ဒါပေမယ့် တဖြည်းဖြည်းနဲ့ သူ့ လုပ်ရပ်တွေက နားမလည်နိုင်တော့ဘူး။ ဥာဏ်မမီဘူး လို့ ပြောရလောက်အောင် လဲ ကိုယ်တွေလဲ ဒီလောက်တော့ တုံးချာစုတ်ပြတ်သတ် မနေဘူးလို့ ထင်တာပဲ။
နိုဘယ်ဆုကြီး ပိုက်ထားရလို့ တစ်ချို့ စကားတွေ ပြောမထွက်ဘူးဆိုလဲ အဲဒီ ဆုကြီးအမှိုက်ပုံးထဲ လွှင့်ပစ်လိုက် ပါတော့လား။
လွှတ်တော်အမတ်ဖြစ်နေလို့ တစ်ချို့ စကားတွေ ပြောမထွက်ဘူးဆိုလဲ လွှတ်တော်ထဲက ထွက်လာခဲ့ပါတော့လား။
ကျွန်မကတော့ အမျိုးသားရေးနဲ့ ပတ်သက်လာရင် ပါလီမန်ထဲက ထွက်လာဖို့ အသင့်ပဲ ဆိုပြီး ရဲရဲတောက် ထွက်လာခဲ့စမ်းပါ။ အရင်ထဲက အောင်ဆန်းစုကြည်ဟေ့ ဆိုရင် တစ်တိုင်းပြည်လုံး သူ့ဖက်က ရှိခဲ့ကြတာပဲ။
ဘင်္ဂလီသားဖောက် ဆတ်ဆတ်ခါ နာပြနေတာကတော့ နည်းနည်း သောက်မြင်ကပ်လာပြီကွယ်။
ဘွားတော်ရယ်.. ၂၀၁၅ အတွက် ကျွန်မ သမ္မတ ဖြစ်မှ တိုင်းပြည်ကြီး ကောင်းစားမယ်ဆိုပြီး အကွက်တွေလဲ စွတ်ရွှေ့မနေပါနဲ့။
ကျေးဇူးကန်းတာလဲ မဟုတ်ရပါဘူး။ လက်ရှိအခြေအနေမှာ ဘွားတော် သမ္မတ ဖြစ်မှာ ပိုတောင် ကြောက်နေတယ်။ ဘွားတော်အိုကေတယ် ထားလိုက်ပါဦး။ NLD ထဲမှာ ၀န်ကြီး ဖြစ်ထိုက်တဲ့သူ ၁၀၀ ကျော်ကို ဂုတ်ဆွဲပြီး ထုတ်ပြစမ်းပါ။ မြင်ဖူးချင်လို့။
ကန်တော့ပါရဲ့ဗျာ...
ဒေါ်အောင်ဆန်းစုကြည် ဘာလဲ.. ဘယ်လဲ ဆိုပြီး မေးပစ်လိုက်ချင်မိပါရဲ့။
www.mmdailystar.com