သက္ကေပြင် ဒုက္ခသည်စခန်းတွင် ဘင်္ဂလီဒုက္ခသည်စာရင်း(ဆွဲ၊ တင်၊ စစ်)ကောက်ခံရန် သွားရောက် ခဲ့သည် အဖွဲ့မှာ ဘင်္ဂလီဒုက္ခသည်များ၏ ရန်ရှာမှုကို ခံခဲ့ရကြောင်းသိရသည်။
အဆိုပါအဖွဲ့မှ စတင်စာရင်းကောက်ယူရာတွင် အိမ်ထောင်စု နှစ်စုလောက်ကိုသာ စာရင်းကောက်ယူ ခဲ့ရပြီး နောက်ပိုင်းတွင် ကျေးရွာ အုပ်ချုပ်ရေးမှုးမှာလည်း တိမ်းရှောင်သွားပြီးနောက် ဘင်္ဂလီကုလား များမှာ ရုန်းရင်းဆန်ခတ်ပြုလုပ်ပြီး စာရင်းကောက်ယူသည့်အဖွဲ့များအား ရန်ရှာခဲ့ခြင်းဖြစ်သည်။
ကျောက်ခဲများဖြင့် ပစ်ပေါက်ခြင်း၊ ခြေထောက်များဖြင့် လှမ်းကန်ခြင်းတို့ကြောင်း စာရင်းကောက် ယူသည့်အဖွဲ့မှာ ထွက်ပေးလာခဲ့ရကြောင်းသိရသည်။
ကုလားများမှ ကျောက်ခဲများဖြင့် ပစ်ပေါက်ခြင်းကြောင့် လုံခြုံရေး စစ်သားတစ်ဦးမှာ ခေါင်းကွဲပြီး ဒါဏ်ရာ အပြင်းအထန်ရရှိသွားကြောင်း သိရပါသည်။
''ကျွန်တော်တို့ သေတော့မလိုဖြစ်သွားတယ်။ သူတို့ (ကုလားတွေ) ကျွန်တော်တို့ ကို ခြေနဲ့လှ မ်းကန်တယ်။ ခြေနဲ့လှမ်းကန်လို့ရတာက ကျွန်တော်တို့က သူတို့အလယ်မှာ စာရင်းကောက် ဖို့အတွက် လုပ်နေတာကိုး။ အစတော့ ကျွန်တော်တို့ က ခြေလှမ်းမှန်မှန် လဲ ပြန်ထွက် လာတာ၊ နောက်ပိုင်းကျတော့သူတို့ ကျွန်တော်တို့ကို ခဲနဲ့လှမ်းထု တာ ကျွန်တော်တို့လည်း အသက်လုပြီးပြေးလာရတာပဲ။ စစ်သားတစ်ယောက်တောင် မှ ခေါင်းကွဲသွား တာ ခေါင်းတ စ်ခု လုံး သွေးတွေရဲနေတာပဲ၊ ဒါဏ်ရာလည်းတော်တော်ပြင်းတယ်"" ဟု အဆိုပါအဖွဲ့တွင် ပါဝင် သွားသူတစ်ဦးမှ ပြောကြားခဲ့ပါသည်။
www.mmdailystar.com