Quantcast
Channel: Myanmar Daily Star
Viewing all articles
Browse latest Browse all 4837

အစိုးရ ၏ပြုပြင်ပြောင်း လဲမှုများ(သရော်စာ)

$
0
0

ယခုတလော Social Media များ၌ အတော်များများရေပန်းစားလျက်ရှိသော အကြောင်း အရာတစ်ခုတွေ့ရှိရသည်။ ၎င်းမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်း စုကြည်က သမ္မတ ဦးသိန်းစိန် ဦးဆောင်သော အစိုးရအဖွဲ့၏ ပြုပြင်ပြောင်းလဲရေး လုပ်ငန်း စဉ်များ အကောင် အထည်ဖော်ဆောင် ရွက်ရာတွင် ရေရေရာရာမရှိကြောင်း၊ ထူးခြားစွာပြောင်းလဲမှုမရှိကြောင်း၊ ထိထိမိမိ သိသိသာ သာမရှိကြောင်း၊ ပြုပြင် ပြောင်းလဲမှုများကို သက်သေပြရန်လိုကြောင်းများကို
 ဝေဖန် ထောက်ပြထားခြင်းဖြစ်သည်။

လက်ရှိအစိုးရအနေဖြင့် ထူးခြားသိသာစွာပြောင်းလဲလျက်ရှိသော အပြောင်းအလဲများကို ဒေါ်အောင်ဆန်း စုကြည်အနေဖြင့် သိရှိခြင်းမရှိဟုထင်မိပါသည်။ လေ့လာသုံးသပ်ချက်များအရ အောက်ပါအပြောင်းအလဲများကို
ဖော်ဆောင်ခဲ့ပြီးဖြစ်ကြောင်းတွေ့ရမည်ဖြစ်သည် -

(က)    နှစ်(၅၀)အတွင်း နိုင်ငံခြားသို့ အခေါက်ပေါင်းများစွာသွားလာသော အစိုးရအဖွဲ့ ခေါင်းဆောင် များ ဖြစ်ခြင်း၊

(ခ)     နိုင်ငံခြားဧည့်သည်များစွာလာရောက်ပြီး ဧည့်သည်များကို တွေ့ဆုံမှုများစွာပြုလုပ်ခဲ့သော အစိုးရအဖွဲ့ ခေါင်းဆောင်များ ဖြစ်ခြင်း၊

(ဂ)     TV , Radio များမှ အကြိမ်ပေါင်းမြောက်များစွာ မိန့်ခွန်းများပြောကြားခြင်း၊

(ဃ)    တိုင်းပြည်တိုးတက်အောင်ဆောင်ရွက်ခြင်း ခေါင်းစဉ်အောက်မှ မိမိအတွက် ဘွဲ့တံဆိပ်၊ ဆုတံဆိပ်များရရှိအောင် ကြိုးစားပမ်းစားဆောင်ရွက်လျက်ရှိသော အစိုးရအဖွဲ့ ခေါင်းဆောင် များ ဖြစ်ခြင်း၊

(င)     လက်တွေ့ အတွေ့အကြုံမရှိသော အကြံပေးပေါင်းမြောက်များစွာထားရှိပြီး ၎င်းအကြံပေးများမှ ပေးသော သီအိုရီ၊ အကြံပေးချက်များကို လက်ခံဆောင်ရွက်ရာတွင် ထူးခြားမှုရှိသော အစိုးရအဖွဲ့ ခေါင်းဆောင်များ ဖြစ်ခြင်း၊

(စ)     ဆုံးဖြတ်ချက် တည်မြဲစွာချမှတ်နိုင်ခြင်းမရှိဘဲ ပထမအတွေးအခေါ်၊ ဒုတိယအတွေးအခေါ် များဖြင့်
ပတ်လည်ရိုက်လျက်ရှိသော အစိုးရအဖွဲ့ ခေါင်းဆောင်များ ဖြစ်ခြင်း၊

(ဆ)    အခြားသော ဒီမိုကရေစီနိုင်ငံများနှင့်မတူညီသည့် အထူးခြားဆုံးအချက်မှာ မိမိ၏ လက်ငုတ်
လက်ရင်းကို ဖယ်ခွာပြီး အစိုးရအဖွဲ့ ၀န်ကြီးများကို အလွမ်းသင့်အောင်ပေါင်းကာ ပြုပြင်ပြောင်း
လဲမှုများကို လုပ်ဆောင်နေခြင်းတို့ဖြစ်ကြောင်း ရေးသားလိုက်ရပေသည်။

  
From:Myanmar Open Letters

www.mmdailystar.com

Viewing all articles
Browse latest Browse all 4837

Trending Articles


မြန်အောင်မြို့နယ် အင်ပင်- ကနောင်လမ်း ရေတိုက်စား ပျက်စီး


ခင်ဝင့်ဝါ၏ ဖော်ချွတ်ပြထားသော အလှတရားများ


သင်္ကြန်မှာ မုန့်လုံးရေပေါ် စတုဒီသာ ဒါနပြုမယ်


TTA Oreo Gapp Installer


၂၀၀၁ ခုနှစ် ထိုင်း - မြန်မာ နယ်စပ် တိုက်ပွဲများ


၂၀၁၄ တက္ကသိုလ်ဝင်တန်းစာမေးပွဲ အတွေ့အကြုံမှသည် အနာဂတ် နယ်စပ်ပညာရေး...


ဇွဲမလျော့သော မွန်မင်း သမိန်ထောရာမ


၂၀၁၅ ရွေးကောက်ပွဲ ကိုယ်စားလှယ်နေရာ ထွန်းအိန္ဒြာဗိုလ်ကို ကမ်းလှမ်းကြောင်း NLD...


တက္ကသိုလ်ဝင် စာမေးပွဲအောင်ချက် မွန်ပြည်နယ် ခြောက်နှစ်ဆက်တိုက် ပထမရ


အင်တာနက် မင်းသမီး မဖြစ်စေဖို့ (မိန်းကလေးများ ဖတ်ပေးပါရန်)


အစ်ကိုအရင်းက ညီမကို မူးလာတိုင်း ဓါးထောက်မုဒိန်းကျင့် ဗိုက်ထွက်လာမှသိရ


တားမြစ်ထားတဲ့ သီချင်းလေးတွေ...


ဆရာလွတ် အင်္ဂလိပ်စာရေးနည်း နှင့် Essay, Letter စာအုပ်


စိုးလွင် (၂၁၁) (၀မ်ခ) ● သူပုန်တို့ရဲ့ဌာနချုပ် မာနယ်ပလောကို ကာကွယ်စို့


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မကွေးတိုင်းအတွင်း တက္ကသိုလ်ဝင်စာမေးပွဲဖြေခွင့်တင်သူ ယခုနှစ်တွင် (၆,၀၀၀)ကျော်...


တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် နှင့် ဇ နီး...


အရှက်ကြီးသော မိဖုရားနှင့် ကျီစားသန်သော ဘုရင်


တာနောယက္ခ


မနောမယအိမ်ခြံမြေရောင်းနည်း



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>