Quantcast
Channel: Myanmar Daily Star
Viewing all articles
Browse latest Browse all 4837

ရဲ တာဝတ္တရား နှောင့်ယှက်မှုဖြင့် လူ(၄)ဦးအား ကျောက်တံတားစခန်းမှ တရားစွဲ

$
0
0

ဧပြီလ(၄)ရက်နေ့ ကိုရဲမင်းဦးအားရုံးထုတ်လာစဉ် တာဝန်ယူထားရသည့် ရဲတပ်ဖွဲ့ဝင်များ၏ တာဝန်နှင့် ၀တ္တရားကို နှောင့်ယှက်သည်ဆိုကာ ကျောက်တံတားမြို့နယ် ရဲစခန်းမှ အမျိုးသမီးတစ်ဦးအပါအ၀င် လူ(၄)ဦးကို ပုဒ်မနှစ်ခုဖြင့် တရားစွဲဆိုထားကြောင်း ကျောက်တံတားမြို့နယ်ရဲစခန်းက သိရှိရသည်။

တရားစွဲဆိုရာတွင် ကျောက်တံတားမြို့နယ် ရဲစခန်းမှ ရဲအုပ်ဦးသိန်းနိုင်မှ တရားလိုပြုလုပ်၍ (ပ) ၁၃၁/၂၀၁၃ ပြစ်မှုဆိုင်ရာဥပဒေပုဒ်မ (၃၅၃/၅၀၆) ပြည်သူ့ဝန်ထမ်းအား ကိုယ်ထိလက်ရောက် ကျူးလွန် မှုနှင့် ရာဇ၀တ် မကင်းသော ခြောက်လှန့်မှုများဖြင့် တရားစွဲဆိုခဲ့ခြင်းဖြစ်သည်။

တရားစွဲဆိုခံရသူ (၄)ဦးမှာ (၈၈)မျိုးဆက် ငြိမ်းချမ်းရေးနှင့်ပွင့်လင်းလူ့အဖွဲ့အစည်းမှ ကိုချစ်ကိုလင်း၊ ကိုရဲမင်းဦး ၏ညီဖြစ်သူ ကိုရဲမင်းအောင်၊ ကျောင်းသားသမဂ္ဂဖြစ်မြောက်ရေး ကော်မတီမှ ကိုရဲမြတ်ဟိန်းနှင့် မနွဲ့နှင်းရည်(ခ) နိုးနိုးတို့ ဖြစ်ကြောင်း သိရသည်။

“ကျွန်တော်တို့အနေနဲ့ အမှုဖွင့်ထားပြီးဖြစ်လို့ ထွက်ချက်ပေးရတယ်။ ကိုယ်ထိလက်ရောက် တွန်းထုတ်တယ် ခြိမ်းခြောက်တယ်၊ လူ့အခွင့်အရေးချိုးဖောက်တယ်ဆိုပြီး စွပ်စွဲတယ်၊ ပြန်လည် တရားစွဲဆိုမယ်ဆိုပြီး ခြိမ်းခြောက် စကားလုံးသုံးတယ်ဆိုပြီး ခေါ်စာမှာ ရေးထားတယ်၊ အဲဒါတွေကို ကျူးလွန်ခဲ့ခြင်းမရှိဘူးဆိုပြီး ထွက်ဆိုချက်မှာ ရှင်းလင်းပေးခဲ့တယ်”ဟု (၈၈) မျိုးဆက်ကျောင်းသား ကိုချစ်ကိုလင်းက ပြောသည်။

ဧပြီလ(၆)ရက်နေ့တွင် ကျောက်တံတားမြို့နယ်ရဲစခန်းမှ တရားစွဲဆိုခံရသူ(၄)ဦးကို ဆင့်ခေါ်စာဖြင့်ခေါ်ယူပြီး ရဲစခန်းတွင် ဧပြီလ(၇)ရက်နေ့၌ ထွက်ဆိုချက်ပေးခဲ့ရကြောင်း သိရှိရသည်။

“ကိုယ်ပိုင်ခံဝန်နဲ့ ထွက်လာခဲ့တယ်၊ တရားရုံးကို ဘယ်နေ့စွဲတင်မလဲဆိုတာတော့ မသိသေးဘူး၊ ရဲစခန်းမှာ လာဖြေ ရှင်းတယ် ဆိုတာကလည်း ဥပဒေကို လေးစားတယ်ဆိုတာပြတဲ့အနေနဲ့ ဖြေရှင်းခြင်းဖြစ်တယ်၊ ဥပဒေကို လေးစားသလို ဥပဒေရဲ့ အကာအကွယ်ကိုလည်း လိုချင်ပါတယ်၊ ဖြစ်ခဲ့တဲ့ ဖြစ်ရပ်တွေမှာ သက်ဆိုင်ခြင်းမရှိဘူး ဆိုပြီးဖြေရှင်းခဲ့တယ်” ဟု ၎င်းက ဆက်ပြောသည်။

ယခု တရားစွဲဆိုခံရသူများမှာ ၎င်းတို့ အကျဉ်းထောင်မှပြန်လည်လွတ်မြောက်လာစဉ် ပထမဦးဆုံးအကြိမ်အဖြစ် တရားစွဲခံရခြင်းဖြစ်ကြောင်း သိရှိရသည်။

အခင်းဖြစ်ပွားရာတွင် ကိုရဲမင်းဦးအား ရုံးထုတ်လာစဉ် မိသားစုနှင့်တွေ့ခွင့်ပေးရန် မိတ်ဆွေများနှင့် စကားပြောခွင့် ပေးရန် တောင်းဆိုရာမှ ပဋိပက္ခအသွင်စတင်ခဲ့ခြင်းခဲ့ခြင်းဖြစ်ကြောင်းကိုလည်း သိရှိရသည်။

“မိသားစုနဲ့တွေ့ခွင့်ဆိုတာကို ဥပဒေက ခွင့်ပြုပေးပြီးသား၊ သူ့ရဲ့ရှေ့နေ မိသားစု မိတ်ဆွေတွေနဲ့ တွေ့ဆုံခွင့်ကို ဥပဒေက ခွင့်ပြုပေးထားတယ် ၊ လာတဲ့သူတွေကလည်း မိတ်ဆွေနဲ့ သူ့ညီတောင်ပါတယ်။ ညီပါ တရားခံ ဖြစ်ရ တယ်ဆိုတော့ ၀မ်းနည်းစရာကောင်းတယ်၊ ဒီလောက်လူအုပ်ကြီးရှိနေတဲ့အချိန်မှာ ၃၅၃ ဟာ ဘယ်လိုမှ မဖြစ်နိုင်ဘူး၊ ကျွန်တော်တို့လူတွေဟာ မင်းမဲ့ဝါဒီတွေ မဟုတ်ဘူး ဥပဒေကို လေးစားတဲ့သူတွေဖြစ်တယ်၊ ဒါကိုပြန်ပြီး သုံးသပ်မယ်လိုတော့ ယုံကြည်တယ်။ အမှုဖွင့်စစ်ဆေးတဲ့ အဆင့်ဆိုတော့ ပြောရတာ နည်းနည်းတော့ စောသေး တယ်”ဟု အဆိုပါအမှုအားလိုက်ပါဆောင်ရွက်ပေးမည့် တရားလွှတ်တော်ရှေ့နေ ဦးရောဘတ် စန်းအောင်က သုံးသပ်သည်။

လက်ရှိတွင် တရားစွဲခံရသူ (၄)ဦးကို ကိုယ်ပိုင်ခံဝန်ဖြင့် ကျောက်တံတားမြို့နယ် ရဲစခန်းတွင် လတ်မှတ်ထိုးထား ခဲ့ရပြီး တရားရုံး၌စွဲချက်တင်ရန်နေ့ အတိအကျ မသိရှိရသေးကြောင်းကိုလည်း သိရှိရသည်။

From: Myit Makha Mediagroup

www.mmdailystar.com

Viewing all articles
Browse latest Browse all 4837

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>