Quantcast
Channel: Myanmar Daily Star
Viewing all articles
Browse latest Browse all 4837

၁၅၀၀ ကျပ်တန် ဆင်းမ်ကတ်ရောင်းချရာတွင် ရိုးသားမှုမရှိက အစိုးရအဖွဲ့သို့ တိုင်ကြားနိုင်

$
0
0

၁၅၀၀ ကျပ်တန်မိုဘိုင်းဖုန်း ဆင်းမ်ကတ်များ ဧပြီ ၂၄ ရက်မှစတင်၍ ရပ်ကွက်အုပ်ချုပ်ရေး မှူးရုံးများတွင် မဲဖောက်ရောင်းချပေးမည်ဖြစ်ပြီး ပွင့်လင်းမြင်သာမှုမရှိဘဲ မရိုးမသားပြုလုပ် မှုများရှိပါက သက်ဆိုင်ရာမြို့နယ် ခရိုင်အုပ်ချုပ်ရေးမှူးရုံးများနှင့် တိုင်းဒေသကြီး အစိုးရ အဖွဲ့သို့ တိုင်ကြားနိုင်ကြောင်း တိုင်းဒေသကြီး အစိုးရအဖွဲ့မှ ၀န်ကြီးဦးအောင်ခင် က ပြောကြားသည်။

“ပြည်သူတွေအတွက် ပွင့်လင်းမြင်သာမှုရှိအောင် အထွေထွေအုပ်ချုပ်ရေးဦးစီး ဌာနရဲ့ ညွှန်ကြားချက် အတိုင်း သက်ဆိုင်ရာမြို့နယ်တွေ မှာ ရောင်းဝယ်ရေးကော် မတီဖွဲ့ပြီးတော့ ပြည်သူတွေရှေ့မှာ မဲစနစ်နဲ့ ရောင်းပေးမှာ ဖြစ်ပါတယ်” ဟု သယ်ယူပို့ဆောင်ရေးဝန်ကြီး ဦးအောင်ခင် က ပြောကြားသည်။

“ဧပြီ ၂၁ ရက်နေ့မှာ မဲနှိုက်ပြီးပြီ။ ရပ်ကွက်ထဲက ပြည်သူတွေရှေ့မှာပဲ မဲနှိုက်ကြတာပါ။    လျှောက်ထားတဲ့စောင်ရေကတော့ ၁၅၀၀ ကျော်လောက်ရှိတယ်။ ကျွန်တော်တို့ရတဲ့ ခွဲတမ်း ကတော့ ၂၄၀ လောက်ရတယ်” ဟု မြောက်ဥက္ကလာပမြို့နယ်တွင် အပိုင်း(၁) မှ (၈)အထိ အုပ် ချုပ်သော အုပ်ချုပ်ရေးမှူး ဦးစိန်ဝင်းက ပြောသည်။

ယခုရောင်းချပေးသည့် ကျပ် ၁၅၀၀ တန်ဆင်းမ်ကတ် CDMA 800 Mhz ၀ယ်ယူရာတွင် လျှောက်လွှာတင်ထားသူများသည် မဲမပေါက်ခဲ့ပါက နောက်လ များတွင်ထပ်မံချ ထားပေးမည့် ဆင်းမ်ကတ်များအတွက် လျှောက် လွှာတင်ရန်မလိုကြောင်း ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

“အခုမဲနှိုက်လို့မပေါက်တဲ့ သူတွေက နောက်ထပ်ချပေးမယ့် ဆင်းမ်ကတ်အ တွက် လျှောက် လွှာတင် စရာ မလိုတော့ဘူး။ လျှောက်လွှာ ပျက်စီးတာတို့၊   ပျောက်သွားတာတို့ကတော့ ထပ်တင်ရမယ်” ဟု ၎င်းကပြောသည်။

၁၅၀၀ ကျပ်တန် ဆင်းမ်ကတ်များကို ပထမအသုတ်တွင် ကတ်ပေါင်း ၃၅၀၀၀၀ ခွဲဝေရောင်း ချပေး မည်ဖြစ်ပြီး ရန်ကုန်တိုင်းဒေသကြီးနှင့် မန္တလေးတိုင်းဒေသကြီးတွင် CDMA 800 MHz ဆင်းမ်ကတ်များကိုသာ ရောင်းချပေးမည်ဖြစ်ပြီး CDMA လိုင်းမမိသည့် နေရာများတွင်သာ WCDMA ဖုန်းဆင်းမ်ကတ်များကို ရောင်းချပေးသွားမည်ဖြစ်ကြောင်း မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းက တရားဝင် သတင်းထုတ်ပြန်ထားသည်။

“အခုလက်ရှိကတော့ CDMA 800 MHz ကိုပဲ ဦးစားပေးရောင်း ချသွားမယ်။   နောင်တစ်လ၊   နှစ်လ လောက်နေရင်တော့ WCDMA လိုချင်တဲ့သူတွေ ၀ယ်နိုင်အောင် ရောင်းချပေးဖို့ စီစဉ်ထား ပါတယ်” ဟု မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ အင်ဂျင်နီယာချုပ် ဦးဌေးဝင်းက ပြောသည်။

မိုဘိုင်းဖုန်းဝယ်လိုသူ အများစုမှာ CDMA 800 MHz ဖုန်းထက် WCDMA နှင့် ဂျီအက်စ်အမ် ဖုန်းလိုင်းကိုသာ ၀ယ်ယူလိုသူများကြောင်း သတင်းရရှိသည်။

လမ်းမတော်မြို့နယ်နေ WCDMA ဖုန်းလိုချင်သူတစ်ဦးက “အခုချထားပေးမယ့် CDMA 800 MHz ကိုတော့ မလိုချင်ဘူး။ WCDMA ပဲ လိုချင်တာ။ CDMA 800 MHz က ဟန်းဆက်လည်း မပေါဘူး။ ရန်ကုန်တို့ မန္တလေးတို့လို မြို့ကြီးတွေမှာ လိုင်းကောင်းပေမယ့် နယ်ရောက်သွားရင်တော့ အဆင်မပြေတော့ ဘူး” ဟု ဆို သည်။ သက်ဆိုင်ရာပြည်နယ်နှင့် တိုင်းဒေသကြီးများတွင် တပ်ဆင်ထား သည့် CDMA မိုဘိုင်းတာဝါတိုင် အရေအတွက်ပေါ်မူတည်ပြီး CDMA ဆင်းမ်ကတ် ၃၅၀၀၀၀ ကို ခွဲဝေရောင်းချပေးခြင်းဖြစ်ကြောင်း ဆက်သွယ်ရေးမိုဘိုင်းအင်ဂျင်နီယာချုပ် ဦးဌေးဝင်း က ပြောသည်။

From:7day

www.mmdailystar.com

Viewing all articles
Browse latest Browse all 4837

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>