Quantcast
Channel: Myanmar Daily Star
Viewing all articles
Browse latest Browse all 4837

ကာကွယ်ရေး ဦးစီးချုပ်ရုံး (ကြည်း၊ ရေ၊ လေ) မိသားစု ပထမအကြိမ် စုပေါင်း ရဟန်းခံ ရှင်ပြု အလှူ တော် အောင်ပွဲ မင်္ဂလာ ကုသိုလ်တော် အခမ်းအနား ကျင်းပ

$
0
0

ကာကွယ်ရေး ဦးစီးချုပ်ရုံး (ကြည်း၊ ရေ၊ လေ) မိသားစု ပထမ အကြိမ် စုပေါင်း ရဟန်းခံ ရှင်ပြု အလှူတော် အောင်ပွဲ မင်္ဂလာ ကုသိုလ်တော် အခမ်းအနားကို ယနေ့ နံနက်ပိုင်းတွင် ကာကွယ်ရေး ဦးစီးချုပ်ရုံး(ကြည်း) အနော်ရထာ ခန်းမ၌ ကျင်းပ ပြုလုပ်ရာ အခမ်းအနားသို့ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူး ကြီး မင်းအောင်လှိုင် တက်ရောက်သည်။

အဆိုပါ အခမ်းအနားသို့ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ ဇနီး ဒေါ်ကြူကြူလှ၊ ဒုတိယ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်၊ ကာကွယ်ရေး ဦးစီးချုပ်(ကြည်း) ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်းနှင့် ဇနီး ဒေါ်သန်းသန်းနွယ်၊ ညှိနှိုင်း ကွပ်ကဲရေးမှူး(ကြည်း၊ ရေ၊ လေ) ဗိုလ်ချုပ်ကြီး လှဌေးဝင်းနှင့် ဇနီး ဒေါ်မာမာဝေ၊ ကာကွယ်ရေး ဦးစီးချုပ်(ရေ) ဒုတိယ ဗိုလ်ချုပ် ကြီး သူရသက်ဆွေနှင့် ဇနီး ဒေါ်ဝေမာမာထွန်း၊ ကာကွယ်ရေး ဦးစီးချုပ်(လေ) ဗိုလ်ချုပ် ခင်အောင်မြင့်နှင့် ဇနီး ဒေါ်အေးအေးသန်း၊ ကာကွယ်ရေး ဦးစီးချုပ်ရုံး (ကြည်း)မှ တပ်မတော် အရာရှိ ကြီးများနှင့် ၎င်းတို့၏ ဇနီးများ၊ နေပြည်တော်တိုင်း စစ်ဌာနချုပ် တိုင်းမှူးနှင့် ဇနီး၊ ကာကွယ်ရေး ဦးစီးချုပ်ရုံး(ကြည်း၊ ရေ၊ လေ) ရုံး/ ဌာနများမှ အရာရှိ၊ စစ်သည်၊ မိသားစုများ တက်ရောက် ကြည်ညို ကြသည်။

ရှေးဦးစွာ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် ဇနီး ဒေါ်ကြူကြူလှ အမှူးပြုသော ဧည့်ပရိသတ် အပေါင်းတို့သည် ကာကွယ်ရေး ဦးစီးချုပ်ရုံး(ကြည်း) အနော်ရ ထာ ခန်းမရှေ့ ဥပစာ၌ မန္တလေးမြို့၊ မဟာဝိဇိတာရုံ ကျောင်းတိုက် ပဓာန နာယက ဆရာတော် အဘိဓဇ မဟာရဋ္ဌ ဂုရု ဘဒ္ဒန္တ ဝိစာရိန္ဒာ ဘိဝံသ အမှူးပြုသော ဆရာတော်၊ သံဃာ တော် ၁၈ ပါး၊ ဒုလ္လဘ ရဟန်းနှင့် ရှင်သာမဏေ စုစုပေါင်း ၁၈ဝ ပါးအား သိမ်ဆင်း အလှူတော်အဖြစ် လှူဖွယ် ပစ္စည်းများ လောင်းလှူကြသည်။

ထို့နောက် ကြွရောက်တော် မူလာကြသည့် ဆရာတော်၊ သံဃာတော် အရှင်သူမြတ်များ၊ ဒုလ္လဘ ရဟန်း များနှင့် ရှင်သာမဏေ များအား တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်နှင့် ဧည့်ပရိသတ် များ က နေ့ဆွမ်း ဆက်ကပ် လှူဒါန်းကြသည်


From: မြ၀တီ

www.mmdailystar.com

Viewing all articles
Browse latest Browse all 4837

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>