Quantcast
Channel: Myanmar Daily Star
Viewing all articles
Browse latest Browse all 4837

ဆူပူအကြမ်းဖက် မှုများကြောင့် လားရှိုးတွင် ညမထွက်ရ အမိန့် ထုတ်ပြန်

$
0
0

ရှမ်းပြည်နယ် မြောက်ပိုင်း လားရှိုးမြို့တွင် အမျိုးသမီးတစ်ဦးကို ဓါတ်ဆီလောင်း မီးရှို့မှုဖြစ်ပွားခဲ့ရာမှ စတင်ကာ အကြမ်းဖက်မှုများ စတင်ဖြစ်ပွားလာသောကြောင့် ညမထွက်ရအမိန့် ပြစ်မှုဆိုင်ရာ ကျင့်ထုံးဥ ပဒေပုဒ်မ ၁၄၄ ကို မေလ ၂၈ ရက်နေ့ ည ၈ နာရီအချိန်တွင် ထုတ်ပြန်လိုက်ပြီဖြစ်ကြောင်း အဆိုပါဒေ သခံများက ပြောကြားသည်။ လားရှိုးမြို့တွင် မေလ ၂၈ ရက် ညနေ ၅ နာရီခန့်က ယုံဟော် စားသောက် ဆိုင်ရှေ့တွင် ဗုဒ္ဓဘာသာဝင် အမျိုးသမီးတစ်ဦးကို ကျိုင်းတုံမြို့နယ်မှလာသော အစ္စလာမ် ဘာသာဝင် တစ်ဦးက ဓါတ်ဆီပက် မီးရှို့ရာမှ ပဋိပက္ခ စတင်ခဲ့ပြီး အဆိုပါမီးရှို့ခဲ့သူကို အမှတ်(၁) ရဲတပ်ဖွဲ့စခန်းက ဖမ်းဆီးခဲ့ကြောင်း ဒေသခံများထံ ဆက်သွယ် မေးမြန်းချက်အရ သိရှိရသည်။ 

 ရဲတပ်ဖွဲ့က ဖမ်းဆီးသွားပြီး နောက်ပိုင်းတွင် ရာနှင့်ချီသော လူစုကြီး အမှတ်(၁) ရဲစခန်းရှေ့ ကို ရောက်ရှိလာပြီး မီးရှို့မှု ကျူးလွန်ခဲ့သူကို ထုတ်ပေးရန် တောင်းဆိုခဲ့ကြောင်း၊ ည ၇ နာရီကျော်ခန့်တွင် မြို့မဈေးအနီးမှ ဗလီတစ်လုံးနှင့် အစ္စလာမ်ဘာသာရေး စာသင်ကျောင်း တစ်ကျောင်း မီးရှို့ခံခဲ့ရကြောင်း၊ မြို့ပေါ်ရှိ ဈေးဆိုင်ခန်း အချို့လည်း ဖျက်ဆီးခံခဲ့ရကြောင်း ဒေသခံအမျိုးသားများထံသို့ ည ၉ နာရီ ၃၀ မိနစ်ခန့်က ဆက်သွယ် မေးမြန်းချက်များအရ သိရှိရသည်။ “မြို့မဈေးကြီးမှာ ရှိတဲ့ဈေး ဆိုင်တွေ မီးရှို့ခံထားရတယ်။ မီးသတ်တပ်ဖွဲ့တွေလည်း မလာရဲကြဘူး” ဟု ဒေသခံအမျိုးသားတ စ်ဦး က ည ၁၀ နာရီခန့်တွင် ပြောဆိုသည်။ မီးရှို့ခံရသော အမျိုးသမီးကို လားရှိုးပြည်သူ့ဆေးရုံသို့ အရေးပေါ်ကုသရန် ပို့ဆောင်ထားကြောင်း အဆိုပါမြို့ ဒေသခံများကို ဆက်သွယ် မေးမြန်းချက်များအရ သိရှိရသည်။ 

အဆိုပါ အခြေအနေကို ထိန်းသိမ်းရန် လုံခြုံရေးအင်အား တိုးမြှင့်ထားသည်ကို တွေ့ရှိရကြောင်း အဆိုပါဒေ သခံများက ဆိုသည်။ အမျိုးသမီးအား ဓါတ်ဆီလောင်း မီးရှို့ခဲ့သူမှာ ကျိုင်းတုံမြို့ အမှတ် ၂ ရပ်ကွက် တွင် နေထိုင်သူ အသက် ၄၈ နှစ်အရွယ် ဦးနေဝင်းဖြစ်ပြီး လားရှိုးမြို့သို့ ရောက်ရှိလာပြီး နာရီပိုင်းအကြာ တွင် ပြဿနာ ဖြစ်ပွားခဲ့ခြင်း ဖြစ်ပြီး ၄င်း၏ခန္ဓာကိုယ်မှ စိတ်ကြွဆေးပြား များ တွေ့ရှိရကြောင်း   လားရှိုး အမှတ်(၁) ရဲစခန်းနှင့် နီးစပ်သူ ရှေ့နေတစ်ဦးက ပြောကြားခဲ့သည်ဟု ၂၀၁၃ ခုနှစ် မေလ ၂၉ ရက်နေ့ ထုတ် The Voice Daily သတင်းစာတွင် ဖော်ပြထားပါသည်။ 
From:ခေတ်လူငယ်

www.mmdailystar.com

Viewing all articles
Browse latest Browse all 4837

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>