Quantcast
Channel: Myanmar Daily Star
Viewing all articles
Browse latest Browse all 4837

လွိင်ဆက်ဆံမှု သရုပ်ဖော်ခဲ့သည့် မျက်လုံးလေး ကလယ်ကလယ်ထဲက ရွှေမှုန်ရတီနှင့်တွေ့ဆုံခြင်း

$
0
0

မျက်လုံးလေးကလယ်ကလယ်ထဲက ရွှေမှုန်ရတီနှင့်တွေ့ဆုံခြင်းလက် တလော မြန်မာ ဗီဒီ ယိုဈေးကွက်မှာ ပေါက်နေတဲ့ကားကတော့ မျက်လုံးလေးကလယ်ကလယ် ဆိုတဲ့ မြန်မာဗီဒီယိုဇာတ် ကားဖြစ်ပြီး ပရိသတ်ဝေ ဖန်မှု အများဆုံးရှိနေတဲ့ ဇာတ်ကားလည်းဖြစ်ပါတယ်။ သည်ဇာတ်ကားကို လူများသုံးတဲ့ဆိုရှယ်ဝ က်ဘ်ဆိုက်ကနေတစ်ဆင့်နဲ့တစ်ဆင့် မျှဝေရာက ပရိသတ်တွေသိကြပြီး ဝေဖန် လာကြတာဖြစ်ပါတယ်။ သည်မျက်လုံးလေးကလယ်ကလယ်ဇာတ်ကားမှာ ပါဝင်တဲ့ချစ်ကြိုက်ခန်းတွေက တကယ်လ က်တွေ့ နမ်းလာတဲ့ပုံစံတွေပါဝင်လာသလို အိပ်ရာပေါ်ကအခန်းတွေကလည်း ပီပီပြင်ပြင်ရိုက် လာ တဲ့အ တွက် ပရိသတ်တချို့က ဝေဖန်လာကြတာဖြစ်ပါတယ်။ သည်ကားထဲမှာ အဓိကဇာတ်ဆောင် အနေနဲ့ပါဝင်သရုပ်ဆောင်ခဲ့တဲ့ ရွှေမှုန်ရတီကို တွေ့ဆုံမေးမြန်းပါတယ်။ အချို့ကိုကောက်နုတ်ဖော်ပြပါတယ်။

မော်ဒန်။ ။ မျက်လုံးလေးကလယ်ကလယ် ဇာတ်ကားကို ဝေဖန်မှုတွေရှိတဲ့အပ်ါမှာ ဘယ်လိုခံစားမိလဲ။
ရွှေမှုန်ရတီ ။ ။ ညီမက ဇာတ်ကားတစ်ကားကိုရိုက်ပြီဆိုရင် သဏ္ဌာန်လုပ်သရုပ်တူအောင်လုပ်တယ်။ သည်ကားကို ညီမကအနုပညာရှင်တစ်ယောက်ဖြစ်တဲ့အတွက် ကိုယ်လုပ်ရမယ့်အလုပ်ကို ကိုယ်လုပ် တယ်။ ဝေဖန်တဲ့သူတွေကလည်း ဝေဖန်ကြတယ်။ အားပေးတဲ့သူတွေလည်း အားပေးကြတယ်။ အားလုံးက ကိုယ့်အလုပ် ကို ကိုယ်လုပ်ကြတဲ့အတွက် ဘယ်သူ့ကိုမှ ဘာမှမပြောချင်ပါဘူး။ ဒါပေမဲ့ ကိုယ့်အလုပ် ကိုယ်လုပ်ကြတဲ့အခါမှာ သူများကိုမထိခိုက် မနစ်နာစေဖို့ကတော့ အရေးကြီးတယ်လေ။

မော်ဒန် ။ ။ သည်ဇာတ်ကားမှာ ညီမရဲ့ အသက်အရွယ်နဲ့ဆိုရင် ခက်ခဲမှုတွေရှိတော့ ဘယ်လိုကြိုးစားခဲ့ရလဲ။
ရွှေမှုန်ရတီ။ ။ ဇာတ်ကားတစ်ကားရိုက်ပြီဆိုရင် အဲသည်ကားရဲ့ စိတ်ကိုညီမသွင်းပါတယ်။ သဏ္ဌာန်လုပ် သရုပ် တူအောင်၊ အဆင်ပြေအောင်၊ ဇာတ်ကားရဲ့ ကာရိုက်တာဝင်အောင် မဖြစ်ဖြစ်တဲ့နည်းနဲ့ သရုပ်ဆောင် ပါတယ်။



မော်ဒန် ။ ။ ဘာကြောင့် သည်ဇာတ်ကားကို ပရိသတ်ဝေဖန်ခံရတယ်လို့ ထင်မိလဲ။
ရွှေမှုန်ရတီ။ ။ ရိုက်ထားတဲ့ ကာရိုက်တာတစ်ခုက သည်ကားမှာ သည်ဖရိန်ပါမှ ရိုက်လို့ရမယ်ဆိုတဲ့အတွက် သည်ဟာကို ကြိုးစားပြီးတော့ အကုန်လုံးက လုပ်ကြတာပေါ့။ ရွှေမှုန်တို့ ရိုက်ထားတဲ့ ပုံစံတွေက အရင်တုန်းက သူများတွေ ရိုက်ထားတဲ့ ပုံစံတွေလိုပါပဲ။ ဘာမှမခြားနားပါဘူး။ သည်ကားမှာပါ ဝင်တဲ့အခန်းတချို့ကလည်း အရင်ကရိုက်ခဲ့ဖူးတဲ့ပုံစံတွေပါပဲ။ အဲဒါကိုမှ ဘာလို့ရွှေမှုန်တို့ကားမှ ဘယ်လိုဖြစ်သွားလဲ မသိပါဘူး။

မော်ဒန်။ ။ နောက်ပိုင်းမှာ ဝေဖန်မှု ဆိုးဆိုးရွားရွားရှိလာရင် ကိုယ့်ကိုယ်ကိုရော ဘယ်လိုကာကွယ်သွားဖို့ရှိလဲ။
ရွှေမှုန်ရတီ။ ။ကာကွယ်တယ်ဆိုတာထက် ကိုယ်က ဘာမှမလုပ်ထားတဲ့ ဖြူဖြူစင်စင် သန့်သန့်ရှင်းရှင်းနေတဲ့ လူတစ်ယောက်ဆိုတော့ ပြောတဲ့စကားတွေကို တစ်ရက်နှစ်ရက်ထက် ပိုပြီးတော့ ပရိသတ်နားထဲမရောက်ဘူး။ သုံးလေးရက်နေရင် အဲသည်လူက အလိုလိုမြောင်းထဲရောက်သွားမှာပါ။

မော်ဒန် ။ ။ ကိုယ်က အောင်မြင်မှုတစ်ခုရဖို့ ကြိုးစားနေတဲ့အချိန်မှာ ခုလိုဝေဖန်မှုက ကိုယ်သွားနေတဲ့လမ်းကြောင်းကို ယိမ်းယိုင်သွားနိုင်လား။
ရွှေမှုန်ရတီ။ ။ ညီမက အနုပညာရှင်တစ်ယောက်ဖြစ်တဲ့အတွက် ကိုယ့်လုပ်ရမယ့်အလုပ်ကို ကိုယ်လုပ်မယ်။ ကိုယ့်ကြိုးစားရမယ့်ဟာကို ကိုယ်ကြိုးစားမယ်။ ရှေ့လမ်းကိုပဲ တည့်တည့်လျှောက်မှာပါ။ ကိုယ့်ကိုယ်ကိုလည်း အောင်မြင်ပြီလို့ ဘယ်တော့မှမသတ်မှတ်ဘူး။ အောင်မြင်ပြီလို့သတ်မှတ်တဲ့နေ့က ကျရှုံးတဲ့ နေ့ပဲ။ အဲသည်တော့ ကိုယ်သွားမယ့်လမ်းကို တည့်တည့်ပဲသွားမယ်။ဘေးချော်ထွက်သွားဖို့ စိတ်ကူးလည်း မရှိပါဘူး။

မော်ဒန်။ ။ ပရိသတ်အထင်လွဲစေနိုင်မယ့်၊ ဝေဖန်မှုတွေ ရှိနိုင်မယ့်ဇာတ်ကားတွေ ဘယ်လိုရှောင်ရိုက်သွားမလဲ။
ရွှေမှုန်ရတီ။ ။ အခုရိုက်ထားတဲ့ ကားတော်တော်များများမှာ အဲသည်လိုမျိုးတွေ မရှိပါဘူး။ အခုထွက်ထားတဲ့ကားကလည်း အဲသည်လောက် ဆိုးဆိုးရွားရွားကြီး မဟုတ်ဘူးဆိုတာ ရွှေမှုန်တို့သိတယ်။ ဒါပေမဲ့ ပရိသတ်ကို ဆိုးဆိုးရွားရွားကြီးမြင်စေသလိုဖြစ်သွားရင် ရွှေမှုန်က အားလုံးကိုယ်စား တောင်းပန်ပါတယ်။

Shwe Mon Ya Ti

From:မော်ဒန်

www.mmdailystar.com

Viewing all articles
Browse latest Browse all 4837

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>