၈.၈.၈၈ မှာ မြန်မာတစ်နိုင်ငံလုံးက ကျောင်းသားတွေ လမ်းပေါ်ထွက်ဖို့ မင်းကိုနိုင်က လှုံ့ဆော်တယ်။ ၈ လေးလုံးကြီး ဖြစ်တော့ လုံထိန်းတွေက ကျောင်းသူကို မုဒိန်းကျင့်ပါတယ် ဆိုတဲ့ သတင်း ကို ဌေးကြွယ်က လုပ်ကြံပြီး ဖြန့်တယ်။ ပြည်သူတွေရဲ့ ဒေါသကို ဆွတယ်။
၂၀၀၇ မှာတော့ ပဲခူးရာဘာတောထဲမှာ ၈၈ တစ်ဖွဲ့လုံး ပဲခူးရောဘာတောထဲမှာ ပုန်းပြီး ပြည် ပ က ပေးတဲ့ ဂြိုဟ်တု ဖုန်းတွေနဲ့ သံဃာတွေကို လမ်းပေါ်ထွက်အောင် လှုံ့ဆော်တယ်။
လက်ပံတောင်း ကော်မရှင်မှာကျတော့ မပါဘူး။ နောက်က ပံ့ပိုးမယ်လို့ ပြောပြီး ရဲကို အပုပ်ချတာ တစ်ခုပဲ လုပ်တယ်။
မိထ္ထီလာမှာ ပဋိပက္ခနဲ့ မဆိုင်၊ စစ်ဖိနပ်အောက် ရောက်သွားချင်လား ဆိုတဲ့ စကားနဲ့ သွေးဆူအောင် လုပ်တယ်။ ပြန်လာတော့ အစိုးရနဲ့ နောက်ကွယ်က အဖွဲ့တွေ လုပ်ကြောင်း ကျွန်တော်တို့ သိပါ တယ်ဆိုပြီး အစိုးရက လုပ်သယောင် ရန်တိုက်တယ်။
ဘင်္ဂလီကြောင့် ရခိုင်မှာ ဖြစ်တဲ့ ဒုက္ခသည် တွေဆီ ခင်ဗျားတို့ မသွားဘူး။ မိထ္ထီလာမှာ မီးလောင် ဒုက္ခသည်တွေဆီ ခင်ဗျားတို့ မသွားဘူး။ အခု မုံရွာမှာ ရေက ပြတ်၊ မုန်တိုင်းကပါ ဆက်လာလို့ ပြိုပျက်နေတာ ခင်ဗျားတို့ မသွားဘူး။ စစ်ပွဲအရိပ်တွေ ပြနေတဲ့ ရှမ်းပြည်ကို ခင်ဗျားတို့ သွားတယ်။
ခင်ဗျားတို့မှာ တိုင်းပြည် အတွက် ကောင်းရာကောင်းကျိုး ပူးပေါင်းဆောင်ရွက်မယ့် စိတ် မရှိကြတော့ဘူးလား။ အစိုးရနဲ့ တပ်မတော်ကို နယ်လှည့်အပုပ်ချတာ၊ ဆူပူမှုတွေ ဖြစ်အောင် လုပ်တာထက် ပိုတဲ့ အရည်အချင်း မရှိတော့ဘူးလား။
www.mmdailystar.com