Quantcast
Channel: Myanmar Daily Star
Viewing all articles
Browse latest Browse all 4837

ဒါဖတ်ပြီးမှ အကြမ်းဖက်ဖို့ စဉ်းစားပါ ဘာသာရေးပဋိပက္ခများကို ဆန့်ကျင်သင့်သည့် အကြောင်းရင်း ၇ ချက်

$
0
0

ဒီမနက် ဘတ်စ်ကားပေါ်မှာ သင့်ခြေထောက်ကို မွတ်ဆလင်ဟု ထင်ရသူ တစ်ဦးက တက်နင်း ခဲ့ပါသလား။ ဒါမှမဟုတ် သင့်ပတ်ဝန်းကျင်မှာ မွတ်ဆလင်ဟု ယူဆရသူ တစ်ဦးက သံဃာတော် တစ်ဦးကို စက်ဘီးဖြင့် ၀င်တိုက် ခဲ့ပါသလား။

ဘာမှ အရေးယူ ဆောင်ရွက်မှု မပြုလုပ်မီ ဒီဆောင်းပါးကို အရင်ဖတ် ကြည့်ပါ။ ဆက်တိုက် ဖြစ်ပွားနေသည့် ဘာသာရေး လူမျိုးရေး ပဋိပက္ခများက မြန်မာ့နိုင်ငံရေး ပြုပြင်ပြောင်းလဲမှု များကို တစ်စစီ ဆုတ်ဖြဲပစ်ဖို့ ကြိုးစား နေသည်။ ဆယ်စုနှစ် ငါးစုခန့် မျက်စိလည် လမ်းမှားနေခဲ့ပြီး လမ်းကြောင်း ပြန်တည့်ဖို့ ကြိုးစား နေသည့် လူ့အဖွဲ့ အစည်းကို နောက်ပြန်လှည့်ဖို့ အားထုတ်သည့် ပြဿနာ ဖြစ်သည်။
ဘာကြောင့် ဘာသာရေး လူမျိုးရေး ပဋိပက္ခများကို ပြည်ထောင်စု သားတိုင်းက အပြင်းအထန် ဆန့်ကျင်သင့်သည် ယခုပဋိပက္ခများက ပြည်ထောင်စု အနာဂတ်ကို ဘယ်လို ခြိမ်းခြောက်နေသည် ဆိုသည့် အကြောင်းရင်း ခုနစ်ချက်ကို ဖော်ပြပါမည်။

၁။ ပြည်ထောင်စု ဟူသည် လူနည်းစုများ၏ နေအိမ်လူနည်းစု မွတ်ဆလင်များကို တိုက်ခိုက် ခြင်းသည် ပြည်ထောင်စု တွင်းရှိ အခြားသော လူနည်းစု များကြားမှာလည်း မလုံခြုံစိတ်ကို ပျံ့နှံ့ စေသည်။ လူနည်းစု များဖြစ်သည့် ခရစ်ယာန်၊ ဟိန္ဒူဘာသာ ၀င်များ အပါအ၀င် တိုင်းရင်းသား အားလုံး၏ စိတ်တွင် တစ်နေ့လူအများစုနှင့် ပြဿနာဖြစ်လျှင် အကာအကွယ်မဲ့ အနိုင်ကျင့်ခံရမည်ဆိုသည့် မလုံခြုံသည့်စိတ်က ပြည်ထောင်စု စိတ်ဓာတ်ကို အပြင်းအထန်ထိခိုက်စေပါသည်။ ပြည်ထောင်စုမပြိုကွဲရေးကို ရာသက်ပန်ကြွေးကြော်နေခဲ့သည့် တပ်မတော်နှင့် ဗိုလ်ချုပ်ကြီး ဟောင်းများနှင့် ဖွဲ့ စည်းထားသော အစိုးရအဖွဲ့တွင် တာဝန်ရှိပါသည်။ တိတ်ဆိတ်နေသော အတိုက်အခံသည်လည်း လူနည်းစုများ၏ အခွင့် အရေးအတွက်တာဝန်ရှိပါသည်။

၂။ အဝေးရောက် မိသားစု ၀င်များ အင်ဒိုနီးရှား၊ မလေးရှားနိုင်ငံများ အပါအ၀င် မွတ်ဆလင်နိုင်ငံ အသီးသီးနှင့် ကမ္ဘာတစ်လွှားမှာ အလုပ်လုပ်ကိုင်၊ အခြေချ နေထိုင်နေကြသည့် မြန်မာတို့အတွက် လုံခြုံရေးအရ စိုးရိမ်စရာ အကောင်းဆုံး အခြေအနေ ရင်ဆိုင်နေရသည်။ ပြည်တွင်းမှ အစွန်းရောက် သူ၊ မသမာသူ အချို့ကြောင့် ပြည်တွင်း ပြည်ပမိသားစုဝင် အများအပြား စိုးရိမ်ပူပန် နေကြရသည်။ ပြည်ပမှာ အလုပ်လုပ်ကိုင် နေကြသည့် မြန်မာ ရွှေ့ပြောင်း အလုပ်သမားများ၏ ပြည်တွင်းသို့ ငွေပြန်လွှဲမှုသည် ဒေါ်လာ ဆယ်ဘီလီယံ အနည်းဆုံး ရှိနိုင်သည်ဟု The Economist မဂ္ဂဇင်းကြီး၏ ဆောင်းပါး တစ်စောင်က ဆိုသည်။ ဤငွေပမာဏသည် မြန်မာနိုင်ငံက နှစ်စဉ်ရောင်းချ နေသည့် သဘာဝဓာတ်ငွေ့မှ ရရှိသည့်ငွေထက် အမြောက် အမြားပိုပါသည်။ ပြည်သူ အများစုကို ထမင်းကျွေး နေသည့် ကဏ္ဍဖြစ်သည်။

၃။ ဖွံ့ဖြိုးတိုးတက်မှု ဆိုင်ရာ လုပ်ငန်းများ နှစ်ငါးဆယ်ကျော် ခေတ်နောက်ကျ ကျန်နေခဲ့ပြီး နိုင်ငံတကာ အကူအညီနှင့် ပြန်လည်ဖွံ့ဖြိုးအောင် ကြိုးစားနေသည့် နိုင်ငံတစ်နိုင်ငံအတွက် အကြီးမားဆုံးပြဿနာဖြစ်သည်။ အကြမ်းဖက်မှုရှိနေသည့် မည်သည့်လူ့အဖွဲ့အစည်းကိုမျှ ဖွံ့ဖြိုး တိုးတက်အောင်လုပ်၍မရပါ။ နိုင်ငံတကာမှ အကူအညီအထောက်အပံ့များ ရနေသည့်တိုင် ဆင်းရဲမွဲတေမှုကို ခ၀ါမချနိုင်သည့် နိုင်ငံအများ အပြား ရှိသည်။ အိမ်နီးချင်းဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ တစ်နှစ်လျှင်နိုင်ငံတကာမှ အကူအညီပျမ်းမျှ ၁ ဒသမ ၂ ဘီလီယံဒေါ်လာရရှိနေသည်။ သို့သော် ဘင်္ဂလားဒေ့ရှ်နိုင်ငံလမ်းများပေါ်တွင် ယာဉ်တိုက်ခိုက်မှုကြောင့် နှစ်စဉ်ဆုံးရှုံးနေသည့် စရိတ်က ၁ ဒသမ ၂ ဘီလီယံဒေါ်လာရှိနေသည်။ မထင်မှတ်သည့် ပြဿနာတစ်ခုတည်းကြောင့် နိုင်ငံတကာကအကူအညီအားလုံးကို ဆုံးရှုံးနေသည့် အခြေအနေဖြစ်သည်။ မြန်မာနိုင်ငံတွင်တော့ ဘာသာရေး၊ လူမှုရေးပဋိပက္ခများကို မထိန်းချုပ်နိုင်လျှင် ဖွံ့ဖြိုးတိုးတက်မှုလုပ်ငန်းများ လုပ်ကိုင်ဖို့မဖြစ်နိုင်ပါ။

၎။ ဗုဒ္ဓဘာသာ၏ ပုံရိပ်ရွှေဝါရောင်တော်လှန်ရေးနောက်ပိုင်း နိုင်ငံတကာအသိုင်းအ၀ိုင်းက မြန်မာဗုဒ္ဓဘာသာနှင့် သံဃာတော်များအပေါ် ထားရှိသည့် လေးစားယုံကြည်မှုအပေါ် ယခုပဋိပက္ခများက ထိခိုက်မှုရှိပါသည်။ နိုင်ငံတကာက၀ိုင်းဝေဖန်၍ အကဲဆတ် ပြန်လည်ရန်တွေ့မည့် အစား မိမိလူ့အဖွဲ့အစည်းအတွင်းမှာ အနိုင်ကျင့်အကြမ်းဖက်မှုများ မရှိစေဖို့ ကြိုတင်တားမြစ်နိုင်မှသာ ဂုဏ်သိက္ခာကို ပြန်ဆယ်နိုင်လိမ့်မည်။ “လူအချင်းချင်းလှည့်ပတ်ခြင်း ကင်းရှင်းကြပါစေ။ အထင်သေးခြင်းအချင်းချင်း ကင်းရှင်းကြပါစေ။ ဆင်းရဲလိုခြင်းအချင်းချင်း ကင်းရှင်းကြပါစေ။ တို့မေတ္တာစွမ်း ကမ္ဘာလွှမ်းငြိမ်းချမ်းကြပါစေ”

၅။ ပတ်ဝန်းကျင်နှင့် သင့်တင့်လျောက်ပတ်စွာနေထိုင်ခြင်း မြန်မာနိုင်ငံတည်ရှိသည့် အရှေ့တောင်အာရှတိုက်ငယ်၏ လူဦးရေထက်ဝက်ကျော် သည် အစ္စလာမ်ဘာသာဝင်များဖြစ်ပါသည်။ ဘာသာရေးအခြေခံသည့် မီးကိုမွှေးလျှင် ကိုယ့်နိုင်ငံသာမကဘဲ ဒေသတွင်းမှာမည်မျှကူးစက်လောင် ကျွမ်းမည်ကို ဆင်ခြင်တွေးတော၍ ရနိုင်လိမ့်မည်။ အာဆီယံဥက္ကဋ္ဌလုပ်မည်ဆိုလျှင် ဥက္ကဋ္ဌနေရာနှင့် ထိုက်တန်သည့်ကျင့်ကြံမှုကို ပြသဖို့လိုသည်။ အာဆီယံအလှည့်ကျ ဥက္ကဋ္ဌအခွင့်အရေးမှ မြန်မာနိုင်ငံအနေဖြင့် ရစရာအများအပြားရှိသည်။ မိုက်မဲသည့် လုပ်ရပ်များဖြင့် ထိုအခွင့်အရေးကို မဆုံးရှုံးသင့်ပါ။

၆။ တရားဥပဒေစိုးမိုးရေးမည်သည့် အကြောင်းပြချက်နှင့်မဆို တရားဥပဒေကို ချိုးဖောက်ဖို့ ကြိုးစားအားထုတ်မှုသည် ဗိုင်းရပ်စ်ပိုးကဲ့သို့ ပျံ့နှံ့မှုလွယ်ကူသည်။ ဘာသာရေး၊ လူမျိုးရေးပဋိပက္ခတွေသည် လူ့အဖွဲ့အစည်းအတွင်းတွင် အခြားသောတရားဥပဒေချိုးဖောက်မှုအမျိုးမျိုး ကို ရက်ရောစွာ ဖိတ်ခေါ်နေသည်။
ပြည်သူအချင်းချင်း နှိပ်စက်ဖိနှိပ်မှုသည် အစိုးရ၊ လက်နက်ကိုင်တပ်ဖွဲ့များ၊ မဟာသူဌေးကြီးများနှင့် နိုင်ငံ ဖြတ်ကျော်အဖွဲ့အစည်းများကိုလည်း ပြည်သူများအပေါ် မတရားဖိနှိပ်မှုပြုလုပ်ဖို့ အားပေးတိုက်တွန်းသယောင်ဖြစ်သည်။ဥပဒေအထက်မှာ မည်သူမှ မရှိရပါ။

၇။ တပ်မတော်ကြီးလည်း ချီလာပါပြီ၊ အထက်ပါ အချက်ခြောက်ချက်ကို ဖတ်ပြီးသည့်တိုင် နားမ၀င်သေးသူများအတွက် နောက်ဆုံးအချက် နံပါတ်ခုနစ်ဖြင့် သတိပေးဖို့ ကြိုးစားပါမည်။ အကြမ်းဖက်မှုနှင့် မငြိမ်သက်မှုသည် စစ်တပ်အုပ်ချုပ်ရေးကို တိုက်ရိုက်ဖိတ်ခေါ်ခြင်းဖြစ်ပါသည်။ နှစ်ငါးဆယ်သည် လုံလောက်သော ခြောက်အိပ်မက်ရှည်တစ်ခုဖြစ်ပြီး ထိုအိပ်မက်ကို ပြန်မက်ချင်သူ အများအပြားရှိမည်ဟုမထင်ပါ။

တပ်မတော်သားများအပါအ၀င် ဖြစ်ပါသည်။ အရပ်ဘက်ကိစ္စများတွင် တပ်မတော်မပါဝင် ဘဲ ဖြေရှင်းနိုင် သည့် အစွမ်းအစ ကျွန်တော်တို့မှာရှိကြောင်း သက်သေပြဖို့လိုပါသည်။ မြန်မာနိုင်ငံသည် ယဉ်ကျေးသော လူ့အဖွဲ့အစည်းတစ်ခုဖြစ်ကြောင်း သက်သေပြဖို့ ကျွန်တော်တို့ အားလုံးမှာတာဝန်ရှိသည်။

From:Ye Moe

www.mmdailystar.com

Viewing all articles
Browse latest Browse all 4837

Trending Articles



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>