

နှစ်ဦးနှစ်ဖက် အမှုကြေအေးကြောင်း စာချုပ်စစ်ဆေးနေသော တိုင်းတရားသူကြီး ဦးရဲတင့်။
မန္တလေး အောင်မြေသာစံ တရားရုံးတွင် လက်ရှိရင်ဆိုင်နေသော ကိုဇော်မျိုးအောင်တို့ အမှုနှင့် အမှုဖွင့်တိုင်ကြား၍ ဖမ်းဝရမ်း အထုတ်ခံထားရသော နေကဖေး စန်းကဖေး အမှုတို့ကို အပြန်အလှန် ရုပ်သိမ်းနိုင်ခဲ့ကြသည်။
ကိုစန်းမောင်၏ ဇနီး မဖြူပြာအောင်ကို အာမခံဖြင့် အိုးဘိုထောင်မှ ထုတ်ယူနိုင်ခဲ့ပြီး၊ ဖမ်းဝရမ်း အထုတ်ခံထားရသော ဒေါ်သင်းသင်းလှိုင်တို့ လွတ်လပ်စွာ သွားလာခွင့်ရကာ၊ ငါးနှစ်ကျော်ကြာ စွန့်ခွာခဲ့ ရသော ဒေါ်သင်းသင်းလှို င်တို့ အိမ်ကို ပဌမဦးဆုံး အကြိမ်ဖြစ် သွားရောက် ကြည့်ရှုနိုင် ခဲ့ကြ သည်။ မြင်မကောင်း ရှုမလှ အိုမင်းဟောင်းယွင်း အမှိုက်ပုံဖြစ်နေသော အိမ်ကြီးကိုကြည့်ပြီး ဝမ်းနည်းပတ် လက် ငိုကြွေးကြကြောင်း သိရသည်။
၂၂-ရက် ရုံးချိန်းရက်တွင် အပြီးသတ် အောင်မြင်ပြီးစီးတော့မည် ဖြစ်သည်။

ဇနီးဖြူပြာအောင် ထောင်ထဲ ရောက်နေ၍ ပူပင်သောကရောက်နေသော ကိုစန်းမောင်နှင့် အားလုံးသင် ပုန်းချေဖို့ အကြိမ်ကြိမ် ကတိပေးနေသည့် ကိုနေဝင်း။

နေစန်းညီနောင်တို့ နောင်ကြည်မည်ဆိုလျှင် ရဲစခန်းမှာ အမှုဆယ့်လေးငါးမှု လျှော့ပါးသက်သာ သွားတော့မည်ဖြစ်၍ ဝမ်းသာကြောင်း ပြောကြားနေသော အမှတ်(၄)စခန်းမှူး ဦးရဲထွန်းသိန်း။

တရားသူကြီး ၅-ဦးရှိရာ တစ်ဦးသာ အတိုင်အတန်းလွတ်ကြောင်း၊ ၄င်းတစ်ဦးမှာ တရားရုံး တာဝန်ကျတာ ရက်ပိုင်းသာရှိသေး၍ အတိုင်းအတန်းလွတ်ခြင်း ဖြစ်ကြောင်း၊ နေစန်းညီနောင်တို့ အတိုင်အတော ထူပုံ လျောက်ထားနေသော မြို့နယ်တရားသူကြီး ဦးတင့်လွင်။

နေစန်းညီနောင် ကတိတည်ဖို့နှင့် ညီညီညွတ်ညွတ် ချစ်ချစ်ခင်ခင် နေကြဖို့ တိုက်တွန်းနေသော ဦးဝီရသူ။

မူဆလင် ဒုက္ခသည် အမျိုးသမီးများ ကြောက်လည်းကြောက် ပျော်လည်းပျော် ဝမ်းနည်းဝမ်းသာ ခံစားနေရကြောင်း ဆင်ဖြူမယ်ဆရာတော်အား လျှောက်ထားနေပုံ။
www.mmdailystar.com