မိတ္တီလာမြို့ မငြိမ်သက်မှု စတင်စေခဲ့သည့် နယူးဝိန့်စိန် ရွှေဆိုင်ပိုင်ရှင် ၃ဦး အား တစ်ဦးလျှင် ထောင်ဒဏ် ၁၄ နှစ်ကျခံစေရန် သက်ဆိုင်ရာမှ ဧပြီ ၁၁ ရက်နေ့တွင် အမိန့်ချမှတ် လိုက်ကြောင်း သိရသည်။
ဒေါ်မြင့်မြင့်အေး ၊ ကိုညီညီ (ခ)ကိုမင်းအောင် နှင့် ဦးထွန်းထွန်းဦး(ခ)အာရှစ် တို့အား ၁၄-နှစ်စီ ထောင် ဒဏ်ချ မှတ်လိုက်ပြီး လောလောဆယ် မြင်းခြံထောင် သို့ ပို့ဆောင်ထားကြောင်း မြို့ခံများ မှ ပြောသည်။
ဖြည့်စွက်ချက်- ဦးထွန်းထွန်းဦး(ခ)အာရှစ်၊ ဒေါ်မြင့်မြင့်အေး တို့မှာ ဆိုင်ရှင်များဖြစ်ပြီး ကိုညီညီ (ခ)ကိုမင်းအောင်မှာ လက်ရောက်မှု၌ ပါဝင်သူ ဆိုင်အလုပ်သမားဟု သိရသည်။
၎င်းတို့ကို ပုဒ်မ ၃၈၂ အရထောင်ဒဏ်(၇)နှစ် ၊ ပုဒ်မ၃၂၅ အရထောင်ဒဏ် (၅)နှစ် ၊ ပုဒ်မ ၃၂၄ အရ ထောင်ဒဏ်(၂)နှစ်စုစုပေါင်းအလုပ်နှင့် ထောင်ဒဏ်(၁၄)နှစ်စီ ကျခံစေရန် မြို့နယ်တရားရုံးက အမိန့် ချလိုက်သည်။
www.mmdailystar.com