နိုင်ငံတော်အစိုးရမှ ရောင်းချမည့် ငွေကျပ် (၁၅၀၀)တန် တန်ဖိုးနည်းဖုန်းကဒ်များကို မိဘပြည် သူများ ထံသို့ ရောင်းချပေးသွား မည်ဖြစ်ပါသည်။
ရပ်ကွက်အတွင်း အိမ်ထောင်စုစာရင်းရှိသူဖြစ်ပြီး အိမ်ထောင်စုစာရင်းမိတ္တူနှင့် မှတ်ပုံတင် (သို့) နိုင်ငံသား စီစစ်ရေး ကဒ်ပြားမိတ္တူများ ယူဆောင်၍ အိမ်ထောင်စုတစ်စုလျှင် ဖုန်းလိုင်းကဒ် (တစ်)ကဒ်နှုန်းဖြင့် တစ်ဦး သာ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးတွင် သင်္ကြန်ရက်များမှ အပ (၂၂.၄.၂၀၁၂)ရက်နေ့ ည (၁၀း၀၀) နာရီအချိန် အထိ လျှောက်ထားနိုင် ပါသည်။
မြို့နယ်အလိုက်စီစဉ်ပေးထားသော ဖုန်းလိုင်းကဒ်အရေအတွက် အပေါ်မှုတည်၍ မဲစနစ်ဖြင့် ရောင်း ချပေးမည်ဖြစ် ပါသည်။
ဖုန်းလိုင်းကဒ်လျှောက်ထားသူများအား မဲနှိုက်မည့် ရက်၊ နေရာ၊ အချိန်ကို ထပ်မံကြေငြာပေး မည်ဖြစ် ပါ သည်။
ယခုပထမအကြိမ်တွင် မဲစနစ်ဖြင့် ဖုန်းလိုင်းကဒ်မရရှိလိုက်သည့် သူများသည် ဒုတိယအကြိမ်တွင် ဆက် လက်ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း အသိပေးကြေငြာအပ်ပါသည်။

www.mmdailystar.com