Quantcast
Channel: Myanmar Daily Star
Viewing all articles
Browse latest Browse all 4837

လေးမွှာပူးကလေးများ ခွဲခြားရခက်၊ နံပါတ်ဆံပင် အဆန်းထွင်

$
0
0

လေးမွှာပူးမွေးထားသည့် မိခင်တစ်ယောက်သည် သားလေး ယောက်ကို ခွဲခြားရခက်သဖြင့် ဦးခေါင်းတွင် ဆံပင်ပုံကို နံပါတ်များပုံဖော်ကာ ညှပ်ပေးခဲ့ရကြောင်း သိရှိရသည်။

မိခင်ဖြစ်သူက အသက် ၆ နှစ်အရွယ် သားလေးယောက်ကို ကျောင်းသို့လာအပ်ရာတွင် ကျောင်းရှိ ဆရာ ဆရာမများနှင့် သူငယ်ချင်းများခွဲခြားရလွယ်ကူစေရန် ထိုသို့ လုပ်ဆောင်ခြင်းဖြစ်သည်ဟုဆိုသည်။

လေးမွှာပူးတို့၏အမည်များမှာ ယန်လောင်၊ ယန်ရှောင်၊ ယန်ဟန်နှင့် ယန်လင်းဟူ၍ ပေးထားသော်လည်း သူတို့၏ရုပ်သွင်များမှာ ခွဲခြားမရအောင် တူလွန်းနေသဖြင့် မိခင်က ဆံပင်ပုံကို အစဉ်လိုက် နံပါတ်များတပ်ကာ ပုံဖော်ပေးခဲ့ခြင်းဖြစ်သည်။

မိခင်နှင့် ကလေးများသည် တရုတ်ပြည်၊ ဂွမ်ဒေါင်းနယ်ရှိ ရှန်ဇန်းမြို့တွင် နေထိုင်ကြပြီး ကျောင်းသို့ ပထမဦးဆုံး အကြိမ်လာအပ်သော သားများ၏ပြဿနာကို မိမိကိုယ်တိုင်ဖြေရှင်းပေးခဲ့ခြင်းဖြစ်သည်။

မိခင် တန် ချောင်ယန်းက “ကျွန်မသားတွေက တစ်ယောက်နဲ့တစ်ယောက် ခွဲမရအောင်တူတယ်။ သူတို့ အသက် ၁၈ လလောက်ကတည်းက ကျွန်မ ခွဲခြားမရတော့လို့ ပြဿနာတွေတက်ခဲ့တယ်။ ဒါကြောင့် သူတို့ လက်မောင်းတွေမှာ စာချိတ်ထားရတယ်။ သူတို့ကို သေသေချာချာကြည့်ရင် မျက်ရစ်လေးတွေတော့ ကွဲတယ်။ ဒါပေမယ့် သူတို့အဖေတောင် သူတို့ကို ဘယ်သူတွေမှန်း မသိဘူး။ ဒါကြောင့် ထမင်းကျွေးပြီး သားကလေး ကို ထပ်ကျွေးမိတာတို့၊ အပြစ်ပေးပြီးသားကလေးကို ထပ်အပြစ်ပေးတာတွေ ဖြစ်ခဲ့တယ်” ဟု ပြောကြား သည်။

From: မောက္ခ

www.mmdailystar.com

Viewing all articles
Browse latest Browse all 4837

Trending Articles


တာချီလိတ်၌ အမျိုးသားတစ်ဦး မိမိကိုယ်ကိုယ် သေနတ်ဖြင့် ပစ်၍ သေဆုံး ( ရုပ်သံ )


ဒေါ်အောင်ဆန်းစုကြည် မဟုတ်တဲ့ မြန်မာနိုင်ငံရဲ့ ပထမဆုံး အမျိုးသမီး သမ္မတ...


စာအုပ်​​ပေါင်း ၆၀၀ ​ကျော်​ပါတဲ့ Link


၂၀၀၁ ခုနှစ် ထိုင်း - မြန်မာ နယ်စပ် တိုက်ပွဲများ


ဘုရင့်နောင်မှ တောင်ငူကို သိမ်းခြင်း


ခင်ဝင့်ဝါ၏ ဖော်ချွတ်ပြထားသော အလှတရားများ


ဆားပုလင်းနှင်းမောင်၏ နိဂုံး


ချူံမြင်တိုင်းတိုးချင်နေကြတဲ့ ချစ်သူစုံတွဲများ နားထောင်ပေးပါ


ကရဝေး စိုက်ပျိုးနည်း


စပါး ⁠ဖောင်စီးဂဏန်း ကျ⁠ရောက်ပုံ ⁠နှင့် ကာကွယ်⁠နှိမ်နင်းနည်းများ



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>