Quantcast
Channel: Myanmar Daily Star
Viewing all articles
Browse latest Browse all 4837

လားရှိုးမြို့ ဆူပူအကြမ်း ဖက်မှုဖြစ်စဉ် အကျဉ်းချုပ်

$
0
0

မေ ၂၈ ရက်နေ့ ညနေ ၁၆၁၅ နာရီမှာ မအေးအေးဝင်း ( ၂၄) နှစ်ကို ကျိုင်းတုံ ကနေ ရောက် ရှိ နေထိုင်နေတဲ့ နေ၀င်း (၄၈) နှစ်က ဓာတ်ဆီနဲ့ ပတ်ပြီး မီးရှို့မှု ဖြစ်ပွား ခဲ့ပါတယ်။   နေ၀င်း ကို ဖမ်းဆီးပြီး ရဲစခန်းမှာ စစ်ဆေးတဲ့ အခါ အင်္ကျီအိပ်ထဲက WY တံဆိပ်ပါ စိတ်ကြွ  ဆေးပြား    နှစ်ပြားပါ   တွေ့ရှိတဲ့ ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၃၀၇၊ ၄၃၆၊ ၃၂၆ တို့ အပြင် မူးယစ်ပုဒ်မ ၁၅/ ၁၆ (ဂ) နဲ့   ပါ အမှုဖွင့်အရေး ယူခဲ့ပါတယ်။

ညနေ ၁၇၄၅ နာရီမှာ သံဃာ ၅၀ ပါးခန့်နဲ့ လူ ၈၀ ခန့် အမှတ် ၁ ရဲစခန်းရှေ့ကိုရောက် လာတဲ့ အတွက် ဒုတိ ယပြည်နယ် ရဲတပ်ဖွဲ့မှူးနဲ့ ခရိုင်အုပ်ချုပ်ရေးမှူးတို့က ဖျောင်းဖျလူစု ခွဲခဲ့ပါတယ်။

ည ၁၉၂၀ နာရီမှာ ပြည်နယ် ပြန်ဆက်ရုံးနဲ့ ဈေးလမ်းကြားက ဆိုင်တစ်ဆိုင်ရဲ့ရှေ့က ခုံအချို့ ကို လူအုပ်စုနဲ့ ရိုက်ချိုးဖျက်ဆီးမှု စဖြစ်ပါတယ်။ ၁၉၂၅ မှာ ရပ်ကွက် ၃ က ဘာသာရေး အဆောက် အဦကို စတင်ဖျက်ဆီး မီးရှို့ပါတယ်။ ၁၉၄၀ နာရီမှာ ရဲတပ်ဖွဲ့များ ရောက်ရှိပြီး လူစုခွဲခြင်း၊ မီးသတ် နဲ့ ပူးပေါင်းပြီး မီးငြိမ်းသတ်ခြင်းများ ပြုလုပ်ပါတယ်။

ည ၈ နာရီမှာ အမှတ် ၃ ရပ်ကွက်၊ လမ်းမတော်လမ်းနဲ့ ကြာနီကန် လမ်းထောင့်ရှိ မိဘမဲ့ ကလေး   ကျောင်းအောက် ရှိ ဈေးဆိုင်ခန်းများ၊ ပြန်ဆက်ရုံးနဲ့ ဈေးလမ်းကြားရှိ ဆိုင်ခန်းများ ကို တိုက်ခိုက် ဖျက်ဆီး မှု ဖြစ်ပါတယ်။ ၂၀၃၅ နာရီမှာ လုံခြုံရေး တပ်ဖွဲ့များက အဲဒီအဖွဲ့များကို တားဆီးလူစု ခွဲခဲ့ပါတယ်။ ည ၂၃၃၀ မှာ မီးအားလုံး ငြိမ်းသတ် နိုင်ခဲ့ပါတယ်။

ယခုအချိန်ထိ လူထိခိုက်သေဆုံးတဲ့ သတင်းမရရှိ သေးပါဘူး။ လားရှိုးမြို့မှာ ပုဒ်မ ၁၄၄ ထုတ်ပြန်ထားပြီး တပ်မတော် နဲ့ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့က လုံခြုံရေးဆောင်ရွက် လျှက်ရှိပါတယ်။ အုပ်ချုပ်ရေး အဖွဲ့အစည်း များ၊ ဘာ သာရေး၊ လူမှုရေး အဖွဲ့အစည်းများက နောက်ထပ် အကြမ်းဖက်တိုက်ခိုက်မှုများ မဖြစ်အောင် ပူးပေါင်းဆောင်ရွက် နေပါတယ်။ 
 
From:ရိုးရာလေး

www.mmdailystar.com

Viewing all articles
Browse latest Browse all 4837

Trending Articles


စပါးရောဂါများ


မန္တလေးအကြမ်းဖက်ရမ်းကားမှုအတွင်းအပြစ်မဲ့ မွတ်စ် လင်မ် တစ်ဦး ရက်ရက် စက်စက်...


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


ရိုးရာမပျက် ဆင်ကာနွှဲ အာခါတိုင်းရင်းသားတို့ရဲ့ နှစ်သစ်ကူးပွဲ ( သတင်းဆောင်းပါး )


ခင်ဝင့်ဝါ၏ ဖော်ချွတ်ပြထားသော အလှတရားများ


အမွေကိစ္စ အမြန် အဆင်ပြေစေသောယတြာ


ညီမဖြစ်သူကို ဦးလေးအရင်းမှ ..သားမယားကျင့်နေပုံကို မြင်တွေ့ခဲ့ရတဲ့အစ်မ...


Sao Kun Hoo (2012) 18+


ဗြိတိန်မှာ သံရုံးကြီးဆောက်မယ့်တရုတ်နဲ့ လုံခြုံရေးစိုးရိမ်ချက်တွေ


ပွဲကျောင်းသိုင်းပညာဆိုတာ



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>