Quantcast
Channel: Myanmar Daily Star
Viewing all articles
Browse latest Browse all 4837

လားရှိုးမြို့ ဆူပူအကြမ်းဖက်မှုဖြစ်စဉ် အစိုးရ သတင်း ထုတ်ပြန်ချက် (ဓါက်ပုံများ စုစည်း တင်ဆက်မှုပါ)

$
0
0

























မေ၂၈ ရက်နေ့ညနေ ၁၆၁၅ နာရီမှာ မအေးအေးဝင်း( ၂၄) နှစ်ကို ကျိုင်းတုံ ကနေ ရောက် ရှိနေထိုင်နေတဲ့ နေ၀င်း(၄၈) နှစ်က ဓာတ်ဆီနဲ့ပတ်ပြီးမီးရှို့မှုဖြစ်ပွားခဲ့ပါတယ်။

နေ၀င်းကိုဖမ်းဆီးပြီးရဲစခန်းမှာ စစ်ဆေးတဲ့အခါ အကျီအိပ်ထဲက WY တံဆိပ်ပါ စိတ်ကြွဆေးပြား   နှစ်ပြားပါတွေ့ရှိတဲ့ပြစ်မှု ဆိုင်ရာ ဥပဒေပုဒ်မ ၃၀၇၊ ၄၃၆၊၃၂၆ တို့ အပြင်မူးယစ်ပုဒ်မ ၁၅/ ၁၆ (ဂ)  နဲ့ ပါအမှုဖွင့်အရေးယူခဲ့ပါတယ်။

ညနေ ၁၇၄၅ နာရီမှာ သံဃာ ၅၀ ပါးခန့်နဲ့ လူ၈၀ ခန့်အမှတ်၁ ရဲစခန်းရှေ့ကိုရောက်လာတဲ့ အတွက် ဒုတိယပြည်နယ်ရဲတပ်ဖွဲ့မှူးနဲ့ ခရိုင်အုပ်ချုပ် ရေးမှူးတို့ကဖျောင်းဖျလူစုခွဲခဲ့ပါတယ်။

ည ၁၉၂၀ နာရီမှာ ပြည်နယ်ပြန်ဆက်ရုံးနဲ့ ဈေးလမ်းကြားက ဆိုင်တစ်ဆိုင်ရဲ့ရှေ့ကခုံအချို့ ကို လူအုပ်စုနဲ့ရိုက် ချိုးဖျက်ဆီးမှုစဖြစ်ပါတယ်။ ၁၉၂၅ မှာ ရပ်ကွက် ၃ ကဘာသာရေးအဆောက်အဦကို စတင်ဖျက် ဆီးမီးရှို့ပါတယ်။ ၁၉၄၀ နာရီမှာ ရဲတပ်ဖွဲ့များရောက်ရှိပြီး လူစုခွဲခြင်း၊မီးသတ် နဲ့ ပူးပေါင်းပြီးမီးငြိမ်းသတ်ခြင်းများပြုလုပ်ပါတယ်။

ည၈ နာရီမှာ အမှတ်၃ ရပ်ကွက်၊ လမ်းမတော်လမ်းနဲ့ကြာနီကန်လမ်းထောင့်ရှိမိဘမဲ့ ကလေးကျောင်းအောက် ရှိ ဈေးဆိုင်ခန်းများ၊ ပြန်ဆက်ရုံးနဲ့ဈေးလမ်းကြားရှိ ဆိုင်ခန်းများကို တိုက်ခိုက် ဖျက်ဆီးမှုဖြစ်ပါတယ်။ ၂၀၃၅ နာရီမှာ လုံခြုံရေးတပ်ဖွဲ့များက အဲဒီအဖွဲ့များကိ တားဆီးလူစုခွဲခဲ့ပါတယ်။ ည ၂၃၃၀ မှာ မီးအားလုံးငြိမ်းသတ်နိုင်ခဲ့ပါတယ်။

ယခုအချိန်ထိလူထိခိုက်သေဆုံးတဲ့သတင်းမရရှိသေး ပါဘူး။

လားရှိုးမြို့မှာ ပုဒ်မ၁၄၄ထုတ်ပြန်ထားပြီး တပ်မတော်နဲ့မြန်မာနိုင်ငံရဲတပ်ဖွဲ့က လုံခြုံရေးဆောင်ရွက် လျှက်ရှိပါ တယ်။ အုပ်ချုပ်ရေးအဖွဲ့အစည်းများ၊ဘာသာရေး၊လူမှုရေး အဖွဲ့အစည်းများကနောက်ထပ် အကြမ်းဖက်တိုက်ခိုက်မှုများမဖြစ်အောင်ပူးပေါင်းဆောင်ရွက် နေပါတယ်။

ဦးရဲထွဋ် ဒုတိယ၀န်ကြီး ပြန်ကြားရေးဝန်ကြီးဌာန။
From: ye htut (ပြန်ကြားရေး ဒုဝန်ကြီး)

www.mmdailystar.com

Viewing all articles
Browse latest Browse all 4837

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>