ရွှေတိဂုံ စေတီတော်ပေါ်တွင် မည်သည့်ဆန္ဒပြမှုကိုမှ ခွင့်မပြု ဆိုသည့် စကားကို လွန်ခဲ့သည့်နှစ်က ကြား ဖူးခဲ့ သည်။ ၀မ်းလည်းသာသည်။ ပြည်သူတစ်ယောက် အနေဖြင့် မိမိ၏ မကျေနပ်ချက်ကို လွတ်လပ်စွာ ဆန္ဒေ ဖာ် ထုတ်ခွင့် ရှိသော်လည်း မြန်မာတို့၏ ဘာသာရေးအရ အထင်ကရ တန်ဖိုးထားရာ နေရာ၊ ပြည် တွင်း ပြည်ပ ဧည့်သည်များဖြင့် လူအစည်ကားဆုံး နေရာ ကို အသုံးမပြုသင့်ဟု ယုံကြည်လက်ခံမိသည်။
သို့သော် ထိုယုံကြည်မှုများသည် မေလ ၁၅ ရက် ဗုဒ္ဒဟူးနေ့မှ စ၍ လာမည့် ဗုဒဟူးနေ့တိုင်း ပျောက် ကွယ်ေ လ တော့မည်။ ဘာသာရေး အရ အချုပ်အနှောင်ကျစဉ် ရွတ်ဆိုရသည့် ပရိတ်တော်များ ရှိသည်။ ဘုရား ဂုဏ်တော် များကို ပွားမြားရသည်။ သစ္စာတရားကို သက်သေပြု၍ သစ္စာတိုင်ကာ ဆုတောင်းကြ ရသည်။ နေမျိုးဇင်နှင့် ရဲ မင်းဦး တို့ကြောင့် သံဃာများတွင် ပရိတ်တော်များလည်း မရှိတော့။ ဂုဏ်တော်များလည်း မရှိတော့။ သစ္စာ တရားလည်း ပေါ်ထွက်မလာကာ နေမျိုးဇင်နှင့် ရဲမင်းဦး ကို လွှတ်ဆို သည့် စာရွက်များ ကိုင်ဆောင်ထားသည့် သံဃာနှင့် လူများ ရွှေတိဂုံစေတီတော်ပေါ် သို့ ရောက် လာကြလေပြီ။
မဇိမ တွင် ဖော်ပြသည့် ဓာတ်ပုံတွင်တော့ အသက်အရွယ်ကြီးသော သံဃာများ ရှေ့တန်းတွင် ရှိနေသော် လည်း သံတော်ဆင့် ဂျာနယ်ပါ ကိုယ်တော်များမှာတော့ ငယ်ရွယ်သူများသာ ဖြစ်သည်။ ကိုယ်တော်တို့ သာ သနာ လည်း မပွားများနိုင်၊ တရားလည်း မဟောနိုင်၊ သာသနာအတွက်လည်း မကျင့်နိုင်တော့။ ကိုယ်တော် တို့ ဘုန်း သည့် ဆွမ်းသည်လည်း သာသနာအတွက် မဟုတ်တော့။ နေမျိုးဇင်နှင့် ရဲမင်းဦးတို့ အတွက်သာ ဘုန်းတော် မူ လေတော့သည်။
ပြလိုလျှင်လည်း ပြကြပါစေ။ လွတ်စေချင်သူများလည်း လွတ်နိုင်ပါစေ။ သို့သော် ရတနာမြတ်သုံးပါးတွင် တစ် ပါး အပါအ၀င်ဖြစ်သည့် သံဃာတော်များနှင့် မြန်မာတို့၏ အထွတ်အမြတ် ထားရာ ရွှေတိဂုံစေတီတော် ကြီး ၏ ပုံရိပ် တို့ကို မထိခိုက်စေလိုပါ။
www.mmdailystar.com