Quantcast
Channel: Myanmar Daily Star
Viewing all articles
Browse latest Browse all 4837

ဟာကျူလီ ကသာပြောတဲ့ အာဏာရှင်ဆန်တဲ့ သမ္မတကြီး၏ လုပ်ရပ်နှင့် အဖြစ်မှန်

$
0
0
 
မန္တလေး ဘူတာရုံ ဖြစ်စဉ်အမှန်
ဒီနေ့ အင်တာနက်မှာ သမ္မတကြီး ဦးသိန်းစိန်ကို အပုပ်ချထားတဲ့ Comment အချို့ကိုတွေ့လိုက်လို့ ဒီစာ ကိုရေး လိုက်ရတာပါ။ အပုပ်ချထားတဲ့စာထဲမှာ သမ္မတကြီး ဦးသိန်းစိန် တပ်ရင်းမှူးဘ၀က မန္တလေး ဘူ တာ ကြီး မှာ သူစီးမဲ့ ရထားထွက်သွားလို့ သူ့ကိုမစောင့်ရမလားဆိုပြီး ရုံပိုင်ချုပ်ကို လက်သီးနဲ့  ထိုးတယ် ဆိုပြီး ရေးထားပါတယ်။ဒုဗိုလ်မှူးကြီးသိန်းစိန်ကြောင့် ရုံပိုင်ချုပ်လည်း အလုပ်ပြုတ်သွားပြီး DSA တက်နေတဲ့ ရုံပိုင်ချုပ်သားလဲ ကျောင်း ထု တ်ခံရတယ်လို့ရေးထားပါတယ်။
အဲဒီအချိန်တုန်းက ကျွန်တော်ဟာ မီးရထားအရာရှိအဖြစ် မန္တလေးဘူတာမှာ တာဝန်ကျနေ ခဲ့တဲံ အတွက်ေ ကြာင့် မို့လို့ ဒီဖြစ်စဉ်ကို အသေးစိတ်ကြုံတွေ့ခဲ့ရပါတယ်။အချိန်က ၁၉၉၁ ခုနှစ်မှာ ဖြစ် ပါတယ်။ရုံပိုင် က ဦးစံရွှေမောင် လို့ ခေါ်ပါတယ်။ သူ့သားက DSA အပတ်စဉ်(၁၈)က ကိုကောင်းမြတ် သူပါ။အဲဒီ လိုဖြစ်တဲ့ အချိန်မှာ ကိုကောင်းမြတ်သူက တိုက်ပွဲမှာကျလို့ ဆုံးနေခဲ့ပါပြီ။
ဒါကြောင့် ဒုမှူးကြီး သိန်းစိန်နဲ့ရန်ဖြစ်လို့ DSA မှာ တက်နေတဲ့ ဗိုလ်လောင်း ကျောင်းထုတ်တယ် ဆိုတာ မဟုတ် ပါဘူး။ အဲဒီတုန်းက ရုံပိုင်ချုပ် ဦးစံရွှေမောင်ဟာ ဘယ်လိုလူမျိုးလဲ ဆိုတာ အဲဒီအချိန် က မန္တလေး ဘူတာမှာ တာဝန်ထမ်းဆောင်ခဲ့တဲ့ ၀န်ထမ်းတော်တော်များများ သိကြပါ တယ်။ သူဆုံး သွားလို့ သူ့ အေ ကြာင်း မကောင်းပြောတာမဟုတ်ပါ ဘူး။ ဖြစ်ရပ်မှန်ကိုအားလုံးသိစေချင်လို့ပါ။ အဲဒီလိုဖြစ် တဲ့နေ့က ဒုတိယ ဗိုလ်မှူးကြီး သိန်းစိန် တာဝန်အရ ခရီးသွားဖို့ မနက်အစောကြီးမှာ ရထားလက်မှတ် လာဝယ်ပါတယ်။
ရုံပိုင်က ရထားထွက်ခါနီး နာရီဝက်အလိုမှာ ပစ္စည်းတွေတစ်ခါတည်း ယူပြီး လာခဲ့ ဆိုပြီး ပြောလိုက် ပါတယ်၊ဒုဗိုလ် မှူးကြီး သိန်းစိန် က ယူနီဖောင်းအပြည့်အစုံနဲ့ ရထား မထွက်ခင် (၁)နာရီ ကြိုပြီး လာပါတယ်။ ပ စ္စည်းတွေလဲ ပါလာပါတယ်။အဲဒီအချိန်မှာ ရထားတွဲတွေငှားတဲ့ ကုန်သည်တွေနဲ့ ရုံပိုင်က စ ကားပြောနေ ပါတယ်။ရုံပိုင် က ခဏစောင့်ဦး ဆိုပြီး ကုန်သည်နဲ့ ဆက်ပြီး စကားပြောနေ တာပါ။ ဒီအချိန်မှာ တစ်ခြား မှောင်ခို လက် မှတ်တွေ ကိုတော့ တစ်ခါတည်း လုပ်ပေး တာ ကို တွေ့နေရပါတယ်။ဘေးမှာ ရထားက အရာရှိ တစ်ယောက် ရှိပါတယ်။ အလုပ်သင်(၄)က ဗိုလ်ကြီးနဲ့ ပြောင်းသွားတဲ့ သူပါ။အခုလက်ရှိ သက်ရှိထင်ရှား ရှိနေပါသေးတယ်။
ရုံပိုင်ချုပ်က ကုန်သည်တွေနဲ့ ဟေလားဝါးလား ပြောဆိုနေပြီးတော့ ဒုဗိုလ်မှူးကြီး သိန်းစိန်ကို ထိုင်ခိုင်း ထား တာ ပါ။ရထားချိန် နီးလာတာနဲ့အမျှ ဒုဗိုလ်မှူးကြီး သိန်းစိန်က စိတ်ပူပြီး ရထားလက် မှတ် ကိစ္စ ထပ်ပြော ပါတယ်။အဲဒီအချိန်မှာ ရုံပိုင်ချုပ် တပည့်တွေ အလျှိုလျှိုဝင်လာပြီး ရထားလက် မှတ်တွေကို မှောင်ခိုသမားတွေဆီ ပေးနေ တာ ဒုဗိုလ်မှူးကြီး သိန်းစိန်က မြင်နေပါတယ်။အဲဒါနဲ့ ဒုဗိုလ်မှူးကြီး သိန်းစိန်က မနက် အစောကြီး ကတည်းက ကျွန်တော်လက်မှတ် လာဝယ်ခိုင်း ထားတာပါ။ အခုထိ မရသေးဘူး။ ကျွန်တော့်မှာ အရေးကြီး တာဝန် နဲ့ပါ လို့ပြောပါတယ်။
ရုံပိုင်ချုပ်က ခင်ဗျားဘာလောနေတာလဲဆိုပြီး ရိုင်းရိုင်းစိုင်းစိုင်း စပြောပါတယ်။
မှောင်ခိုသမားတွေ ခုမှလာပြီး လက်မှတ်တွေ ယူနေတယ်။ နိုင်ငံ့တာဝန်နဲ့သွား လာနေတဲ့သူတွေ ကျတော့ ဒီလို လက်မှတ်လုပ်မပေးတာကောင်းသလားဆိုပြီး စကားများကြတာပါ။ရုံပိုင်ချုပ်က ခင်ဗျား ကျွန်တော် ပေးရင် ရမယ်-မပေးရင် မရဘူးဗျာ ဆိုပြီး ပြောပါတယ်။ဒီမှာပဲ ခင်ဗျား ပြောတာ မိုက်ရိုင်းလှချည်လားဆိုပြီး လက်နဲ့ ရင်ဘတ်ကို ဆောင့်တွန်းတာပါ။ မထိုးပါဘူး။ဒီ မှာပဲ အကျယ်အကျယ် မဖြစ်ရအောင် ရုံပိုင်တပည့်တွေက လက်မှတ် ချက်ချင်း ထုတ်ပေးပါတယ်။ဖြစ် စဉ်က ဒါပါပဲ။
ဦးမြ၀င်း (မီးရထားအရာရှိဟောင်းတစ်ဦး)
အမှန်တရား အား မြတ်နိုးရင် သမ္မတကြီး အတွက် ၀ိုင်းဝန်း ရှယ်ပေးကြပါစို့...... We Love True မှ စုံစမ်း မေးမြန်တင်ဆက်ပါသည်။
 
 
From:We Love True

www.mmdailystar.com

Viewing all articles
Browse latest Browse all 4837

Trending Articles


တာချီလိတ်၌ အမျိုးသားတစ်ဦး မိမိကိုယ်ကိုယ် သေနတ်ဖြင့် ပစ်၍ သေဆုံး ( ရုပ်သံ )


ဒေါ်အောင်ဆန်းစုကြည် မဟုတ်တဲ့ မြန်မာနိုင်ငံရဲ့ ပထမဆုံး အမျိုးသမီး သမ္မတ...


စာအုပ်​​ပေါင်း ၆၀၀ ​ကျော်​ပါတဲ့ Link


၂၀၀၁ ခုနှစ် ထိုင်း - မြန်မာ နယ်စပ် တိုက်ပွဲများ


ဘုရင့်နောင်မှ တောင်ငူကို သိမ်းခြင်း


ခင်ဝင့်ဝါ၏ ဖော်ချွတ်ပြထားသော အလှတရားများ


ဆားပုလင်းနှင်းမောင်၏ နိဂုံး


ချူံမြင်တိုင်းတိုးချင်နေကြတဲ့ ချစ်သူစုံတွဲများ နားထောင်ပေးပါ


ကရဝေး စိုက်ပျိုးနည်း


စပါး ⁠ဖောင်စီးဂဏန်း ကျ⁠ရောက်ပုံ ⁠နှင့် ကာကွယ်⁠နှိမ်နင်းနည်းများ



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>