အဆိုပါ ဖြစ်စဉ်များအရ မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့ရှိ မလေးရှားနိုင်ငံဆိုင်ရာ မြန်မာနိုင်ငံ သံရုံးအနေဖြင့် မိမိနိုင်ငံသားများကို ကာကွယ်စောင့်ရှောက်ရန် တာဝန်ရှိသည်နှင့်အညီ အိမ်ရှင်နိုင်ငံ၏ နိုင်ငံခြားရေး ဝန်ကြီးဌာနနှင့် ရဲချုပ်ရုံးများသို့ သံတမန်နည်းလမ်းအရ အကြောင်းကြား၍ ကာကွယ်စောင့်ရှောက်ပေးရန် ဆောင်ရွက်ထားပြီး ဖြစ်ကြောင်း၊ ထူးခြားမှုရှိပါကလည်း မလေးရှားနိုင်ငံဆိုင်ရာ မြန်မာနိုင်ငံ သံရုံးသို့ ဆက်သွယ်ရန် သတိပေးထားကြောင်း ၂၀၁၃ ခုနှစ် ဇွန်လ ၃ ရက်နေ့ထုတ် မြန်မာ့အလင်း သတင်းစာတွင် ဖော်ပြထားပါသည်။
www.mmdailystar.com