Quantcast
Channel: Myanmar Daily Star
Viewing all articles
Browse latest Browse all 4837

ဆိုင်ကလုန်းမဟာစင် ဘင်္ဂလားဒေ့ရှ်သို့ ၀င်ရောက်ရာ လူပေါင်းတစ်သန်း နေအိမ်များ စွန့်ခွာထွက်ပြေး

$
0
0
5.16.3

စစ်တကောင်းဘက်သို့ ဦးတည်သွားသော မုန်တိုင်းကို ဘင်္ဂလားဒေ့ရှ် ပင်လယ်ကမ်းခြေ တစ်နေရာ၌ လူများ စုဝေးစောင့်ကြည့်နေစဉ် (Photo-AFP)

မဟာစင် ဆိုင်ကလုန်းမုန်တိုင်းသည် ဘင်္ဂလားဒေ့ရှ်နိုင်ငံတောင်ပိုင်း ကမ်းရိုးတန်းသို့ မေ ၁၆ ရက်တွင် ၀င်ရောက်ခဲ့ရာ ဝေးလံသီခေါင်သော ဒေသရှိ တံငါရွာများတွင် မိုးသည်းထန်စွာ ရွာသွန်းပြီး လေပြင်းများ တိုက်ခတ်ခဲ့သောကြောင့် နေအိမ်များ ပျက်စီးသွားပြီး လူပေါင်းတစ်သန်းကျော်ကို အတင်းအဓမ္မ ရွှေ့ပြောင်းစေခဲ့ရသည်။ 

မုန်တိုင်း၏ အဓိက အပိုင်းသည် ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ မေ ၁၆ ရက်တွင် ၀င်ရောက်လာပြီး ချက်ချင်းပင် အားပျော့သွားကြောင်း ဘင်္ဂလားဒေ့ရှ် မိုးလေ၀သနှင့် ဇလဗေဒဌာနမှ ညွှန်ကြားရေးမှူး မိုဟာမက်ရှားအလမ်က ပြောကြားခဲ့သည်။ သို့သော် မုန်တိုင်းသည် ပို၍နှေးသွားသည့်နှုန်းဖြင့် ဆက်လက်ရွေ့လျားမည် ဖြစ်သောကြောင့် မုန်တိုင်းလမ်းကြောင်း ကျရောက်ရာမြို့များ အနေဖြင့် မုန်တိုင်းဒဏ်ကို ခံရမည်ဟု ဆိုသည်။

မေ ၁၆ ရက်တွင် မုန်တိုင်းသည် ဘင်္ဂလားဒေ့ရှ်တောင်ပိုင်း တံငါရွာ တစ်ရွာဖြစ်သော ခေပါပါရာရွာသို့ စတင် ၀င်ရောက်ခဲ့ပြီး ဘင်္ဂလားပင်လယ်အော် တစ်လျောက် တစ်နာရီ ကီလိုမီတာ ၁၀၀ (၆၂ မိုင်) နှုန်းဖြင့် တိုက်ခတ်ခဲ့သည်။ ယင်းနောက် အရှေ့ဘက်သို့ ဦးတည်သွားပြီး စစ်တကောင်းမြို့နှင့် ပင်လယ်ကမ်းခြေ အပန်းဖြေဆိပ်ကမ်းမြို့ဖြစ်သော ကော့စ်ဘာဇာမြို့ များဆီသို့ ဆက်လက်ရွေ့လျားခဲ့သည်။
ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် ဘင်္ဂလားပင်လယ်အော် တစ်လျှောက်၌ ကူးတို့သင်္ဘောများနှင့် အခြားသင်္ဘောများ ထွက်ခွာခြင်းကို ရပ်ဆိုင်းထားပြီး စက်ရုံအလုပ်ရုံများကိုလည်း ပိတ်ထားလိုက်သည်။ ကယ်ဆယ်ရေး လုပ်ငန်းများ လုပ်ဆောင်ရန် စစ်တပ်က ရေတပ်သင်္ဘော ၂၂ စင်းနှင့် ရဟတ်ယာဉ် ၁၉ စင်းကို အသင့်ပြင်ထားသည်ဟု ဆိုသည်။ ဘင်္ဂလားဒေ့ရှ် ရုပ်သံဌာနများက လူနှစ်ဦး သေဆုံးခဲ့ကြောင်း ကြေညာခဲ့သည်။ 
 
From:eleven

www.mmdailystar.com

Viewing all articles
Browse latest Browse all 4837

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>