Quantcast
Channel: Myanmar Daily Star
Viewing all articles
Browse latest Browse all 4837

ရန်ကုန်မြို့လယ်တွင် ပတူကောင်ကိုက်၍ အမျိုးသားတစ်ဦးသေဆုံး

$
0
0




လူသူ အရောက် အပေါက် နည်းသော တောနက်များ တွင်သာ ကျက်စားသည့် ပတူကောင်  ရာနှင့်ချီ ဝိုင်းဝန်း ကိုက်ခဲ သောကြောင့် အသက် ၄၆ အရွယ် အမျိုးသား တစ်ဦး သေဆုံးမှု ရန်ကုန်မြို့လယ်တွင် မေလ ၁၃ ရက်နေ့ ညနေက ဖြစ်ပွား ခဲ့ကြောင်း သေဆုံးသူ၏ မိသားစု ဝင်များက ပြောကြားသည်။

လမ်းမတော် မြို့နယ် မင်းရဲကျော်စွာ လမ်းရှိ မြန်မာနိုင်ငံ နှစ်ခြင်း ခရစ်ယာန် အသင်းချုပ် ဝင်းအတွင်း လမ်းလျှောက် နေသူ အသက် ၄၆ နှစ်အရွယ် ဦးစောဘတင့်သည် မျက်နှာနားတွင် ပတူကောင် တစ်ကောင် ဝဲနေသဖြင့် လက်ဖြင့်ပုတ်ချခဲ့ရာမှ အသင်းချုပ် အဆောက်အအုံ၏ စင်မြင့်အောက်တွင် အသိုက်ဖွဲ့ နေထိုင်နေသော ပတူကောင် ရာနှင့်ချီ ထွက်၍ကိုက်ခဲခဲ့ကြောင်း၊ စတင် အကိုက်ခံရသူ ဦးစောဘတင့်ကို လာရောက်ကယ်ဆယ်ခဲ့ သည့် လူ ခုနှစ်ဦးခန့် ကိုလည်း ပတူကောင် များက ကိုက်ခဲ့ပြီး ၄င်းအပါအဝင် အကိုက်ခံရသူများအနက် သုံးဦးကို အနောက်ပိုင်းဆေးရုံသို့ ပို့ဆောင် ကုသ ခဲ့ကြောင်း၊ စတင်အကိုက်ခံရသူ ဦးစောဘတင့်မှာ မေလ ၁၄ ရက် နံနက် ၄ နာရီခန့်တွင် သေဆုံးခဲ့ကြောင်း ညီတော်စပ် သူဦးရှိန်း၏ ပြောကြားချက်အရ သိရသည်။

"စိတ်မကောင်းတာက ကုတဲ့အခါ မှာ အကျိုးပြုလေမလား ဆိုပြီး ဆရာဝန်ကို ကိုက်တဲ့အကောင် ယူလာပြီးပြတာ တစ်ချက်လေးတောင် မကြည့်သွားဘူး" ဟု သေဆုံးသူ၏ အစ်ကိုတော်စပ်သူ ဦးထွန်းဦးကဆိုသည်။ သေဆုံးသူ အသက် ၄၉ နှစ်အရွယ် ဦးဘတင့်သည် လေဖြတ်နေသူ ဖြစ်သော်လည်း တစ်ကိုယ်တည်း သွားလာနေသူ ဖြစ်ကြောင်း၊ ၄င်းအကိုက်ခံရသည့် နေရာသည် လူနေအိမ် များနှင့် ၁၀ ကိုက် ခန့်သာ ကွာဝေးကြောင်း အဆိုပါအနီး နေထိုင်သူများထံမှ သိရသည်။
ဆေးရုံတွင် မြွေဆိပ်ဖြေဆေးသာ ရှိပြီး ပတူကောင်ကိုက်ပါက ကုသရန် ဆေးမရှိသောကြောင့် သာမန်အဆိပ်သင့်လူနာ ကဲ့သို့သာ ကုသခဲ့ခြင်းဖြစ်ပြီး အကိုက်ခံခဲ့ရသူ သုံးဦးအနက် ဦးစောဘတင့်မှာ သေဆုံးခဲ့ပြီး ၄င်းကို ဝင်ရောက်ကယ်ဆယ်ခဲ့သူ နှစ်ဦးအနက် တစ်ဦးတွင် ဆီးသွားလျှင် သွေးများ ပါတတ်ကြောင်း၊ ကျန်တစ်ဦးမှာ သက်သာလာပြီ ဖြစ်ကြောင်း ၄င်းကထပ်မံ ပြောကြားသည်။ ပတူကောင်များသည် လူအရောက် နည်းသော တောနက်တွင်သာ အများစု ကျက်စားပြီး အဆိပ်ပြင်းအသားစား အင်းဆက်ဖြစ်ကြောင်း၊ အနံ့တစ်ခု ရပါက တိုက်ခိုက်တတ်သည့် သတ္တဝါ အမျိုးအစား ဖြစ်ပြီး လူ၏အနံ့ကို မကြိုက်သောကြောင့် လည်းကောင်း၊ မိမိအသိုက်ကို ဖျက်ဆီး မည့်သတ္တဝါ၊ အရာဝတ္ထုတို့ဟု ထင်၍ လည်းကောင်း တိုက်ခိုက်တတ်ကြောင်း သဘာဝ ပတ်ဝန်းကျင်နှင့် သားငှက် ထိန်းသိမ်းရေးပညာရှင် ဦးသိန်းအောင်က သုံးသပ်ပြောကြားသည်။

"အရင် လှော်ကားက လူမသုံးတော့ တဲ့ အိမ်သာအဟောင်းမှာ တစ်ကြိမ် တွေ့ဖူး တယ်။ ရန်ကုန်မြို့ထဲမှာ တွေ့တယ်ဆိုတော့ အံ့သြစရာပဲ" ဟု ၄င်းကဆိုသည်။ ယင်းအခြေအနေကို ပျားနှိမ်နှင်းရေး အဖွဲ့ထံ အကြောင်းကြားထားပြီး လက်ရှိတွင် ၄င်းတို့ခိုအောင်းနေသည့် စင်မြင့်အောက်ကို အလုံပိတ်ကာ ပိုးသတ်ဆေးများ ဖျန်းထားသဖြင့် ပတူကောင်များ သေဆုံး ပြီဖြစ်ကြောင်း၊ သေဆုံးနေသော အကောင်များကို ရေတွက်ရာတွင် အကောင် ၆၀၀ ခန့် ရှိကြောင်း၊ အချို့ပတူအုံ များတွင် ဥများရှိပြီး၊ သားလောင်းများ အသက်ရှူ၍ လှုပ်နေသည့် ဥများလည်း ရှိကြောင်း လမ်းမတော်မြို့နယ် ကျန်းမာရေးဦးစီးဌာန လက်ထောက် ကျန်းမာရေးမှူး ဦးတင်စိန်က ပြောကြားသည်။

From:ရိုးရာလေး

www.mmdailystar.com

Viewing all articles
Browse latest Browse all 4837

Trending Articles


တာချီလိတ်၌ အမျိုးသားတစ်ဦး မိမိကိုယ်ကိုယ် သေနတ်ဖြင့် ပစ်၍ သေဆုံး ( ရုပ်သံ )


ဒေါ်အောင်ဆန်းစုကြည် မဟုတ်တဲ့ မြန်မာနိုင်ငံရဲ့ ပထမဆုံး အမျိုးသမီး သမ္မတ...


စာအုပ်​​ပေါင်း ၆၀၀ ​ကျော်​ပါတဲ့ Link


၂၀၀၁ ခုနှစ် ထိုင်း - မြန်မာ နယ်စပ် တိုက်ပွဲများ


ဘုရင့်နောင်မှ တောင်ငူကို သိမ်းခြင်း


ခင်ဝင့်ဝါ၏ ဖော်ချွတ်ပြထားသော အလှတရားများ


ဆားပုလင်းနှင်းမောင်၏ နိဂုံး


ချူံမြင်တိုင်းတိုးချင်နေကြတဲ့ ချစ်သူစုံတွဲများ နားထောင်ပေးပါ


ကရဝေး စိုက်ပျိုးနည်း


စပါး ⁠ဖောင်စီးဂဏန်း ကျ⁠ရောက်ပုံ ⁠နှင့် ကာကွယ်⁠နှိမ်နင်းနည်းများ