Quantcast
Channel: Myanmar Daily Star
Viewing all articles
Browse latest Browse all 4837

ရုပ်ရှင်ကား အာဆီယံဆု ရရှိ သည့် ကယန်းအလှ

$
0
0

လူကုန်ကူးမှု တိုက်ဖျက်ရေးနဲ့ မြန်မာနိုင်ငံမှာ ပျောက်ကွယ်လုနီးပါးဖြစ်နေတဲ့ ကယန်း တိုင်းရင်းသားလူမျိုးနဲ့ ယဉ်ကျေးမှုအကြောင်းတွေကို ရိုက်ကူးထားတဲ့ ကယန်းအလှ Kayan Beauties ဆိုတဲ့ ရုပ်ရှင်ဇတ်ကားဟာ မတ်လ ၂၈ နဲ့ ၃၁ ရက်နေ့ မလေးရှားနိုင်ငံမှာကျင်းပခဲ့တဲ့ အာဆီယံ နိုင်ငံတကာ ရုပ်ရှင်ပွဲတော်မှာ ဆုရရှိခဲ့ပါတယ်။

အဲဒီရုပ်ရှင်ပွဲတော်မှာ အကဲဖြတ်ဒိုင်လူကြီးတွေပေးအပ်တဲ့ Best of Jury Award ဆုကို ဇာတ်ကား ရိုက်ကူးတင်ပြခဲ့ တဲ့ ဒါရိုက်တာ အောင်ကိုလတ် ဆုရရှိခဲ့တာပါ။ အာဆီယံ နိုင်ငံတကာ ရုပ်ရှင်ပွဲတော် က ပေးအပ်တဲ့ဆုကို ပထမဆုံးရရှိခဲ့တဲ့ မြန်မာနိုင်ငံက ရုပ်ရှင်ကားတစ်ကား ဖြစ်ပါတယ်။

ဒါရိုက်တာ အောင်ကိုလတ်နဲ့ တွေ့ဆုံမေးမြန်းခန်းကို RFA ရုပ်မြင်သံကြားအစီအစဉ်က ဧပြီလ ၈ ရက်နေ့ အစီအစဉ်မှာ ထုတ်လွှင့်ပေးပါမယ်။

From: RFA

www.mmdailystar.com

Viewing all articles
Browse latest Browse all 4837

Trending Articles