Quantcast
Channel: Myanmar Daily Star
Viewing all articles
Browse latest Browse all 4837

စစ်တွေ၌ လူဦးရေစစ်ဆေးခြင်းကို လက်မခံဘဲ အကြမ်းဖက်မှုများ ဖြစ်ပွားခဲ့၍ နောက်ကွယ်မှ ကြိုးကိုင်သည်ဟု ယူဆရသူ အချို့အား ဖမ်းဆီး

$
0
0


ရခိုင်ပြည်နယ်အတွင်း ဘင်္ဂါလီလူဦးရေအား စစ်ဆေးခြင်းအပေါ် လက်မခံဘဲ အကြမ်းဖက်မှု များ ဖြစ်ပွား ခဲ့သဖြင့် နောက်ကွယ်မှ ကြိုးကိုင်သည်ဟု ယူဆရသူများအနက် အချို့အား ဖမ်းဆီး အမှုဖွင့်လိုက်ပြီ ဖြစ်ကြောင်း သိရသည်။

ယင်းသို့ ဖမ်းဆီးရာတွင် နောက်ကွယ်မှ ကြိုးကိုင်လှုပ်ရှားသူများဟု ယူဆရသူများကိုသာ အဓိကထား ဖမ်းဆီးအမှုဖွင့်ခြင်း ဖြစ်ပြီး ဧပြီ ၂၉ ရက်အထိ အမှုဖွင့် အရေးယူထားသူ ခုနစ်ဦးအထိ ရှိနေပြီ ဖြစ်ကြောင်းလည်း သိရသည်။ ဧပြီ ၂၆ ရက်က ရခိုင်ပြည်နယ် စစ်တွေမြို့တွင် ဘင်္ဂါလီအရေအတွက် မည်မျှ ရှိသည်ကို ပြည်ထောင်စုအဆင့် စစ်ဆေးခြင်းဖြစ်ရာ ဘင်္ဂါလီများက လက်မခံဘဲ အကြမ်းဖက်မှုများကိုလည်း ပြုလုပ်ခဲ့ရာ သွားရောက် စစ်ဆေးသူအချို့ ဒဏ်ရာရ ရှိခဲ့သည်အထိ ဖြစ်ပွားခဲ့၍ ပြန်လည်ပြေးလာ ခဲ့ရကြောင်း သိရသည်။

ယင်းအတွက် သက္ကယ်ပြင်ကျေးရွာမှ ကျော်မြင့်၊ ကျော်ခင်၊ စံလင်း၊ လှမြင့်၊ ဘသာ၊ မာမတ် ဟာ ရှိန်းနှင့် ဆော်လီမာန်တို့အား ဖမ်းဆီးတရားစွဲဆိုထားကြောင်း သိရသည်။ ယင်းအမှုအား လ၀က မှူး ဦးရန်အောင်မြင်က တရားစွဲဆို အမှုဖွင့်ခဲ့ရာ ဒုရဲအုပ်အေးကျော်က ယင်းအမှုနှင့် ပတ်သက်ပြီး ဖမ်းဆီးထားသူများအား စစ်တွေမြို့နယ် ရဲစခန်းမှ(ပ) ၉၉/၁၃၊ ပြစ်မှု ပုဒ်မ ၁၄၈/၃၃၃/၃၈၂/၅၀၆ တို့ဖြင့် အမှုဖွင့် အရေးယူ စစ်ဆေးလျက်ရှိကြောင်း သိရသည်။

ယင်းဖြစ်စဉ် မဖြစ်ခင်ကတည်းက သက္ကယ်ပြင်၊ သဲချောင်းနှင့် အခြားနေရာများတွင် ရိုဟင်ဂျာ နယ်မြေဟု ဆေးများဖြင့် ရေးထိုးထားခြင်း၊ စာများဖြင့် ကပ်ထားခြင်း များကို ပြုလုပ်ခဲ့ကြောင်းလည်း မျက်မြင်သက်သေများက ဆိုသည်။ လက်ရှိ၌ လူဦးရေ စစ်ဆေးခြင်းကို ရက်အကန့်အသတ်မရှိ ရပ်ဆိုင်းထားကြောင်း သိရသည်။

စစ်တွေမြို့ သက္ကယ်ပြင်ကျေးရွာတွင် ဘင်္ဂါလီကလေးငယ်များအား ဧပြီ ၂၆ ရက်က တွေ့ရစဉ်


From: Eleven Media Group

www.mmdailystar.com

Viewing all articles
Browse latest Browse all 4837

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>