Quantcast
Channel: Myanmar Daily Star
Viewing all articles
Browse latest Browse all 4837

ဒေါ်စုပါးအား ဖက်နမ်းခဲ့သည့် သမ္မတ အိုဘားမားနှင့် သမ္မတ ဦးသိန်းစိန် အိမ်ဖြူတော်တွင် တွေ့မည်

$
0
0

ဒီမိုကရေစီစနစ်သို့ ကူးပြောင်းနိုင်ရေး လုပ်ဆောင်နေသည့် နိုင်ငံတကာ အသိအမှတ်ပြုမှု ရရှိလာသည့် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်နှင့် အမေရိကန်သမ္မတ ဘားရက်အိုဘားမားတို့ အမေရိ ကန်ပြည်ထောင်စု ဝါရှင်တန်ဒီစီရှိ အိမ်ဖြူတော်တွင် မေလ ၂၀ ရက်နေ့၌ တွေ့ဆုံ မည်ဖြစ်ကြောင်း အစိုးရ အဖွဲ့နှင့် နီးစပ်သူများထံမှ သိရသည်။ မြန်မာသမ္မတ ဦးသိန်းစိန်မှာ အမေရိကန်အစိုးရအဖွဲ့၏ ဖိတ်ကြားချက် အရ အမေရိကန် ပြည်ထောင်စုသို့ မေလ ၁၉ ရက်နေ့ခန့် တွင် ရောက် ရှိ မည်ဖြစ်ပြီး မေလ ၂၀ ရက်နေ့တွင် သမ္မတအိုဘား မားနှင့် တွေ့ဆုံမည်ဖြစ်ကြောင်း ၄င်းတို့ထံမှ သိရသည်။ 

 ဦးသိန်းစိန်၏ ယခု အမေရိကခရီးစဉ်မှာ အမေရိကန် အစိုးရ၏ ဖိတ်ကြားချက်အရ ပထမဆုံး သွားရောက်သော ခရီးစဉ်ဖြစ်ပြီး မြန်မာနိုင်ငံ အစိုးရအဖွဲ့၏ အမြင့်ဆုံး ခေါင်းဆောင်တစ်ဦး အနေဖြင့် ၁၉၆၆ ခုနှစ်နောက်ပိုင်းတွင် ပထမဆုံး ပြန်လည်သွားရောက်မည့် ခရီးစဉ်လည်း ဖြစ်သည်။ “သမ္မတ အိုဘားမားနဲ့ တွေ့ပြီးရင် အမေရိကန် လွှတ်တော်အမတ်တွေနဲ့ တွေ့ဖို့လည်း စီစဉ် ထားတယ်” ဟု အစိုးရအဖွဲ့နှင့် နီးစပ်သူတစ်ဦးက ဆိုသည်။

 နိုင်ငံတော်သမ္မတ ဦးသိန်းစိန်၏ အဆိုပါ အမေရိက ခရီးစဉ်မှာ သုံးရက်ခန့် ကြာမြင့်မည်ဖြစ်ကြောင်း အစိုးရအဖွဲ့နှင့် နီးစပ်သူများက ဆိုသည်။ ကမ္ဘာ့အင်အား အကြီးဆုံးနိုင်ငံ၏ သမ္မတတစ်ဦးဖြစ်သည့် အမေရိကန်သမ္မတနှင့် ကာလတိုအတွင်း နှစ်ကြိမ် သီးသန့် တွေ့ဆုံနိုင်ခြင်းမှာ ထူးခြားကြောင်း အမေရိကန် ပြည်ထောင်စုနှင့် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတို့ အကြား ဒီမိုကရေစီမိတ် ဖက်အဖြစ် ဖော်ဆောင်ခြင်း ဖြစ်နိုင်ကြောင်း နိုင်ငံရေးလေ့လာသူများက သုံးသပ်ကြသည်ဟု ၂၀၁၃ ခုနှစ် မေလ ၆ ရက်နေ့ထုတ် The Voice Daily သတင်းစာတွင် ဖော်ပြထားပါသည်။ 
From:ခေတ်လူငယ်

www.mmdailystar.com

Viewing all articles
Browse latest Browse all 4837

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...