မြန်မာတို့၏ နှစ်ဟောင်း ကုန်ဆုံးပြီး နှစ်သစ်ကူးပြောင်းသည့် ဧပြီလဆိုသည် ရက်ရှည် ရုံးပိတ်ရက်များ ရှိခြင်း၊ မြန်မာလူမျိုးတို့အပျော်ရွှင်ရဆုံး သင်္ကြန်ပွဲတော်ကြီး ရှိခြင်း တို့ကြောင့် လူတိုင်း လွတ်လပ်ပျော် ရွှင်ကြ သည့် ကာလပင် ဖြစ်သည်။ တစ်နှစ်တာ ပင်ပန်းနွမ်းနယ်မှုတို့ကို အတာရေစိုကာ လန်းဆန်းကြမည့် သူ များ၊ အားလပ် ရက်ကာလအတွင်း မိသားစု ဖြင့် အပန်းဖြေကြမည့် သူများ၊ ဘာသာရေးဆိုင် ရာ ငြိမ်းအေး မှုများကို ရှာဖွေကြ မည့် သူများ စသဖြင့် မည်သူမဆို စိတ်ချမ်းသာမှု ကိုယ်စီ ရရှိကြသည် သာ ဖြစ် သည်။ ထိုအချိန်တွင် သင်္ကြန် ကာလတွင် အခြားသူများ၏ ပျော်ရွှင်မှုများကို ကြည့်ကာ ပီတိဖြင့် ဖြတ် သန်းကြမည့် သူများလည်း ရှိလေသည်။
အရင်နှစ်တွေတုန်းက သင်္ကြန်မှာ တောထဲ တာဝန်ထမ်းဆောင်နေရတော့ သင်္ကြန်ကာလ ရောက်တယ် ဆို တာ ရက်စွဲတွေ ကြည့်ပြီး သိယုံပါပဲ။ နယ်မြေစိုးမိုးရေး ဆိုတဲ့ ခေါင်းစဉ်အောက်မှာ လှုပ်ရှားထွက်နေတဲ့ ကျွန်တော် တို့ တပ် အတွက်တော့ သင်္ကြန်ကာလ ဆိုတာလဲ ပုံမှန်ပါပဲ။ ဗိုလ်ကြီး ဒီအချိန် မြို့မှာ သင်္ကြန် ကျပြီး လူတွေ ပျော် နေကြပြီလို့ တပည့်တွေက ပြောတဲ့အခါ စိတ်မကောင်း ဖြစ်မိတာကလွဲလို့ တစ်ခြား Feeling တော့ မရှိခဲ့ပါဘူး ဟု မော်လမြိုင်တပ်နယ်မှ တပ်ရေးဗိုလ်ကြီး တစ်ဦးက ပြောပြခဲ့သည်။
တပ်မတော်သားများ အနေဖြင့် သင်္ကြန်ကာလ ဆိုသော်လည်း ရှေ့တန်းထွက်ရသည့် စစ်သည်များ သည် လည်း တောထဲတောင်ထဲတွင် ရှိနေရသည်။ နောက်တန်းတွင် ကျန်ခဲ့သည့် စစ်သည်များသည်လည်း သက် ဆိုင်ရာ နယ်မြေအလိုက် လုံခြုံရေး တာဝန်ယူပေးနေရသည်။ အချို့ တိုင်းတပ်မ များတွင်မူ သင်္ကြန်ကာ လအ တွင်း တပ်ရင်းအလိုက် အိမ်ထောင်သည် ရဲမေများမှ ယိမ်းအဖွဲ့များ ဖွဲ့ပြီး ကပြဖျော်ဖြေ သွား ကြမည် ဖြစ်ကြောင်း သိရသည်။
ကျွန်တော်တို့ တပ်မှာတော့ ၁၂ ရက်နေ့ကျရင် ရှင်ပြု ရဟန်းခံပွဲ ရှိတယ်။ တပ်ထဲက စစ်သည်တွေ၊ မိသားစု တွေ ထဲက ရဟန်းခံချင်သူတွေ စာရင်းကောက်ပြီး လုပ်ပေးတာပါ။ ကျွန်တော် ကိုယ်တိုင်လည်း ၀တ်ချင်ပေ မယ့် တာဝန်တွေက ရှိသေးတယ် နောက်တစ်နှစ်မှပဲ ၀တ်ဖြစ်တော့မယ်။ ဒီလိုပဲ နေရင်းနေရင်းနဲ့ တစ်နှစ်ပြီး တစ်နှစ် ကုန်သွားတာပါပဲဟု အဆိုပါ တပ်ရေးဗိုလ်ကြီးက အပြုံးဖြင့် ပြောပြသည်။
သင်္ကြန်ကာလ ရုံးပိတ်ရက်များသည် သူတို့နှင့် မဆိုင်ပေ။ ရှိသမျှ တပ်အင်အား နှစ်ရာ ကျော်မှ ရှေ့တန်း တွင် စစ်သည် တစ်ရာကျော် ထွက်ကာ နယ်စပ်ဒေသ လုံခြုံရေး၊ နယ်မြေစိုးမိုးရေး တို့အတွက် တောတောင် များထဲ တွင် ပြည်သူတစ်ရပ်လုံးအတွက် ပင်ပန်းဆင်းရဲခံကာ ပီတိဖြင့် ဖြတ်သန်းကြသည်။ နောက်တန်း ကျန် ခဲ့ သည့် စစ်သည်များမှလည်း သက်ဆိုင်ရာ မြို့နယ်၊ ရပ်ကွက် နယ်မြေအလိုက် လုံခြုံရေးတာဝန်များ ထမ်းဆောင်ပေး နေကြသည်။ သူတို့အတွက် ပျော်ရွှင်မှု ဆိုသည် သင်္ကြန်ကာလအတွင်း ပြည်သူလူထုတို့ လွတ် လပ်စွာ ပျော်ရွှင် နေကြသည်ကို မြင်တွေ့ရာမှ ရရှိလာသည့် ပီတိသာ ဖြစ်လေသည်။
တပ်မတော်သားများ နည်းတူ ပီတိဖြင့် သင်္ကြန်ကို ဖြတ်သန်းကြသူများ ကတော့ မြန်မာနိုင်ငံရဲတပ်ဖွဲ့ ၀င်များ ပင် ဖြစ်သည်။ သင်္ကြန်မတိုင်မီ ဖြစ်ပွားခဲ့သော ပဋိပက္ခများ၊ သင်္ကြန်ကာလအတွင်း ဖြစ်ပွားနိုင်သော ပြဿ နာ များ အတွက် သူတို့လည်း အနားမရနိုင်။ လုံခြုံရေး တာဝန်များကို နေ့ည မပြတ်တာဝန် ထမ်းဆောင်နေ ကြ သည်။
ပြီးခဲ့တဲ့ နှစ်ကတော့ ခွင့်ရတယ်။ ဒါလဲ ရဟန်းခံမယ်ဆိုလို့ ရတာပါ။ သင်္ကြန်ကာလမှာ မှုခင်း မဖြစ်ဖို့က ကျွန် တော် တို့ အတွက် ပိုပြီး အရေးကြီးပါတယ်။ ရာဇ၀တ်မှု ကျူးလွန်မယ့်သူက ဒီလို လူတွေ လွတ် လပ်ပျော် ရွှင်နေ တဲ့အချိန်ကို အခွင့်အရေးယူတတ်ကြတယ်လေ။ ကျွန်တော်တို့ရဲ့ တာဝန်က ပြည်သူလူထု စိတ်အေး ချမ်း သာ စေဖို့ပါ။ ဟု မဏ္ဍပ်လုံခြုံရေး တာဝန်ကျ ဒုရဲအုပ် တစ်ဦးမှ ပြောပြသည်။
လူတိုင်း ပျော်ရွှင်ကြသည့် အချိန်တွင် လူသားများဖြစ်သည့် သူတို့သည် ပျော်ရွှင်မှုများ၏ နောက်ကွယ်မှ ပီ တိဖြင့် သင်္ကြန်ကို ဖြတ်သန်းနေကြသည်။ အရောင်အသွေးစုံ ၀တ်ဆင်ကာ သီချင်းသံများဖြင့် လွတ်လပ် ပျော်ရွှင်နေ ကြချိန်တွင် သူတို့၏ ခနာကိုယ်တွင်တော့ ယူနီဖောင်း အပြည့်အစုံဖြင့် ရှိနေကြ သည်။ အ ချို့ ခင် မင် ရင်းနှီးသူများမှ ဖြန်းပက်လိုက်သည့် ရေများ သူတို့ ကိုယ်ပေါ်တွင် ရွှဲစိုနေသည် လည်း ရှိ သည်။ တော ထဲ တောင် ထဲ နယ်စပ်ဒေသများတွင် ပီတိဖြင့် ဖြတ်သန်းကြသူများနှင့် မြို့ပေါ်တွင် လူမသိသူမသိ နောက် ကွယ်မှ လုံခြုံရေး တာဝန်များ ထမ်းဆောင်ရင်း ပီတိဖြင့် ဖြတ်သန်းကြသူများ အတွက် သင်္ကြန် ကာလဆိုသည်မှာတော့..
www.mmdailystar.com