Quantcast
Channel: Myanmar Daily Star
Viewing all articles
Browse latest Browse all 4837

တစ်မိနစ်လျှင် ၅၀ ကျပ်ပေးဆောင်ရသည့် မိုဘိုင်းဖုန်းအသုံးပြုခကို လျှော့ချပေးမည်

$
0
0

လက်ရှိ ကောက်ခံနေသည့် မိုဘိုင်းဖုန်း အသုံးပြုခ တစ်မိနစ် ၅၀ ဆိုသည်မှာ များပြားမှု ရှိနေကြောင်း၊ ထို့ကြောင့် ဆက်သွယ်ရေးကဏ္ဍ၌ အော်ပရေတာများ ယှဉ်ပြိုင် လုပ်ကိုင်ဆောင်ရွက်လာသည့် အခါတွင် မိုဘိုင်းဖုန်း အသုံးပြုခ နှုန်းထားများကို လျှော့ချပေးရန် ညွှန်ကြားသွားမည်ဖြစ်ကြောင်း ဆက်သွယ်ရေးနှင့် သတင်းအချက်အလက် နည်းပညာ ၀န်ကြီးဌာနမှ ဒုတိယ၀န်ကြီး ဦးသောင်းတင်က ပြောသည်။ “Air Time တစ်မိနစ် ၅၀ ကျပ်ဆိုတာ များနေတယ်။ ဒါကို လျှော့ပေးရမယ်။ အဆောက်အဦး ဆောက်သ လိုပဲ နေ့ချင်း ညချင်းတော့ ဖြစ်မလာဘူးပေါ့။ တစ်မိနစ် ၅၀ ကျပ်ဆိုတာ လျော့သွား မယ။် အော်ပရေတာတွေက သူတို့ကိုယ်တိုင်လည်း ပြိုင်ဆိုင်သွားမှာပဲ။ 

အစိုးရက စနစ်ကိုပဲ ကိုင်ထားမှာ။ မြန်အောင်လုပ်ပေးတဲ့ အော်ပရေတာ၊ ဈေးသက်သာအောင် လုပ်ပေးတဲ့ အော်ပရေတာကို ခေါ်သွားမှာလေ။ ဈေးကြီးကြီးတောင်းနေရင် မတောင်းရဘူး လို့ ပြောပေး မယ် ဗျာ။ မြန်မြန်မရဘူးဆိုရင် မြန်မြန်ရဖို့ ပြောပေးသွားမယ်ဗျာ”ဟု ဒုတိယ၀န်ကြီးက မီဒီယာများ သို့ ပြောသည်။ အော်ပရေတာများ၏ ပြိုင်ဆိုင်မှုဖြင့် လာမည့် ၂၀၁၅ ခုနှစ်၌ ဆက်သွယ်ရေး ကဏ္ဍများသည် များစွာ ပြောင်းလဲသွားမည်ဟုလည်း ၄င်းက ဆိုခဲ့သည်။ 

ပြိုင်ဆိုင်မည်ဟူသော အော်ပရေတာ လေးခုအနက် မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းကို အသွင်ပြောင်းလဲ ဖွဲ့စည်းထားသည့် အော်ပရေတာတစ်ခုလည်း ပါဝင်မည်ဖြစ်ကြောင်း၊ မိုဘိုင်းဖုန်း၊ အင်တာနက်နှင့် အခြားသော ဆက်သွယ်ရေး ကဏ္ဍများကို ၄င်းတို့ ခန့်အပ်ထားသည့် အော်ပရေတာ လေးခုကသာ ဆက်လက် လုပ်ကိုင်သွားမည်ဖြစ်ကြောင်း ၂၀၁၃ ခုနှစ် ဇွန်လ ၆ ရက်နေ့ထုတ် Internet ဂျာနယ် တွင် ဖော်ပြထားပါသည်။ 
From:ခေတ်လူငယ်

www.mmdailystar.com

Viewing all articles
Browse latest Browse all 4837

Trending Articles


မနောမယအိမ်ခြံမြေရောင်းနည်း


ရဟန်းခံပြုလိုသော ပဏ္ဍက (ပဏ္ဍုက်)များသို့


MPT ဆင်းကတ်ရောင်းချသော ဖုန်းဆိုင်မှ လျှောက်ထားသူများ၏ မှတ်ပုံတင်မိတ္တူများ...


မြန်မာ ငါးဖမ်း စက်လှေကို ဘင်္ဂလားဒေ့ရှ် ရေတပ်မှ ဖမ်းဆီး ခေါ်ဆောင် သဖြင့် မြန်မာ့...


မအေးသောင်းတို့ညီအမ


♪ Prisma ပုံစံအတိုင်း ဗီဒီယိုရိုက်နိုင်တဲ့ အမိုက်စား app တစ်ခု ထွက်ပေါ်လာ ♫


ဗြိတိန်မှာ သံရုံးကြီးဆောက်မယ့်တရုတ်နဲ့ လုံခြုံရေးစိုးရိမ်ချက်တွေ


Burmese to English Dictionary (Unicode)


စနေမင်း နှင့် တနင်္ဂနွေမင်း


ဇာဇာထက် ဘာကြောင့် ၀တ်လစ်စားလစ်ဓာတ်ပုံမော်ဒယ် ဖြစ်လာသလဲ


ရှမ်းကိုးပြည် တွင်ပါဝင်သော မိုးညှင်းပြည် နှင့် မိုးမိတ်ပြည် ကို ဘုရင့်နောင်...


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


TTA Oreo Gapp Installer


ကျွန်တော်သိသမျှ... သုတစာပေနှင့် ရသစာပေ၏အကြောင်း....


လုလုအောင် HD အသစ်


စပါး ⁠ဖောင်စီးဂဏန်း ကျ⁠ရောက်ပုံ ⁠နှင့် ကာကွယ်⁠နှိမ်နင်းနည်းများ


သီရိဓမ္မာသောကမင်း တည်ထားခဲ့သော စေတီပေါင်း ၈၄၀၀၀မှ တစ်ဆူဖြစ်သော အလိုတော်ပေါက်ဘုရား


တာချီလိတ်တွင် MPT ဖုန်းကတ်များ 4G ရပြီ ဖြစ်၍ 4G အဖြစ် SIM Card လဲလှယ်ရန်...


ခင်ဝင့်ဝါ၏ ဖော်ချွတ်ပြထားသော အလှတရားများ


မာန် (တောင်လုံးပြန်) - ဆရာမင်းသစ်အင်တာဗျူး - ၈



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>