Quantcast
Channel: Myanmar Daily Star
Viewing all articles
Browse latest Browse all 4837

ဂဏန် ၁၀ လုံး 0931 နဲ့ စမည့် CDMA 800 MHz အကြောင်း

$
0
0

သည်လ ၂၄ ရက်မှစပြီး CDMA- 800 MHz ဖုန်းနဲ့ WCDMA ဆင်းကတ်တွေ ကို ငွေကျပ် တစ်ထောင့် ငါးရာနဲ့ ရောင်း ချပေးမယ်လို့ ယနေ့ည မြန်မာ့ရုပ်သံမှာ စာတန်း ထိုး ကြေညာ ပါတယ်။ မြန်မာ့ ဆက် သွယ်ရေး လုပ်ငန်း မိုဘိုင်းအင်ဂျင်နီယာချုပ် ဦးဌေးဝင်းက “CDMA- 800 MHz နဲ့ WCDMA ဆင်းကတ်တွေကို ငွေကျပ်တစ်ထောင့်ငါးရာနဲ့ သည်လ ၂၄ ရက်နေ့ ကစပြီး ပြည်နယ်နှင့် တိုင်းဒေသကြီး အစိုးရ အဖွဲ့ အစီအစဉ်နဲ့ ရောင်းချပေး မှာ ဖြစ် တယ်၊ ရောင်းချပေးမယ့် နံပါတ်တွေကတော့ 800 MHz ကို 0931 နဲ့စပြီး စုစုပေါင်း နံပါတ် ၁၀ လုံး ပါဝင်မှာ ဖြစ်ပါတယ်။ 

တယ်လီဖုန်း လျှောက်ထားဖို့ မှတ်ပုံတင်မိတ္တူ၊ အိမ်ထောင်စုစာရင်းနဲ့အတူ လစဉ် အလုံးရေ သုံးသိန်း ခွဲ ရောင်းချပေးမှာ ဖြစ်ပါတယ်” လို့ ပြောပါတယ်။ အင်တာနက်ကိုတော့ သီးသန့် လျှောက်ထားဖို့ လိုတယ် လို့ သိရပါတယ်။ ကိုယ်စားလှယ် ကုမ္ပဏီတွေနဲ့ မိုဘိုင်းအရောင်းဆိုင်တွေကိုတော့ ရောင်းချခွင့် မပြုသေးပါ ဘူး။ တစ်နိုင်ငံလုံးကို အလုံးရေခွဲတမ်းနဲ့ ရောင်းချပေးမှာလို့ ဆိုပါတယ်။   ခေါ်ဆိုခနှုန်းထား ပြောင်းလဲခြင်း မရှိဘူးလို့ သိရပါတယ်။ 

စတင်ရောင်းချတဲ့ ရက်ကစပြီး လစဉ်အလုံးရေ သုံးသိန်းခွဲ ရောင်းချပေးသွားမှာဖြစ်ပြီး အော်ပရေတာတွေနဲ့ အကျိုး တူ ပူးပေါင်းတည်ဆောက်မယ့် တာဝါတိုင် တိုးချဲ့စီမံကိန်းတွေ ပြီးသွားခဲ့ရင်တော့ ဖုန်းတွေကို အကန့် အသတ်မရှိ ရောင်းချပေးမယ်လို့ ရုပ်မြင်သံကြား ပြည်တွင်းသတင်းမှာ ကြေညာပါတယ်။ ဘယ်နေ ရာ၊ ဘယ် ဌာနတွေမှာ ရောင်းချမယ် ဆိုတာကိုတော့ မတွေ့ရပါဘူးဟု ၂၀၁၃ ခုနှစ် ဧပြီလ ၅ ရက်နေ့ ထုတ် မော်ဒန် ဂျာနယ်တွင် ဖော်ပြထားပါသည်။ 
From:ခေတ်လူငယ်

www.mmdailystar.com

Viewing all articles
Browse latest Browse all 4837

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>