Quantcast
Channel: Myanmar Daily Star
Viewing all articles
Browse latest Browse all 4837

လက်ပံတောင်းခေါင်းရှောင် မင်းကိုနိုင် သို့

$
0
0


ပြောချင်ပါတယ်...မင်းကိုနိုင်....။ ဒေသခံလူနည်းစု နဲ့ ဒေါ်စု ကို ကြမ်းတစ်ပြေးထဲ ထားပြီး သဘောထား မကွဲကြဖို့တို့.....ညှိနိုင်းကြဖို့တို့...ဘာညာနဲ့...( ဆရာကြီးလေသံနဲ့ ) လာမလုပ်ပါ နဲ့။  ဒေသခံ လူနည်းစုရဲ့ နစ်နာချက်တွေကို သဘောပေါက်ပြီး ကိုယ်ချင်းစာပါတယ်။ ( လက်ပံတောင်းဒေ သခံတွေလို နစ်နာသူတွေဟာ နိုင်ငံနဲ့ အဝှမ်းရှိနေဆဲပါပဲ။) ဒီလက်ပံတောင်းပြဿနာရဲ့ နောက်ခံအခင်းအကျင်းဟာ သာမန်လူတွေ မသိနိုင်တဲ့ ရှုပ်ထွေးမှု ရှိနေမယ်ဆိုတာသေချာပါတယ်။ ခပ်ရှင်းရှင်းပြောရရင် ဒီလက်ပံတောင်း အရေးဟာ အဲဒီဒေသခံတွေလောက်နဲ့တင် သက်ဆိုင်တာမဟုတ်ပါဘူး။
 
 တစ်နိုင်ငံလုံးရဲ့ ကံကြမ္မာကိုတောင် အဆုံးအဖြတ်ပေးသွားနိုင်ပါတယ်။ ဒီလိုအခြေအနေတွေကို ခင်များတို့ ကျနော် တို့ ခေါင်းဆောင်က မသိပဲနေမလားဗျ....။ ထပ်ပြောလိုတာက အမျိုးသားအကျိုးစီးပွားအတွက် ( အသိ ဥာဏ်ကြီးကြီး စေတနာမှန်မှန် နဲ့) ထုတ်ပြန်တာပါ။ ဒီအစီရင်ခံစာ ဟာ နောင် မှာ ပေါ်ပေါက် လာနိုင်တဲ့ လက်ပံတောင်းလို စီမံကိန်းကြီးတွေအတွက် Road Map လို့တောင် ပြောနိုင်မယ်ထင်ပါတယ်။
(ဒီပြဿနာကို) တာဝန်ယူမှုရှိရမယ်တွေ ဘာတွေ တောင် ခင်များက ပြော လိုက်သေးတယ်....။   ပြဿနာကို တာဝန်ယူလိုတာများ ဟိုဘက်တောင်လွန်သေး...။ အသက်က ( ၆၇)....။ အိုကြီးအိုမနဲ့ .....။ ဒေသခံတွေ ငြိုငြင်မှာ သိသိကြီးနဲ့ တိုင်းပြည်အကျိုးကြည့်ပြီး ဒီပြဿနာကို တာဝန်ယူရဲတာ...။ ကက်ကက်လန်ရန်တွေ့နေတဲ့ ကျေးတောသူတွေကြားမှာ နိုလ်ဘယ်ငြိမ်းချမ်းရေးဆုရှင်ကြီးခမျာ ရှင်းပြနေရှာတာ ဖက်ဖက်ကိုမောလို့....။ ခင်များတို့ကတော့ လက်ခုပ်သံလျော့မှာ ဆိုးတာတစ် ခုတည်း နဲ့ ခေါင်းရှောင်ခဲ့တာနော်....။

နောက်ဆုံးပြောမယ်....။ ခင်များပြောသလို ဒေါ်စု နဲ့ ပြည်သူ သွေး မကွဲပါ။ ဒေါ်စုနောက် မှာ ပြည်သူ တစ်ရပ်လုံးရှိနေပါတယ်....။ တခဲနက်ထောက်ခံနေ ပါတယ်....။ ဒေါ်စုရဲ့စေတနာ နဲ့ အစီရင်ခံစာရဲ့ အတိမ်အနက်ကို သဘောမပေါက်တဲ့ လက်တစ်ဆုပ်စာ လူနည်းစုကသာ ဒေါ်စုကို ဆန့်ကျင်နေတာပါ...။ ၈၈ မျိုးဆက် ရဲ့ နိုင်ငံရေး ဂုဏ်သိက္ခာကို အဖတ်ဆယ်ချင်သပဆိုရင်တော့ အကိုတို့ လုပ်လို့ရတာ ရှိပါတယ်။ ဘာလဲဆိုတော့ လက်ပံတောင်းဒေသကို ကိုယ်တိုင်သွားရောက်ပြီး (ဒေသခံတွေကို) အစီရင်ခံစာအကြောင်းရှင်းပြကြပါ......။ ဒေါ်စု ကို ဝန်းရံကြပါ....။
 

From:VFM

www.mmdailystar.com

Viewing all articles
Browse latest Browse all 4837

Trending Articles


အသိမ်းသန်တဲ့ ဒို့နိုင်ငံ-တက္ကသိုလ်ဘုန်းကြွယ်


မြောက်ဒဂုံ ပင်လုံအလုပ်သမားရုံးတွင် ကိုရီးယား စာမေးပွဲဖြေဆိုရန်...


သီဟသူရဘွဲ့ရရှိခဲ့များ (အပိုင်း ၃ )


နောင်တော်ကြီးမင်း၏ နောက်ဆုံးည


ဝန်ရှင်တော်မင်းကြီး များ၏ နိုင်ငံရေး


"ကုလား"လို့ ပဲ ဆက်၍ခေါ်မယ် အဘိုင်


သီးမခံနိုင်တဲ့အဆုံး လင်ယောက်ျားရဲ့ ငယ်ပါကို ညှစ်ပြီးသတ်လိုက်တဲ့ ဇနီး


ပ​ထွေးဖြစ်သူမှ မယားပါသမီးကို အဓမ္မကျင့်​မှု ရပ်ကွက်လူကြီးများနဲ့ ပက်ပင်းမိ !!!


ကရဝေး စိုက်ပျိုးနည်း


စပါး ⁠ဖောင်စီးဂဏန်း ကျ⁠ရောက်ပုံ ⁠နှင့် ကာကွယ်⁠နှိမ်နင်းနည်းများ



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>