


နေပြည်တော် ဧပြီ ၂၄
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်သည် ဘရူနိုင်း ဒါရူဆလမ်နိုင်ငံ ဘန်ဒါဆရီ ဘီဂါဝန်မြို့၌ ကျင်းပမည့် (၂၂) ကြိမ်မြောက် အာဆီယံ ထိပ်သီးအစည်းအဝေးသို့ တက်ရောက်ရန် အဖွဲ့ဝင်များ လိုက်ပါလျက် ဧပြီ ၂၄ ရက် နံနက်ပိုင်းတွင် နေပြည်တော်မှ အပြည်ပြည် ဆိုင်ရာ မြန်မာလေကြောင်း အထူးလေယာဉ်ဖြင့် ထွက်ခွာခဲ့ရာ ဒေသစံတော်ချိန် ညနေ ၅ နာရီ ၁၅ မိနစ်တွင် ဘရူနိုင်း ဒါရူဆလမ်နိုင်ငံ ဘန်ဒါဆရီဘီဂါဝန်မြို့ အပြည်ပြည်ဆိုင် ရာလေဆိပ် သို့ ရောက်ရှိသည်။
နိုင်ငံတော်သမ္မတ ဦးသိန်းစိန်ခေါင်းဆောင်သော အဖွဲ့ဝင်များအား ဘရူနိုင်း ဒါရူဆလမ်နိုင်ငံ ဝန်ကြီးချုပ် ရုံး ဝန်ကြီးဌာနနှင့် နိုင်ငံခြားရေးဝန်ကြီးဌာနတို့မှ အဆင့်မြင့် အရာရှိကြီးများ၊ ဘရူနိုင်း ဒါရူဆလမ် နိုင်ငံဆိုင်ရာ မြန်မာနိုင်ငံ သံအမတ်ကြီး ဒေါ်ယဉ်ယဉ်မြင့်နှင့် သံရုံးမှ ဝန်ထမ်းနှင့် မိသားစု များက ကြိုဆိုနှုတ်ဆက်ကြသည်။
ထို့နောက် နိုင်ငံတော်သမ္မတ ဦးဆောင်သော အဖွဲ့ဝင်များသည် မော်တော် ယာဉ်များဖြင့် ခေတ္တ တည်းခို မည့် ဘန်ဒါဆရီ ဘီဂါဝန်မြို့ရှိ အင်ပါယာ ဟိုတယ်သို့ ရောက်ရှိကြသည်။
www.mmdailystar.com