Quantcast
Channel: Myanmar Daily Star
Viewing all articles
Browse latest Browse all 4837

မဟာစင် မုန်တိုင်း ကယ်ဆယ်ရေး လုပ်ငန်းများ ပြည်သူများ အတွက် တပ်မတော်အသင့်ပြင်ထား

$
0
0
ယခုလ ၁၅ ရက်နေ့ ညနေပိုင်းတွင် ရခိုင်ကမ်းရိုးတန်းတစ်လျှောက် ၀င်ရောက်မည်ဟု ယူဆထားသော မ ဟာ ဆန် ဆိုင်ကလုန်းမုန်တိုင်းနှင့် ပတ်သက်၍ ဒေသအတွင်းရှိတပ်ဖွဲ့ဝင်များအပြင် ရေတပ်နှင့် လေတပ် တို့ ကို လည်း အသင့်ပြင်ဆင်ထားရန် ညွှန်ကြားထားပြီးဖြစ်ကြောင်းတပ်မတော် ကာကွယ်ရေးဦးစီးချုပ်ရုံးမှ အရာ ရှိ တစ်ဦးမှ ပြောကြားခဲ့သည်။
မဟာဆန်မုန်တိုင်း ရခိုင်ကမ်းရိုးတန်းကို စ၀င်မယ်လို့ သတင်းကြား ကတည်းက တပ်မတော် ကာကွယ်ရေး ဦး စီး ချုပ် အနေနဲ့ ဒေသအတွင်းမှာရှိတဲ့ တပ်တွေကို ကယ်ဆယ်ရွှေ့ပြောင်းရေးတွေ အမြန်ဆုံးလုပ်ဖို့ ညွှန် ကြား ထားပြီး ဖြစ်ပါတယ်။ အခုလဲ မုန်တိုင်းဝင်မဲ့ဒေသက အန္တရာယ်ရှိနိုင်တဲ့ ဒေသက လူတွေကို ခြေလျင် တပ် ရင်း တပ်ဖွဲ့တွေ အကူအညီနဲ့ အန္တရယ်ကင်းတဲ့နေရာကို ရွှေ့ပြောင်းရေးတွေ လုပ်နေပါပြီ။ မုန်တိုင်း ကျေ ရာက် ချိန်နဲ့ မုန်တိုင်းတိုက်ပြီးတဲ့အချိန်မှာလဲ အမြန်ဆုံး ကယ်ဆယ်ရေးတွေ ဆောင်ရွက်ဖို့ ညွှန်ကြား ထားပါ တယ်ဟုပြောဆိုခဲ့သည်။
ရခိုင်ပြည်နယ်၊ စစ်တွေမြို့အခြေစိုက် ဒေသခံခြေလျင်တပ်ရင်းမှ တပ်ရင်းမှူးတစ်ဦးကလဲ သဘာဝဘေး အန္တ ရာယ် ကျရောက်လာရင် ပြည်သူကို အမြန်ဆုံး ကာကွယ်ပေးဖို့ တပ်မတော်အကြီးအကဲတွေက ညွှန် ကြား ထားပြီးသားမှ အရင်ကြုံခဲ့တဲ့ မုန်တိုင်းတွေ တုံးကလဲ ကျွန်တော်တို့ တပ်ထဲက မုန်တိုင်းကြောင့် ပျက် စီး သွားတာတွေကို လှည့်မ ကြည့်နိုင်သေးဘဲ ပြည်သူလူထုကယ်ဆယ်ရေးကို အရင်ဆုံး ဦးစားပေးဆောင် ရွက်ရပါတယ်ဟု ပြောဆိုသွားသည်။ မြန်မာ့တပ်မတော် အနေဖြင့် မုန်တိုင်းကျရောက်နိုင်သော နေရာများ အတွင်း လိုအပ်ပါက အကူအညီ ပေးနိုင်ရေးနှင့် ဆေးဝါးကုသပေးနိုင်ရေးတို့အတွက် လေယာဉ်၊ ရဟတ် ယာဉ်နှင့် စစ်သင်္ဘောများကို အသင့်ပြင်ထားကြောင်း အစိုးရမှ ထုတ်ပြန်သည့် ကြေငြာချက်တွင် ဖော်ပြ ထား သည်။
မင်္ဂလာဒုံလေဆိပ်တွင် တာဝန်ထမ်းဆောင်လျက်ရှိသော အလတ်စား သယ်ယူပို့ဆောင်ရေး လေ ယာဉ်ေ မာင်းနှ င်သည့် အရာရှိကြီးတစ်ဦးကလဲ ကျွန်တော်တို့ တပ်မတော်(လေ)က ကုန်တင် လေယာဉ်တွေ၊ ရ ဟတ် ယာဉ်တွေအားလုံး မုန်တိုင်းကယ်ဆယ်ရေးအတွက် ၂၄ နာရီ အသင့်စောင့်နေ ရပါတယ်။ လေ တပ် က လေယာဉ်တွေ ရဟတ်ယာဉ်တွေ အားလုံးနီးပါး သဘာဝဘေးအန္တရာယ် ဖြစ်ခဲ့ရင် နာရီပိုင်းအတွင်း ကယ် ဆယ်ရေး စတင်နိုင်အောင် ပြင်ဆင်ထားပါတယ်ဟု ပြောဆိုသွားသည်။
ယခု တပ်မတော်ကာကွယ်ရေးဦးစီးချုပ်လက်ထက်တွင် မြန်မာ့တပ်မတော် အနေဖြင့် သဘာဝဘေး အန္တ ရာယ် ကာကွယ်ရေးလုပ်ငန်းများအား ယခင် ကထက် ပိုမိုဆောင်ရွက်လာကြောင်း ယခင် အထောက်အ ထား များ အရ သိရှိရသည်။
From:
အောင်စိုး(စစ်တွေ)
MON

www.mmdailystar.com

Viewing all articles
Browse latest Browse all 4837

Trending Articles


TTA Oreo Gapp Installer