Quantcast
Channel: Myanmar Daily Star
Viewing all articles
Browse latest Browse all 4837

လားရှိုး-သိန်းနီလမ်းတွင် သေနတ်နှင့်လောင်ချာ ၃၂ လက်ပါ ကားတစ်စီးဖမ်းမိ

$
0
0

ရန်ကုန်-လားရှိုးမြို့နယ် အေးရှားဝေါလ် ဂိတ်အနီးတွင် ကားတစ်စီးအား ရှာဖွေရာ   သေနတ်နှင့် လောင် ချာမျိုးစုံ ၃၂ လက် နှင့် ကျည်ဆန်မျိုးစုံ ၂၆၀၀ ကျော် ဖမ်းဆီးရမိကြောင်း သတင်း ရရှိသည်။ ရန်ကုန်မြို့ တွင် စတီးရောင် ပစ္စတို အသေးတစ်လက်နှင့် ကျည်တောင့် မျိုးစုံ တစ်ရာကျော်ကို ကြွပ်ကြွပ်အိတ်ဖြင့် ထည့်ကာ အမှိုက်ပုံး အတွင်း လာရောက် စွန့်ပစ်ထား သည်ကို သန့်ရှင်းရေး ၀န်ထမ်း တစ်ဦးက မေ ၂၀ ရက်က တွေ့အပြီး တစ်ပတ် အကြာတွင် ထပ်မံဖမ်းဆီး ရမိခြင်း ဖြစ်သည်။

ယခုဖြစ်စဉ်မှာ လားရှိုးမြို့နယ်မှ သိန်းနီမြို့နယ်သို့ မောင်းလာသော မတ်တူး အမျိုးအစား အဖြူရောင်ကား အား မေ ၂၇ ရက်နံနက်၂နာရီ ကျော်အချိန်တွင် အေးရှားဝေါတိုး ဂိတ်မှ တာဝန်ရှိ သူများက ရပ်တန့်ခိုင်းရာ ရပ်မပေးဘဲ မောင်းပြေး ကြသည်။ ထို့နောက် လိုက်လံဖမ်းဆီးစဉ် ကားကို ပစ်ထားခဲ့ကြရာ ကားအား ရှာဖွေစဉ် သေနတ်နှင့် လောင်ချာမျိုးစုံ ၂၂ လက်နှင့်အတူ ကျည်ဆန်မျိုးစုံ ၂၆၀၀ ကျော်ကို တွေ့ ရှိရခြင်း ဖြစ် သည်။ ထို့အပြင် ကားအနီးရှိ ချုံပုတ်ထဲမှ လည်း အမ် ၂၂ သေနတ် ၁၀ လက်ထပ်မံ ဖမ်းဆီးရ မိကြောင်း သတင်းရရှိသည်။

ဖြစ်ပွားပုံမှာ လားရှိုးမြို့နယ် ဟိုပိတ်ကျေးရွာအနီးရှိ အေးရှားဝေါတိုး ဂိတ်ကို ဖြတ်မောင်း သွားသော အဆိုပါကားအား မသင်္ကာ၍ စစ်ဆေးရန် ရပ်တန့်ခိုင်းရာ    မောင်းပြေးသောကြောင့်   နောက်မှလိုက် သူက လိုက်ပြီး ရှေ့မှ ပိတ်သူကပိတ်ရာတွင် သိန်းနီမြို့နယ်၊ မိုင်းလီအုပ်စု၊ နားဆော့ ကျေးရွာ၊ ဘုန်းကြီးကျောင်းရှေ့   ၌ အဆိုပါကားအားထားကာ ထွက်ပြေးသွားကြကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ တာဝန်ရှိ သူများထံမှသတင်း ရရှိသည်။

“လက်နက်တွေ အဲဒီလောက်များများစားစားတော့ အန်ကယ့်သက်တမ်းမှာ ဖမ်းမိတာမရှိဘူး။ ဟိုဘက်ကပဲ လာတာဖြစ် မှာ တို့တွေတာဝန်ကျတုန်း ကတော့ လက်နက်မှောင်ခိုသမားတွေက အဲဒီဘက်ကနေ သယ်တာမျိုး လုပ် တယ်။ စီအိုင်ဒီအနေနဲ့က ဖမ်းရတာထက် အမျိုးသားထောက်လှမ်း ရေးကို သက်ဆိုင်ရာ ၀န်ကြီးတွေ၊ တိုင်းမှူးတွေ၊ ရဲချုပ်တွေက သတင်းရတာနဲ့ တာဝန်ပေးလေ့ရှိတယ်” ဟု စီအိုင်ဒီမှုခင်းစုံစမ်း စစ်ဆေးရေး ဌာန တွင် ၃၅ နှစ်ကြာ တာဝန်ထမ်းဆောင်ပြီး သက်ပြည့်ပင်စင်ယူထားသူ ရဲမှူးအငြိမ်း စားကပြောသည်။

အဆိုပါယာဉ်အား သိန်းနီမြို့မရဲစခန်းတွင် ရှာဖွေခဲ့ရာ ယာဉ်နောက်အဖုံးအတွင်းမှ အမ်-၂၂ ခေါက်ဒင် ၁၁ လက်၊ အမ်-၇၉ (၄၀) မမဗုံးပစ် လောင်ချာ သုံးလက်၊ အမ်- ၁၆ လေးလက်၊ အမ် -၂၂ သုံးလက်၊ BERETTA ပစ္စတိုတစ်လက်၊ စုစုပေါင်းလက်နက်မျိုးစုံ ၂၂ လက်နှင့် အမ် -၂၂ ကျည်အိမ် ၂၄ ခု၊ အမ်-၁၆ ကျည်အိမ် လေးခု၊ ပစ္စတိုကျည်အိမ် နှစ်ခု၊ LUGER အမျိုးအစား ၉-မမ ကျည်အတောင့် ၅၀ နှင့် ၅ ဒသမ ၅၆ ကျည် ၂၅၅၉ တောင့်တို့အပြင် နားဆော့ကျေးရွာအနောက်ဘက် ချုံပုတ်အတွင်းမှ အမ်-၂၂ သေနတ် ၁၀ လက်အား ထပ်မံတွေ့ရှိခဲ့ကြောင်း သတင်းရရှိသည်။ ထွက်ပြေးတိမ်းရှောင်နေသော တရားခံများ အားဖမ်းဆီးရမိရေးအတွက် ဆက်လက်စုံစမ်းရှာဖွေနေကြောင်း သတင်းရရှိသည်။

From:မြ၀တီ

www.mmdailystar.com

Viewing all articles
Browse latest Browse all 4837

Trending Articles


တာချီလိတ်၌ အမျိုးသားတစ်ဦး မိမိကိုယ်ကိုယ် သေနတ်ဖြင့် ပစ်၍ သေဆုံး ( ရုပ်သံ )


ဒေါ်အောင်ဆန်းစုကြည် မဟုတ်တဲ့ မြန်မာနိုင်ငံရဲ့ ပထမဆုံး အမျိုးသမီး သမ္မတ...


စာအုပ်​​ပေါင်း ၆၀၀ ​ကျော်​ပါတဲ့ Link


၂၀၀၁ ခုနှစ် ထိုင်း - မြန်မာ နယ်စပ် တိုက်ပွဲများ


ဘုရင့်နောင်မှ တောင်ငူကို သိမ်းခြင်း


ခင်ဝင့်ဝါ၏ ဖော်ချွတ်ပြထားသော အလှတရားများ


ဆားပုလင်းနှင်းမောင်၏ နိဂုံး


ချူံမြင်တိုင်းတိုးချင်နေကြတဲ့ ချစ်သူစုံတွဲများ နားထောင်ပေးပါ


ကရဝေး စိုက်ပျိုးနည်း


စပါး ⁠ဖောင်စီးဂဏန်း ကျ⁠ရောက်ပုံ ⁠နှင့် ကာကွယ်⁠နှိမ်နင်းနည်းများ