သမ္မတဦးသိန်းစိန် မကြာမီ အမေရိကန်နိုင်ငံသို့ သွားရောက်မည် ဖြစ်ရာ ယင်းခရီးစဉ်တွင် ဆန္ဒပြမည့်သူများ ရှိနေကြောင်း၊ ယင်းတို့တွင် ဘင်္ဂလီ များ အများစု ပါဝင်နေကြောင်း အမျိုးသားရေးကာကွယ်စောင့်ရှောက်သည့် အဖွဲ့ အစည်းများထံမှ သတင်းများ ရရှိထားပါသည်။
ဒီမိုကရေစီအခွင့်အရေးများတွင် ဆန္ဒပြခြင်းများ ရှိသည်မှာ သဘာဝပင် ဖြစ်သော်လည်း နိုင်ငံအား စော်ကားပြီး နိုင်ငံတကာအလယ်တွင် သိက္ခာကျဆင်းစေသော နိုင်ငံတော်အလံအားမီးရှို့ခြင်းနှင့် မဖွယ်မရ လုပ်ဆောင်ခြင်း ဗိုလ်ချုပ်အောင်ဆန်း ဓါတ်ပုံများ၊ ဦးသိန်းစိန်နှင့် ဒေါ်အောင်ဆန်းစုကြည်တို့၏ ဓါတ်ပုံများ မီးရှို့ခြင်း၊ မဖွယ်မရာ ပြုလုပ်ခြင်းများ လုံးဝ မပြုလုပ်ကြရန် ကြိုတင် သတိပေးအပ်ပါသည်။
ထိုသို့ဆောင်ရွက်ခြင်းများသည် မိမိတို့မြန်မာနိုင်ငံသားများ၏ နိုင်ငံချစ်စိတ်အပေါ် အပြည်ပြည်ဆိုင်ရာက အထင်သေးအမြင်သေး ဖြစ်စေသည့်အပြင် တစ်နိုင်ငံလုံးကို စော်ကားလိုက်ခြင်း ဖြစ်သည် ဟု မိမိတို့ အခိုင်အမာ ယုံကြည်ထားပါသည်။
ထို့ကြောင့် အဆိုပါလုပ်ရပ်များ သတိဖြင့် ရှောင်ရှားကြပါရန် အလေးအနက် တိုက်တွန်း သတိပေးအပ်ပါသည်။
One Myanmar
Non-Profit Organization
Republic of the Union of Myanmar
May 16, 2013

www.mmdailystar.com