ထိုင်း-မြန်မာ နယ်စပ်တွင် ထိုင်းလက်နက်ကိုင်များနှင့် မြန်မာအစိုးရ တပ်များ သောကြာနေ့က တိုက်ပွဲဖြစ် ပွားခြင်း မရှိခဲ့ကြောင်း ထိုင်း နိုင်ငံခြားရေးဝန်ကြီးက ငြင်းဆိုလိုက်သည်။
နားလည်မှု လွဲမှားခြင်းသာ ဖြစ်သည်ဟု ဝန်ကြီး Surapong Tovichakchaikul ၏ ဖြေရှင်းချက်အား ကိုးကား၍ ထိုင်းနိုင်ငံ အခြေစိုက် ဘန်ကောက်ပို့စ် သတင်းတရပ်တွင် ဖော်ပြပါရှိသည်။
ယမန်နေ့က သတင်းဌာနအချို့တွင် မြန်မာ့တပ်မတော်မှ အင်အား ၁၃ ဦး ကျဆုံးခဲ့ ရပြီး နှစ်ဦး ပျောက် ဆုံးခဲ့သည့် ပစ်ခတ်မှုတခု ကော့သောင်းခရိုင်တွင် ဖြစ်ပွားခဲ့ကြောင်း လုံခြုံရေး သတင်းရပ် ကွက်အား ကိုးကား၍ ဖော်ပြခဲ့ကြသည်ကို ဝန်ကြီးက ငြင်းဆိုလိုက်ခြင်းဖြစ်သည်။
မြန်မာ့တပ်မှ စစ်သား ၁၃ ဦးမှာ တောထဲတွင် လမ်းပျောက်၍ အခြား ကင်းလှည့်တပ်ဖွဲ့အား စက်မှ အကူအညီတောင်းစဉ် တောမီးလောင်ကျွမ်းသံများအား အကောက်အယူလွဲကာ တိုက်ပွဲဖြစ်နေသည်ဟု မှတ်ထင်မှားခဲ့ခြင်းဖြစ်သည်ဟု ဝန်ကြီးက ဖြေရှင်းသည်။
သို့သော် ဘန်ကောက်ပို့စ်ကမူ လက်နက်ကိုင်များနှင့် ကင်းလှည့်တပ်များ ထိုနယ်စပ်ဧရိယာတွင် အပြန် အလှန်ပစ်ခတ်မှုများ ဖြစ်ခဲ့ကြောင်း ဆက်လက်ရေးသားဆဲဖြစ်ပြီး ပျောက်ဆုံး စစ်သား နှစ်ဦးလည်း ရှာ မတွေ့သေးကြောင်း ၎င်းတို့သတင်းရင်းမြစ်အား ကိုးကား၍ ရေးသားထားသည်။
www.mmdailystar.com