Quantcast
Channel: Myanmar Daily Star
Viewing all articles
Browse latest Browse all 4837

ဆွမ်းခံကြွလာသော သံဃာကို အန္တရာယ်ကောင်ဟု ပြောသူကို အရေးယူ

$
0
0

ပဋိပက္ခ ဖြစ်ပွား ခဲ့ဖူးသော ဥက္ကံမြို့ ဗိုလ်ချုပ် အောင်ဆန်းရပ်ကွက် ပုလဲရတနာ လမ်းတွင် မေလ ၃၁ ရက် နံနက် ၁၀ နာရီက ဆွမ်းခံကြွလာသော သံဃာ တစ်ပါးနှင့် ကိုရင်နှစ်ပါး တို့ကို အမျိုးသမီး တစ်ဦးက “အန္တရာယ်ကောင်တွေ လာနေတယ်၊ ခပ်ဝေးဝေး ရှောင်ကြ” ဟု ပြောသဖြင့် ယင်းအမျိုးသမီးကို တိုက်ကြီးမြို့နယ် တရားရုံးတွင် တရားစွဲဆို ထားကြောင်း ရန်ကုန်တိုင်း ဒေသကြီး ရဲတပ်ဖွဲ့မှူး ရုံးထံမှ စုံစမ်း သိရှိရသည်။

ဥက္ကံ ပဋိပက္ခတွင် မီးလောင်ခဲ့သည့် ပနီပင်ရွာ တွင် နေထိုင်သူ ဒေါ်စန်းစန်းထွေးက ဇေယျာသုခ ဓမ္မာရုံကျောင်းမှ ဦးပဉ္ဇင်း ဦးစန္ဒောဘာသ နှင့် ကိုရင်နှစ်ပါး ပုလဲရတနာလမ်း အတိုင်း ဆွမ်းခံကြွ လာစဉ် ယင်းကဲ့သို့ ပြောဆို ခြင်းကြောင့် ဆွမ်းလောင်း လှူနေသူ ဦးထွန်းကြိုင်က အရေးယူ ပေးရန် မြို့နယ် ရဲတပ်ဖွဲ့ စခန်းသို့ တိုင်ကြား သဖြင့် ရဲအရေး မပိုင်မှု အမှတ်စဉ် ၁၅။၁၃ ဖြင့် တိုက်ကြီးမြို့နယ် တရားရုံးသို့ ဦးတိုက် လျှောက်ထားရာ အဆိုပါ တိုက်ကြီးမြို့နယ် တရားရုံးက ရာကြီးအမှတ် ၆၂၃ ။၁၃ ဖြင့် လက်ခံ စစ်ဆေးကာ ကျင့် ၂၀၂ အရ ဆောင်ရွက်မည် ဖြစ်ကြောင်း ရန်ကုန်တိုင်း ဒေသကြီး ရဲတပ်ဖွဲ့မှူး ရုံးထံမှ စုံစမ်း သိရှိရသည်။

အဆိုပါ ဖြစ်စဉ်နှင့် ပတ်သက်၍ ဥပဒေ အရ ဆောင်ရွက် လျက်ရှိပြီး ဥက္ကံမြို့တွင် တည်ငြိမ်လျက် ရှိကြောင်း ဥက္ကံမြို့ ရဲစခန်းမှ ရဲအရာရှိ တစ်ဦးက ပြောကြားသည်။
“ခုကိစ္စနဲ့ ပတ်သက်လို့ ဥက္ကံမှာ ရုတ်ရုတ်သဲသဲ ဖြစ်နိုင်ခြေ မရှိပါဘူး။ လူတွေ ကလည်း ကြုံတွေ့ဖူးတဲ့ အခြေအနေအရ ဥပဒေအရပဲ ဖြေရှင်းတဲ့ သဘောပါ။ အားလုံး တည်ငြိမ်ပါတယ်” ဟု တိုက်ကြီး မြို့နယ် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးလွင်စိုးမင်းက သုံးသပ် ပြောကြားသည်။

ဧပြီလ ၃၀ ရက် နေ့တွင် အသက် ၁၁နှစ် အရွယ် ကိုရင်လေးနှင့် အမျိုးသမီး တစ်ဦး တိုက်မိပြီး ဆွမ်းသပိတ် ကျကာ အဖုံးကွဲရာမှ စတင် ဖြစ်ပွားသည့် ပဋိပက္ခအတွင်း မီးလောင်မှုကြောင့် လူတစ်ဦး သေဆုံးပြီး သုံးဦးဒဏ်ရာရရှိကာ နေအိမ် ၈၁ လုံး၊ ဗလီတစ်လုံး ၊ စာသင်ကျောင်း တစ်ကျောင်းနှင့် ဥက္ကံမြို့ပေါ် ရပ်ကွက်များရှိ ဆိုင်ခန်း ၅၀ ခန့် ပျက်စီး ဆုံးရှုံးခဲ့ကြောင်း ရန်ကုန်တိုင်း ဒေသကြီး ရဲတပ်ဖွဲ့မှူး ရုံးထံမှ သိရသည်။

From:ရိုးရာလေး

www.mmdailystar.com

Viewing all articles
Browse latest Browse all 4837

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>