Quantcast
Channel: Myanmar Daily Star
Viewing all articles
Browse latest Browse all 4837

မြန်မာနိုင်ငံ တစ်ခုလုံး စိတ်ဝင်စားတဲ့ OIC အကြောင်း အစည်းအဝေးမှာ မြန်မာ အရေးနဲ့ ပတ်သက်ပြီး ဘာတွေကို တင်ပြခဲ့ပါသလဲ

$
0
0

ဘင်္ဂလာဒေခ်ျ့ နိုင်ငံက နိုင်ငံခြားရေး ၀န်ကြီး ဒီပူရ် မူနီဟာ ဧပြီလ ၁၄ ရက်နေ့က ဆော်ဒီ နိုင်ငံ ဂျီဒက်မြို့မှာ ကျင်းပတဲ့ အိုအိုင်စီ Contact Group များအဖွဲ့ အစည်းအဝေးကို တက်ရောက်ခဲ့ ပါတယ်။ အဲဒီ အစည်းအဝေးမှာ ဘင်္ဂလာဒေခ်ျ့ နိုင်ငံခြားရေး ၀န်ကြီး ဒီပူရ် မူနီက မြန်မာနိုင်ငံက မွတ်ဆလင်တွေ အရေးနဲ့ ပတ်သက်ပြီး အချက် အတော်များများကို တင်ပြ ဆွေးနွေးခဲ့ပါတယ်။ အဲဒီအထဲမှာ သူမ တင်ပြတဲ့ ပထမဆုံးအချက်က မြန်မာနိုင်ငံရဲ့ ၁၉၈၂ ခုနှစ် နိုင်ငံသား ဖြစ်မူ အက်ဥပဒေကို ဖြစ်ပါတယ်။

ဒီပူရ် မူနီက အိုအိုင်စီ အနေနဲ့ မြန်မာနိုင်ငံက သူမ အခေါ် ရိုဟင်ဂျာ ဆိုသူတွေရဲ့ နိုင်ငံသား အခွင့်အရေးကို ပြန်လည် ရရှိအောင် ၁၉၈၂ ခုနှစ် အငြင်းပွားဖွယ်ရာ နိုင်ငံသား ဥပဒေကို ပြန်လည် စစ်ဆေးနိုင်အောင် မြန်မာ အစိုးရကို ဖိအားပေး တိုက်တွန်းရမယ်လို့ ပြောဆိုပါတယ်။ ဒါမှသာ ( သူမ အခေါ်) ရိုဟင်ဂျာတွေရဲ့ ဆုံးရှုံးနေတဲ့ အမျိုးသား ဆိုင်ရာ အခွင့်အရေးတွေ နဲ့ နေထိုင်ခွင့်တွေ ကို လုံခြုံမူရှိရှိ၊ ဂုဏ်သိက္ခာရှိရှိ ရရှိနိုင်မှာ ဖြစ်တယ်လို့ ပြောဆိုပါတယ်။

ဒုတိယ အချက်နဲ့ သူမတင်ပြတာက မြန်မာ အစိုးရ အနေနဲ့ ( သူမ အခေါ်) ရိုဟင်ဂျာ ဆိုသူတွေကို ဘင်္ဂလီလို့ တံဆိပ် တပ် ခေါ်ဝေါ်နေတဲ့ ကိစ္စနဲ့ ဘင်္ဂလာဒေခ်ျ့က ရွှေ့ပြောင်း အခြေချ နေထိုင် လာတယ်ဆိုတဲ့ ကိစ္စကို ဖြစ်ပါတယ်။သူမက ဒီလို ယေဘူယျ တံဆိပ်ကပ် ခေါ်ဝေါ်နေတာဟာ သမိုင်း ဆိုင်ရာ အချက်အလက်တွေနဲ့ အခြေခံ သဘောတရားအရ တရားဝင်မူ မရှိဘူးလို့ ပြောဆို ပါတယ်။ဒါ့ပြင်သူမက လာမယ့်နှစ် မြန်မာနိုင်ငံမှာ သန်ခေါင်စာရင်း ကောက် ယူမယ့် အစီအစဉ်ကို ထောက်ရင် ရိုဟင်ဂျာ ဆိုသူတွေရဲ့ နိုင်ငံသား ဖြစ်မူ မဖြစ်မူဟာ အရေးပေါ် အခြေအနေ ဖြစ်လာနေပြီ ဖြစ်တယ်လို့ တချို့က ထောက်ပြ ပြောဆိုတယ်လို့ ဆိုပါတယ်။

ဘင်္ဂလာဒေခ်ျ့မှာ ရောက်ရှိနေတဲ့ ရိုဟင်ဂျာဆိုသူတွေကို လုံခြုံဘေးကင်းစွာနဲ့ မြန်မာနိုင်ငံကို ပြန်ပို့ရေးဟာ ဘင်္ဂလာဒေခ်ျ့ နိုင်ငံရဲ့ ဦးစားပေး အစီအစဉ်မှာ ရှိနေတယ်လို့ ပြောပါတယ်။၂၀၁၁ ခုနှစ်က မြန်မာနဲ့ ဘင်္ဂလာဒေခ်ျ့ အစိုးရကြားမှာ တရားဝင် အသိအမှတ်ပြု ဒုက္ခသည်တချို့ကို မိမိစိတ်နဲ့ မိမိ မြန်မာနိုင်ငံကို ပြန်နိုင်အောင် မြန်မာနိုင်ငံသား ဟုတ်မ ဟုတ် စိစစ်ရေး လုပ်ငန်းကို စတင် လုပ်ကိုင်နိုင်ခဲ့ပေမယ့် ၂၀၁၂ ခုနှစ် ဇွန်လ မှာ ပေါ်ပေါက်ခဲ့တဲ့ ရခိုင် အရေးအခင်းကြောင့် အဲဒီ အစီအစဉ်ဟာ လမ်းတ၀က်မှာ ရပ်တန့် သွားခဲ့ရ တယ်လို့ ဆိုပါတယ်။
ဒီပူရ် မူနီ အနေနဲ့ အစည်းအဝေး အတွင်းမှာ အိုအိုင်စီ အနေနဲ့ လက်တွေ့ ဖြစ်ပေါ်နေတဲ့ အခြေအနေတွေ တိုးတက် ကောင်းမွန်လာအောင် အမြန်နဲ့ ရေတို ဦးစားပေး လုပ်ငန်းတွေကို ဆောင်ရွက်ဖို့လိုတယ်လို့ ပြောဆိုပါတယ်။

ဒီအထဲမှာ မြန်မာ အစိုးရ အပါအ၀င် ရိုဟင်ဂျာ ဆိုသူတွေနဲ့ ရခိုင်လူမျိုးတို့ကို – အိုအိုင်စီရဲ့ အကူ အညီ ဆိုတာဟာ အိုးအိမ်မဲ့တွေ အဖြစ် ဒုက္ခရောက်သွားခဲ့ကြတဲ့ လူတွေ အားလုံးအတွက် အကျုံး ၀င်တယ်ဆိုတာ ကို နားလည် သဘောပေါက်အောင် ရှင်းပြ ပြောဆိုဖို့လိုတယ် လို့ ပြော ဆိုပါတယ်။ဒါပြင့် သူမက ရိုဟင်ဂျာဆိုသူတွေရဲ့ စခန်းတွေမှာ ကျန်းမာရေး နဲ့ နေရေးထိုင်ရေး ဟာ ရှေ့မှာ မုတ် သုန် ရာသီ လာတော့မှာ ဖြစ်တဲ့ အတွက် အထူးဆိုးရွားလာနိုင်တယ်။ ဒါကြောင့် အိုအိုင်စီ အနေနဲ့ မြန်မာ အစိုးရကို UNHCR ကနေ အစားအစာ ထောက်ပံရေးတွေ ကူညီနိုင်ရေးအတွက် စခန်းတွေ အတွင်းမှာ ရုံးတွေ ဖွင့်လှစ်ဖို့ လုံလောက်တဲ့ အထောက်အပံ့တွေ ကို ပေးဖို့ တောင်းဆိုသင့်တယ်လို့ ပြောပါတယ်။

နောက် ဘင်္ဂလာဒေခ်ျ့ နိုင်ငံခြားရေး ၀န်ကြီး ပြောတာက နိုင်ငံတကာ မိသားစုတွေ အနေနဲ့ မြန်မာ အစိုးရကို ရခိုင်နဲ့ ရိုဟင်ဂျာဆိုသူတွေ အကြားမှာ အပြန်အလှန် စကားပြောဆို နိုင်အောင် ကောင်း မွန်တဲ့ ပတ်ဝန်းကျင်ကို ဖန်တီးပေးဖို့ အားပေး ပြော ဆိုသင့် တယ်လို့   ပြောပါတယ်။
အိုအိုင်စီ အနေနဲ့ ပဋိပက္ခ ဖြစ်နေကြတဲ့ သူတွေ အကြား အပြန်အလှန် လေးစားမူနဲ့ နားလည်မူ ရရှိအောင် ဆွေးနွေးပွဲ တွေကို ကြားဝင် ဆောင်ရွက်ပေးသူ အဖြစ် လုပ်ဆောင်ဖို့ မြန်မာ အစိုးရကို ကမ်းလှမ်း သင့်တယ်လို့ ပြောဆိုပါတယ်။သူမက ဆက်လက်ပြီး အိုအိုင်စီ အနေနဲ့ ဆက် လက်ပြီး မြန်မာနိုင်ငံမှာ ရှိတဲ့ မွတ်ဆလင်တွေ အတွက် စီးပွားရေး အခွင့်အလန်းတွေ ရရှိအောင် တိုက်တွန်းသင့်တယ်လို့ ပြောပါတယ်။

အခု လက်ရှိ ရိုဟင်ဂျာဆိုသူတွေဟာ လူမှောင်ခိုသမားတွေရဲ့ သားကောင် အဖြစ်နဲ့ ထိုင်း၊ မလေးရှား စတဲ့ နိုင်ငံတွေကို အသက်အန္တရာယ်တွေ ကြားက လှေတွေနဲ့ ခိုးထွက်သွားလာနေကြ တာတွေကို ရပ်တန့်ဖို့ သက်ဆိုင်ရာ နိုင်ငံတွေနဲ့ ပူးပေါင်းတားဆီးဖို့လို တယ်လို့ ပြောဆို ပါတယ် ။မြန် မာနိုင်ငံရဲ့ အခြေအနေဟာ ပြောင်းလဲ မြန်ဆန်နေပြီး မွတ်ဆလင်တွေရဲ့ အခြေ အနေက ပိုမို အရှုတ်အထွေး ဖြစ်လာနေတယ်လို့ ဆိုပါတယ်။
အိုအိုင်စီ အတွင်းမှာ ကျွန်မတို့အနေနဲ့ ရိုဟင်ဂျာဆိုသူတွေနဲ့ မြန်မာ မွတ်ဆလင်တွေ အပေါ် စနစ်တကျ ခွဲခြားဆက်ဆံ အနိုင်ကျင့်ခံနေရမူတွေ ရပ်တန့်သွားအောင် လုပ်ဆောင်နိုင်စွန်း ရှိကြောင်း ပြသဖို့ လိုတယ်လို့ ပြောဆိုပါတယ်။

မြန်မာနိုင်ငံကို သူမတို့ Contact Group ၀န်ကြီးအဆင့် တာဝန်ရှိသူတွေ အနေနဲ့ သွားရောက်ခွင့် မရခဲ့တဲ့ အပါ် မှာလည်း စိုးရိမ်မိတယ်လို့ ပြောပါတယ်။နောက်ဆုံးမှာ ဘင်္ဂလာဒေခ်ျ့ နိုင်ငံခြားရေး ၀န်ကြီး ဒီပူရ် မူနီက ကျွန်မတို့ အနေနဲ့ မြန်မာနိုင်ငံက မွတ်ဆလင် ညီနောင်တွေ ကို ပြတ်ပြတ် သားသား အ မှာစကား ပေးပါတယ်။ ကျွန်မတို့ဟာ သင်တို့နဲ့ အတူ ဆက်လက် ရပ်တည်လျှက် ရှိနေတယ်။ ကျွန်မတို့ဟာ မြန်မာနိုင်ငံက မွတ်ဆလင်တွေရဲ့ နောက်ဆုံး အဆင့် ပြဿနာကို မဖြေရှင်းနိုင်ဘဲ ဘယ်တော့မှ လက်မြှောက် အရှုံးပေးမှာ မဟုတ်ဘူးလို့ ပြောဆိုသွားပါတယ်။

From: narinjara

www.mmdailystar.com

Viewing all articles
Browse latest Browse all 4837

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>