ယမန်နေ့က မြောက်ကိုရီး ယားသည် ၎င်းတို့နိုင်ငံအား အဓိက အထောက်အပံ့ပြု လျက်ရှိ သည့် တောင်မြောက် ကိုရီးယားဖက်စပ် စက်မှုဇုန်အားပိတ်သိမ်းပြီး တောင် ကိုရီးယားအလုပ်သမား များအား နေ ရပ်ပြန် ရန်အမိန့်ထုတ်ပြန်ပြီ ဖြစ်ရာ ကိုရီးယားကျွန်းဆွယ်အရေး မှာ စစ်ရေးပဋိပက္ခ အသွင်ရောက် ရှိလာနိုင်သည်ဟုယူဆသည့်အတွက် အမေရိကန်ပြည်ထောင် စုနှင့် တောင်ကိုရီးယား တို့ကအမြင့် ဆုံး တပ်လှန့်ထားသည်။
ဝါရှင်တန်ကလည်း မြောက် ကိုရီးယားတို့သည် ဂူအမ်ကျွန်းရှိ အမေရိကန်စစ်စခန်းကို တာဝေး ပစ် ဒုံးကျည်များဖြင့်ပစ်ခတ်ရန် ချိန်ရွယ်ထားကြောင်း သတင်းရရှိ သဖြင့်၊အမေရိကန်၏လေကြောင်း ရန်ကာကွယ်ရေး ဒုံးကျည်တပ်ဖွဲ့ နှင့်ဒုံးခွင်းဒုံးကာကွယ်ရေး စစ် လက်နက်များအား ဂူအမ်ကျွန်းသို့ ဧပြီလ ၃ရက်မှစ၍ရွှေ့ပြောင်း တပ်ဆင်ထားကြောင်း အမေရိကန် စစ်ဘက်ထိပ်တန်းအရာရှိတစ်ဦး ကပြောကြားသည်။
အဆိုပါလေကြောင်းရန် ကာကွယ်ရေးနှင့်ဒုံးခွင်းဒုံးကာကွယ် ရေးဒုံးကျည်များတွင် တာတိုပစ် ဒုံးကျည်(Short Range) တာလယ် ပစ်ဒုံးကျည် (Medium Range Missilde) နှင့်တိုက်ချင်းပစ်ဒုံး ကျည် (Intermediate range ball istic Missiles) များပါဝင်သည်။ ထို့အပြင် အမေရိကန်ပြည်ထောင် စုသည် အနောက် ပစ္စဖိတ်ဒေသတို့ ဖျက်သင်္ဘောနှစ်စီးနှင့်ရေပြင် အခြေစိုက် ရေဒါစခန်းတစ်ခုကို လည်းစေ လွှတ်ထားသည်။
မြောက်ကိုရီးယားတို့ကလည်း အမေရိကန်တို့အား နျူကလီးယား ထိပ်ဖူးတပ်ဒုံးကျည်များဖြင့် အမှန် တကယ် ပစ်မည်ဟု တွင်တွင်ပြော (Rhetoric) လျက်ရှိသည်။ ““တို့က အမေရိကန်ကို ရှင်းရှင်းပဲပြော မယ်၊တို့ မှာရှိတဲ့ ပေါ့ပါးလျင်မြန် တဲ့ နျူကလီးယားထိပ်ဖူးတပ်ဒုံး ကျည်တွေနဲ့ပစ်မယ်”” (To aftack the US.With ”Smaller Lighter and diversifide nucllar weapons”) ဟုခြိမ်းခြောက်ထားသည်။
အမေရိကန်ကာကွယ်ရေး ၀န်ကြီး ဟေဂယ်လ်က မြောက် ကိုရီးယားတို့ခြိမ်းခြောက်လာမှု ကိုလျှော့တွက်၍ မရကြောင်း ဒါကြောင့် ဂူအမ်ကျွန်းကို ဒုံးခွင်းဒုံး ကာကွယ်ရေးဒုံးကျည် စခန်းများ ကို အသင့်ပြင် ထား ရခြင်းဖြစ် ကြောင်းပြောကြားသည်။
www.mmdailystar.com