“ကျမအနေနဲ့ စစ်တပ်အပေါ်မှာ အင်မတန့်ကို ကောင်းမွန်တဲ့သဘောထား ရှိထားပြီးသားပါ။ ဒါကြောင့်လည်း လွှတ်တော်ထဲမှာ သူတို့နဲ့အတူ ယှဉ်တွဲထိုင် ရ တာကို စိတ်အနှောက် အယှက်မဖြစ်သလို အဲဒီလို ထိုင်ရတာ ကိုပဲ ကျေနပ်မိပါတယ်။” ဒေါ်အောင်ဆန်းစုကြည်
From:OE-------------------------------
ပြီးခဲ့သည့် တပ်မတော်နေ့ အခမ်းအနားတွင် တင့်ကား၊အမြောက် များဖြင့် ပထမဆုံး ပြုလုပ်သည့် စစ်ေ ကြာင်း အား အောင်ဆန်းစစ်ကြောင်းဟု အမည်ပေးခဲ့ခြင်းဖြင့် တပ်မတော် မှ ဗိုလ်ချုပ်အောင်ဆန်း အပေါ် အေ လး ထားမှုကို ဖော်ပြခဲ့သည်။ ထိုအခမ်းအနားသို့ ဒေါ်အောင်ဆန်းစုကြည်အား ဖိတ်ကြား တက်ရော က်ေ စခဲ့ပါသည်။ နေအိမ် အကျယ်ချုပ်မှ လွတ်မြောက်ပြီး လွှတ်တော်ကိုယ်စားလှယ် အဖြစ် အရွေး ခံရပြီးေ နာက် ဒေါ်အောင် ဆန်း စုကြည် အနေဖြင့် တပ်မတော်နှင့် ပူးပေါင်းဆောင်ရွက်လိုသည့် စကားများကို သာ ဆက် တိုက် ပြောဆိုခဲ့ ပါသည်။ ထိုအခြေအနေအား ပြည်တွင်းနိုင်ငံရေး သုံးသပ်သူများက အပေါင်း လက္ခ ဏာ အဖြစ် ရှုမြင်ပြီး အချို့ကတော့ ဒေါ်အောင်ဆန်းစုကြည် သည် အာဏာရရန်အတွက် စစ်တပ်နှင့် ပူးေ ပါင်းေ နပြီဟု ဝေဖန်ကြပါ သည်။
လွှတ်တော် ကိုယ်စားလှယ် အကြီးတန်း စစ်ဘက်အရာရှိကြီး တစ်ဦးမှ ကျွန်တော်တို့ တပ်မတော်က ဒို့တာ ၀န် အရေး(၃)ပါးကို အဓိကထား ကာကွယ်စောင့်ရှောက်တဲ့ တပ်မတော်ပဲ ဖြစ်ပါတယ်။ မည်သည့် အစိုးရ တက် တက် ပူးပေါင်းလုပ်ဆောင်ဖို့ အဆင်သင့် ဖြစ်တဲ့အတွက် လူပုဂ္ဂိုလ် တစ်ဦးသာ ဖြစ်တဲ့ ဒေါ်အောင် ဆန်း စုကြည် အပေါ်မှာ ပုဂ္ဂိုလ်ရေး အာဃာတ မရှိပါဘူး။ အခြေခံ ဥပဒေနဲ့ အညီ သူမ သမ္မတ ဖြစ်လာ ရင် လည်း သူမနဲ့ အတူ ပူးပေါင်းဆောင်ရွက်သွားမှာပါဟု ဂျာနယ်လစ်များ ရှေ့မှာ ပြောဆိုခဲ့ဖူးပါသည်။
လက်ရှိသက်ရှိထင်ရှား ဆွေမျိုးစု စာရင်းတွင် ဒေါ်အောင်ဆန်းစုကြည် တစ်ယောက်သာ မြန်မာလူမျိုး အဖြစ် ရှိ နေခြင်း၊ ယခင် အစိုးရလက်ထက် တွင် တပ်မတော်ကို တိုက်ခိုက်ပြောဆို မှုများ ပြုလုပ် ခဲ့ခြင်းနှင့် ပုဂ္ဂိုလ်ေ ရး ဆိုင် ရာ အမူအကျင့်များ အပေါ် လက်မခံနိုင်ခြင်း တို့ကြောင့် အချို့စစ်ဘက် အရာရှိများ ကတော့ ဒေါ်ေ အာင် ဆန်း စု ကြည်ကို သမ္မတအဖြစ် လက်ခံဖို့ ငြင်းဆန်ကြပါသည်။ သို့သော်လည်း အများစုကတော့ မည် သူ သမ္မတ ဖြစ်ဖြစ် အရေးမစိုက်ဟုသာ ပြောဆိုကြပါသည်။
ဒေါ်စုက ကျွန်မဖေဖေ တည်ထောင်ခဲ့တဲ့ တပ်မတော်ဖြစ်တာကြောင့် ကျွန်မလည်း တပ်မတော်ကို ချစ်ပါ တယ် ဆိုပြီး ပြောခဲ့တယ်။ ဒါပေမယ့် နိုင်ငံလုံခြုံရေးကြောင့် ကချင်စစ်မြေ၊ရှမ်းစစ်မြေ တွေမှာ ကျဆုံးသွား တဲ့ စစ် သား တွေနဲ့ ပတ်သက်တာကို ဘာမှ မပြောဖူးဘူး။ တိုင်းရင်းသား လက်နက် ကိုင်တွေ နဲ့တွေ့တယ်။ ဖယ် ဒရယ် စနစ် တွေ၊ ဒုတိယ ပင်လုံတွေ ကို ပြောတယ်။ ကျွန်တော်ထင်တာကတော့ တပ်မတော် တစ်ရပ် လုံးထက် အခြေခံ ဥပဒေ ပြင်ဖို့ လွှတ်တော်ထဲက ၂၅%ကို ချစ်ပြတယ်လို့ပဲ ထင်တယ်ဟု ဗိုလ်ကြီး အဆင့်ရှိ အရာရှိ တစ်ဦးမှ ပြော ဆိုခဲ့ပါသည်။
ဒေါ်အောင်ဆန်းစုကြည်ဟာ တပ်မတော်ကို စတင်ဖွဲ့စည်းခဲ့တဲ့ ရဲဘော်သုံးကျိပ်ဝင် ဗိုလ်ချုပ်အောင်ဆန်း ၏ သမီး ဖြစ်တာကြောင့် မြန်မာ့ ပထမဆုံး တပ်မိသားစု စာရင်းဝင် အမျိုး သမီး ဖြစ် ပါသည်။ ထို့ပြင် တပ် မတော် ခေါင်း ဆောင်ကြီး တစ်ဦး၏ သမီးဖြစ်တာကြောင့် သူမဟာ တပ်မတော် မိသားစု အသိုင်းအ၀ိုင်းမှာ အထူး အရေးပေး လူပုဂ္ဂိုလ် တစ်ဦးလ ည်း ဖြစ်နိုင်ပါ သည်။ နိုင်ငံရေး သမားများကတော့ ဒေါ်အောင်ဆန်း စုကြည် အနေဖြင့် တပ် မတော်နှင့် ပူးပေါင်းဆောင်ရွက်မယ် ဆိုတာ ဒီတိုင်း ပြောနေယုံနဲ့တော့ ထူးခြားမှုလို့ ယူဆလို့ မရပါဘူး။ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်နဲ့ တွေ့ဆုံပြီး ဆွေးနွေးညှိနှိုင်းမှုတွေ လုပ်လာပြီ ဆိုမှ သာ ထူးခြားမှု ဖြစ် တယ်လို့ ပြောလို့ရမယ်ဟု မှတ်ချက် ပြုကြပါသည်။
မော်လမြိုင် တပ်နယ် တပ်ရင်း တစ်ခုမှ အရာရှိ တစ်ဦး၏ ဇနီးဖြစ်သူ အိမ်ထောင်သည် ရဲမေ တစ်ဦး ကတော့ ဒေါ်အောင်ဆန်းစုကြည် သမ္မတ ဖြစ်ရင် စစ်တပ်ကြီးပါ အထိုက် အလျောက် ပြောင်းလဲ မယ်လို့ ထင် တယ်။ ကျွန်မက အရင်ကထဲက သူ့ကို အားကျတယ်။ သူ သမ္မတ ဖြစ် ရင် ပြည် ပနိုင်ငံ တွေ အတိုင်း တပ်မေ တာ် လည်း အဆင့်မြင့်လာမယ်၊ တင်းကြပ်တဲ့ စည်းကမ်းတွေထက် နည်းနည်း ပို သက်သာလာမယ် ထင် တယ် ဟု ပြောပြခဲ့ သည်။
မြန်မာနိုင်ငံ အနေဖြင့် ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ်တွင် တိုင်းရင်းသား လက်နက်ကိုင်များနှင့် တပ် မတော် အကြား တိုက်ပွဲများ ဖြစ်ပွားလျှက် ရှိပြီး ထိုတိုင်းရင်းသား လက်နက်ကိုင် များအရေး တွင် ပြည်ပနိုင် ငံများ မှ တိုက် ရိုက် ၀င်ရောက်စွက်ဖက်လျှက် ရှိသည်။ ကချင်ပြည်နယ် အတွင်း ကေအိုင်အေနှင့် ဖြစ်ပွား ခဲ့သော စစ်ပွဲများ အတွက် ဒေါ်အောင်ဆန်းစုကြည်မှ မည်သည့် ၀င်ရောက် စွက် ဖက်မှုမှ မပြုလုပ်ခဲ့သလို ဖယ်ဒ ရယ် စနစ်ကြောင့် တရားဝင် အများ အပြား ဖြစ် လာနိုင်တဲ့ လက်နက်ကိုင် တပ်ဖွဲ့များ အကြောင်း ကိုလည်း မှတ်ချက်ပြု ပြောဆိုဖူး ခြင်း မရှိသေးပါ။
www.mmdailystar.com