ကိုယ်နဲ့မဆိုင်ပေမယ့် မနေနိုင်မထိုင်နိုင် ပြောချင်တယ်။ဒီပါးစပ် အဲ့လေ ဒီလက်ကလဲ ယားနေတာ။
ဖုန်းတွေဈေးကြီးတယ်ဆိုလို့ ငါးသိန်းနဲ့ ချရောင်းပေးတော့လဲ ဟိုသင်းဖြစ်တယ် သည်သင်းဖြစ် တယ် နဲ့ ပြီးတော့လဲ ၀ယ်သုံးတာပဲ။
ဈေးကြီးသေးတယ်ဆိုလို့ နှစ်သိန်းချပေးတော့လဲ ဟိုသင်းဖြစ်တယ် သည်သင်းဖြစ်တယ်နဲ့ ပြီးတော့လဲ ၀ယ်သုံးတာပဲ။
နှစ်သိန်းများသေးဆိုလို့ ထောင့်ငါးရာဆိုတော့လဲ ဟိုသင်းဖြစ်တယ် သည်သင်းဖြစ်တယ်နဲ့ ပြီးတော့လဲ ၀ယ်သုံးမှာပဲ။
တစ်လကို အနည်းဆုံး ၂၅၀၀ဖိုးပြောရမယ်ဆိုတော့လဲ ဟိုသင်းဖြစ်တယ် သည်သင်းဖြစ်တယ် နဲ့ ပြီးတော့ လဲပြောကြမှာပဲ။
အင်တာနက်တွေ ဘာပြုညာပြုနဲ့ ဟိုသင်းဖြစ်တယ် သည်သင်းဖြစ်တယ်နဲ့ပြီးတော့ လဲ ၀ယ်သုံးတာပဲ။
ခုလဲ လှည်းတန်းတံတားကြီးမဖွင့်တော့လဲ မဖွင့်လို့ ဖွင့်တော့လဲ ဟိုသင်းဖြစ်တယ် သည်သင်းဖြစ် တယ်နဲ့ ပြီးတော့လဲ ၀ယ်သုံးတာပဲ အဲ့လေ ဖြတ်ရသွားရတာပဲ။
ဘယ့်နဲ့ကွယ် ဒီနေ့မှစဖွင့်တယ် ဒီနေ့တော့ ချက်ခြင်းအဆင်ပြေနိုင်ပါ့မလား။တံတားဖွင့်တယ်၊ ယဉ်ကျောကပိတ်မြဲ၊ ပိုဆိုးသွားတယ်၊ ဘလာဘလာဘလာ..
အဲ့ပေါ်အခြေအနေတွေ သုံးသပ်ပြီး တစ်ခုခုစီစဉ်ပါလိမ့်အုံးမပေါ့။
မရှိတော့လဲမရှိလို့ ရှိတော့လဲရှိလို့ ဒီလောက်တောင် အလကားနေရင်းသောက်ပစ်ပြောချင်နေလဲ ကိုယ်ဖသာမှန်ကြည့်ပြီး လက်ခလယ်ထောင်ပြလိုက် လှန်ပြလိုက်လုပ်နေကြတော့ .... .....
လို့ ပြောချင်ပေမယ့် မပြောရဲပေါင်ဘု ... ရှင်တို့က ရဲတွေပါတော် ....

www.mmdailystar.com