Quantcast
Channel: Myanmar Daily Star
Viewing all articles
Browse latest Browse all 4837

ဆင်ဆာမလွတ် ဇာတ်ဝင်ခန်း များတွင် ပထမဆုံး သရုပ်ဆောင်ခဲ့သူ ဘောလီးဝုဒ် မင်းသမီး

$
0
0

ဘောလီးဝုဒ် မင်းသမီး မာလီကာရှာ ရာဝပ်သည် အိန္ဒိယ ရုပ်ရှင် လောက၌ ရေကူး ဝတ်စုံ ဝတ်၍ သရုပ် ဆောင်သူနှင့် အကြင်နာ ပေးသည့် ခန်းများ ရိုက်ကူးသူ ပထမဆုံး မင်းသမီး ဖြစ်ကြောင်း သူမက ဖွင့်ဟပြော ကြားခဲ့သည်။ ”အိန္ဒိယ ရုပ်ရှင် မင်းသမီးတွေထဲမှာ ရေကူး ဝတ်စုံဝတ်တာနဲ့ အကြင်နာပေးတဲ့ အခန်းတွေ ပထမ ဆုံးရိုက်တာ ကျွန်မပါ။ အဲဒီလို ရိုက်ပြီး တာနဲ့ ကျွန်မလည်း နာမည် ကြီးလာတာပဲ”ဟု ကိန်း ရုပ်ရှင် ပွဲတော်၌ Variety မဂ္ဂဇင်းနှင့် အင်တာဗျူးတွင် ဖြေကြား ခဲ့သည်။

ရှာရာဝပ်သည် မကြာခင် ဖြန့်ချိမည့် သူမ ပါဝင် သရုပ်ဆောင် ထားသော ”Dirty Politics” ရုပ်ရှင် ဇာတ်ကား အရောင်း မြှင့်တင်ရန် အတွက် ကိန်းရုပ်ရှင် ပွဲတော်သို့ တက်ရောက် ခဲ့ခြင်း ဖြစ်သည်။ ၄င်းဇာတ်ကားနှင့် ပတ်သက်ပြီး သူမက ”အိန္ဒိယနိုင်ငံက အမျိုးသားတွေ နဲ့ယှဉ်ရင် အမျိုးသမီး တွေကို နှိမ်ကြပြီး အောက်ခြေ အဆင့်မှာ သာထားတဲ့ ကြောင်သူတော် လူ့ အဖွဲ့အစည်းပါ။

 ဒီဇာတ်ကားက နိုင်ငံရေး သမား တစ် ယောက်ရဲ့ ဗလက္ကာယ စော်ကားမှုကို ရဲရဲဝံ့ဝံ့ ဖော် ထုတ်တဲ့ အမျိုးသမီး အကြောင်းကို ရိုက်ကူးထား တာပါ” ဟု ပြောကြားသည်။ သူမသည် လတ်တလော၌ အိန္ဒိယနှင့် အမေရိကန် နိုင်ငံတွင် တစ်လှည့်စီ နေထိုင်လျက်ရှိပြီး ဘောလီးဝုဒ် နှင့် ဟောလီးဝုဒ်ကြား သမ မျှတအောင် ရိုက်ကူးရေး ပြုလုပ်လျက် ရှိကြောင်း သိရသည်။ 

From:ရိုးရာလေး

www.mmdailystar.com

Viewing all articles
Browse latest Browse all 4837

Trending Articles



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>