မြို့လယ်ခေါင် လမ်းသလားပြီး ဆန္ဒပြသည့် အမျိုးသမီးမှ အကျီင်္စကိုဆွဲပြီး ရန်တွေ့တာ ခံရသည်။
လယ်ယာမြေ ပြဿနာအကြား လုံခြုံရေးယူပေးစဉ် ဆန္ဒပြသည့် လူအုပ်စုမှ ၀ိုင်းရိုက်တာကို ခံရသည်။
ပါတီ အလံထောင် လူငယ်များကို တားမြစ်ရာမှ အရိုက်အနှက် ခံရသည်။
ယခုတော့ အဆင့်မြင့်လာလေပြီ။ စနစ်တကျ တန်းစီ၍ အဓိကရုဏ်း မဖြစ်စေရန် ကာကွယ်သည့် ရဲကို လေးဂွဖြင့် ပစ်သည်။ ခဲဖြင့် ပစ်သည်။ တုတ်ဖြင့်ရိုက်သည်။ ရေသန့်ဗူးတွင် ဓာတ်ဆီထည့်၍ မီးရှို့ပြီး ပစ်သည်။
စထွက်လာကတည်းက ထန်းလက်ဒုတ်များ အသင့်ယူလာကြသည်။
ထို အပြုအမူများကို မည်သူတွေ သင်ပေးသလဲ။ ရွာသားတွေ အလိုလို တတ်ကြသလား။
မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၏ ဥပဒေနှင့်ညီညွှတ်မှုမရှိသော ဆောင်ရွက် ချက်များ၊ လုပ်ပိုင်ခွင့်အား အလွဲ သုံး စားပြု လုပ်မှု၊ အဂတိလိုက်စားမှု များနှင့်ပတ်သက်၍ ပြည်သူလူထုမှ တိုက်ရိုက်တိုင်ကြားနိုင်ရေး အ တွက် မြန် မာနိုင် ငံရဲတပ်ဖွဲ့ဌာနချုပ်၊ နေပြည်တော်တွင် အော်တို တယ်လီဖုန်းများ တပ်ဆင်၍ ၂၄ နာရီ အ ချိန်ပြည့် ဖွင့်လှစ်ထားရှိပြီး တယ်လီဖုန်း အမှတ် ၀၆၇-၄၁၂၂၂၂ နှင့် ၀၆၇-၄၁၂၄၄၄ သို့ ဆက်သွယ် တိုင် ကြားနိုင်သည်။
ယခုလို ရဲတပ်ဖွဲ့ကို ပြန်ပြီး အကြမ်းဖက်သူများအတွက် မည်သို့ လုပ်မည်လဲ။

www.mmdailystar.com