Quantcast
Channel: Myanmar Daily Star
Viewing all articles
Browse latest Browse all 4837

မြန်မာအပေါ် အီးယူဒဏ်ခတ်မှု ဖယ်ရှားတဲ့အပေါ် သြစီကြိုဆို

$
0
0



ဥရောပသမဂ္ဂ ​အီးယူက ​မြန်မာနိုင်ငံအပေါ် ​စစ်လက်နက်ရောင်းဝယ်မှုကလွဲပြီး ​ကျန်ဒဏ်ခ တ်ပိတ် ဆို့မှု ​အားလုံးကို ​ဖယ်ရှားပေးလိုက်တဲ့အပေါ် ​သြစတြေးလျနိုင်ငံခြားရေး ​ဝန်ကြီး    ​ဘော့ဘ်ကားရ်က ​ကြိုဆိုလိုက်ပါတယ်။

ဒီလုပ်ဆောင်ချက်ဟာ ​အီးယူအနေနဲ့ ​မြန်မာနိုင်ငံမှာ ​ရင်းနှီးမြုပ်နှံမှုလုပ်ဖို့ ​ပိုမို ​လမ်းပွင့်စေ မှာဖြစ်သလို ​ဒီမိုကရေစီစနစ် ​ပိုမိုထွန်းကားစေနိုင်တယ်လို့လည်း ​ပြောလိုက်ပါတယ်။

အီးယူ ​နိုင်ငံခြားရေးဝန်ကြီးတွေက ​မြန်မာနိုင်ငံအပေါ် ​ဒဏ်ခတ်ပိတ်ဆို့မှု ​အားလုံး ​ရုပ်သိမ်းသင့် မသင့်ဆိုတာ ​ဆုံးဖြတ်မယ့် ​Luxembourg ​အစည်းအဝေးအတွင်းမှာ ​သြစတြေးလျ   ​နိုင်ငံခြားရေးဝန်ကြီးလည်း ​ရှိနေခဲ့တာ ​ဖြစ်ပါတယ်။

သြစတြေးလျနိုင်ငံကလည်း ​မြန်မာနိုင်ငံအပေါ် ​ချမှတ်ထားတဲ့ ​ခရီးသွားပိတ်ပင် မှုနဲ့ ​ငွေရေးကြေးရေး ပိတ်ပင်မှုတွေကို ​ရုတ်သိမ်းခဲ့ပေမယ့် ​စစ်လက်နက်ရောင်းဝယ်မှုကိုတော့ ​ချမှတ်ထားဆဲဖြစ်ပြီး ​အီးယူအနေနဲ့ ​အလားတူ ​လုပ်ဆောင်ဖို့ ​တိုက်တွန်းမှုတွေလည်း ​လုပ်ခဲ့ပါတယ်။

မြန်မာအစိုးရကလည်း ​ဒဏ်ခတ်ပိတ်ဆို့မှုတွေကို ​ရုပ်သိမ်းပေးဖို့ ​အီးယူကို ​တိုက်တွန်းပေးဖို့ ​သြစတြေး လျနိုင်ငံကို ​တဆင့် ​တောင်းဆိုထားတာတွေရှိတဲ့အတွက် ​ဘော့ဘ်ကားရ်က ​အီးယူကို ​တိုက်တွန်းမှုတွေ ​လုပ်ခဲ့တယ်လို့လည်း ​ပြောပါတယ်။

သြစတြေးလျနိုင်ငံနဲ့ ​အီးယူရဲ့ ​ရင်းနှီးမှုကို ​အသုံးချပြီး ​တိုက်တွန်းမှုလုပ်ဖို့ ​မြန် မာအစိုး ရက ​တောင်း ဆိုမှုတွေ ​ပြုလုပ်ခဲ့တဲ့အကြောင်း ​သူကိုယ်တိုင်ကလည်း ​အီးယူနိုင်ငံခြားရေးဝန်ကြီး ​၁၂ ​ယောက်လောက် နဲ့ ​ဆွေးနွေးတိုက်တွန်းမှုတွေလုပ်ခဲ့ပြီး ​ခုလို ​မြန်မာနိုင်ငံအပေါ် ​ပိတ်ဆို့မှု ​ရုပ်သိမ်း တာတွေ ​လုပ်ပေးတဲ့အတွက် ​ကြိုဆိုကြောင်း ​အီးယူအနေနဲ့ ​မိုင်းတွင်းလုပ်ငန်းနဲ့ ​ကုန်ထုတ် လုပ်ငန်းတွေမှာ ​ရင်းနှီးမြုပ်နှံကြမယ်လို့ ​မျော်လင့်ကြောင်း ​သြစတြေးလျနိုင်ငံခြားရေး ​ဝန်ကြီး ​ဘော့ဘ်ကားရ်က ​ပြောပါတယ်။

အီးယူရဲ့ ​ဆုံးဖြတ်ချက်ကို ​မြန်မာအစိုးရက ​ကြိုဆိုလိုက်သလို ​စီးပွားရေးသမားတွေကလည်း ​ကြိုဆိုကြပါ တယ်။ ​မနေ့တုန်းကလည်း ​ဂျာမနီနိုင်ငံက ​စီးပွားရေးကိုယ်စားလှယ်အဖွဲ့ ​မြန်မာနိုင်ငံက ​အထည်ချုပ် ​စက်ရုံတွေကို ​သွားရောက်လေ့လာခဲ့ပြီး ​စက်ရုံတစ်ရုံ ​ဝယ်ဖို့လည်းရှိပါတယ်။

ဥရောပနိုင်ငံတွေကနေ ​အထည်ချုပ် ​လုပ်ငန်း ​လုပ်မယ်ဆိုရင် ​မြန်မာနိုင်ငံမှာ ​အထည်ချုပ် ​စက်ရုံ ​၂၀၀ ​ကနေ ​၃၀၀ ​အထိ ​ဖြစ်လာနိုင်ပြီး ​အမူထမ်း ​၁၂၀၀၀၀ ​ကနေ ​၂၀၀၀၀၀ ​အထိ ​ပိုမိုလိုအပ်မှာဖြစ်တဲ့ အတွက် ​အလုပ်အကိုင်အခွင့်အလမ်းတွေလည်း ​ပိုများလာမယ် လို့ ​မြန်မာနိုင်ငံ အထည်ချုပ် လုပ်ငန်းအသင်းရဲ့ ​ဥက္ကဌ ​ဦးမြင့်စိုး က ​အေပီသတင်း ကို ​ပြောပါတယ်။
 
From:ဧရာဝတီ

www.mmdailystar.com

Viewing all articles
Browse latest Browse all 4837

Trending Articles


တာချီလိတ်၌ အမျိုးသားတစ်ဦး မိမိကိုယ်ကိုယ် သေနတ်ဖြင့် ပစ်၍ သေဆုံး ( ရုပ်သံ )


ဒေါ်အောင်ဆန်းစုကြည် မဟုတ်တဲ့ မြန်မာနိုင်ငံရဲ့ ပထမဆုံး အမျိုးသမီး သမ္မတ...


စာအုပ်​​ပေါင်း ၆၀၀ ​ကျော်​ပါတဲ့ Link


၂၀၀၁ ခုနှစ် ထိုင်း - မြန်မာ နယ်စပ် တိုက်ပွဲများ


ဘုရင့်နောင်မှ တောင်ငူကို သိမ်းခြင်း


ခင်ဝင့်ဝါ၏ ဖော်ချွတ်ပြထားသော အလှတရားများ


ဆားပုလင်းနှင်းမောင်၏ နိဂုံး


ချူံမြင်တိုင်းတိုးချင်နေကြတဲ့ ချစ်သူစုံတွဲများ နားထောင်ပေးပါ


ကရဝေး စိုက်ပျိုးနည်း


စပါး ⁠ဖောင်စီးဂဏန်း ကျ⁠ရောက်ပုံ ⁠နှင့် ကာကွယ်⁠နှိမ်နင်းနည်းများ



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>