပ်ဆင်ပြီးစီးမည် ဖြစ်သော (၁၅-၇-၂ဝ၁၃) ရက်နေ့မှစတင်၍ CDMA 800 MHz မိုဘိုင်းဖုန်း SIM Card (၅ဝဝဝ) ရောင်းချပေးမည် ဖြစ်ပါသည်။

 ပြည်သူများ သက်သာသော နှုန်းထားဖြင့် အမှန်တကယ် အသုံးပြုနိုင်ရန် ရည်ရွယ်၍ ရောင်းချခြင်းဖြစ်ပါသဖြင့် ဖုန်းကတ် ဝယ်ယူထားသည့် နေ့မှစ၍ ၁၅ ရက်အတွင်း တယ်လီဖုန်း SIM Card တွင် မူလထည့်သွင်းပေးထားသည့် တယ်လီဖုန်းခေါ်ဆိုခ ၃ဝဝ ကျပ် မကုန်မီ တယ်လီဖုန်း သုံးစွဲသူသည် အနည်းဆုံး ၅ဝဝဝ ကျပ်တန် ကြိုတင်ငွေဖြည့်ကတ်ဖြင့် ငွေဖြည့် သုံးစွဲရပါမည်။ ဖုန်းကတ်အား အခြားသူတစ်ဦးဦးသို့ လက်ဆင့်ကမ်း ရောင်းချခြင်းမှ ကာကွယ်ရန်အတွက် ၁၅ ရက်အတွင်း အသုံးပြုခြင်းမရှိပါက အဆိုပါ ဖုန်းကတ်သည် အလိုအလျောက် လိုင်းပိတ်သိမ်းသွားမည် ဖြစ်ပါသည်။ 

စက်ပစ္စည်းတန်ဖိုး၊ စက်တပ်ဆင်မှု ကုန်ကျစရိတ်များကို တယ်လီဖုန်း ပြောဆိုခများမှ   ပြန်လည်စု စည်း ကောက်ခံ ရမည်ဖြစ်ပါသဖြင့် ဤတန်ဖိုးနည်း မိုဘိုင်းဖုန်းများကို လစဉ်ကြိုတင်ငွေဖြည့် ကတ်ဖြင့် ပြောဆို ခငွေကျပ် ၂၅ဝဝ အနည်းဆုံး သုံးစွဲရန် သတ်မှတ်ထားပြီး ဖြစ် ပါသည်။ နှစ်လပြည့်သော် လည်း ကြိုတင်ငွေဖြည့်ကတ်မှ ၅ဝဝဝ ကျပ်ကို အပြည့်မသုံးစွဲပါက အလိုအလျောက် ငွေကျပ် ၅ဝဝဝ ပြည့်သည်အထိ ဖြတ်တောက်သွားမည် ဖြစ်ပါသည်။ တယ်လီဖုန်း SIM Card တွင် ဖြည့်သွင်းထားသော ငွေကုန်ဆုံးပြီးနောက် ၁၅ ရက်အတွင်း ငွေထပ်မံဖြည့်သွင်းခြင်း မရှိပါက အဆိုပါဖုန်းကတ်သည် အလိုအလျောက် လိုင်းပိတ်သိမ်းသွား မည်ဖြစ်ကြောင်း ၂၀၁၃ ခုနှစ် ဇွန်လ ၁၅ ရက်နေ့ထုတ် မြန်မာ့အလင်း သတင်းစာတွင် ဖော်ပြထားပါသည်။ 
From:ခေတ်လူငယ်

www.mmdailystar.com

Viewing all articles
Browse latest Browse all 4837

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>