Quantcast
Channel: Myanmar Daily Star
Viewing all articles
Browse latest Browse all 4837

သြော် လူ့အလို နတ်မလိုက်နိုင်ဆိုတာ တကယ်ပါပဲလား ...

$
0
0

ခင်ဗျားတို့ပဲ ၅၀၀၀ ကျပ်တန် ၅၀၀၀ ကျပ်တန် ဆင်းကဒ်နဲ့ အော်နေကြပြီး ဟော ခုတစ်ကယ် လည်း ရောင်းပေးရော ၁၅၀၀ကျပ် (ဖုန်းပြောဆိုခ ၃၀၀ကျပ်ဖိုး ပါပြီးသား) ဗျာ ... ကဲ ခင်ဗျားတို့ပြော တာ ထက် ၃၅၀၀ သက်သာတယ် ... ပြီးတော့ ကောလဟလလို အ၀င်ကော အထွ က်ကော ပေးရ မယ် ဆိုတာလည်း မဟုတ်ဘူးဗျာ ... ကျေနပ်သေးဘူးလား ...

တစ်လက ၂၅၀၀ကျပ်ဖိုး ၂လ ၅၀၀၀ကျပ်ဖိုး မပြောမနေရလို့လေး ပါနေတာကို ပွစိပွစိနဲ့ ... ဖုန်းပြောဆိုခ တစ်မိနစ်ကို ၃၅ကျပ်နဲ့ဆို ၇၁မိနစ်ကျော် ၊ ၂၅ကျပ်နဲ့ဆို မိနစ် ၁၀၀ဗျာ ... တစ်လကို မိနစ်၁၀၀ (တစ်ရက်ကို ၃မိနစ်ကျော်ကျော်လေး) ကို ဖုန်းတစ်လုံးဝယ်ပြီး မပြောတော့ဘူးလားဗျ ... ဒါဆို ဘာအတွက် ဖုန်းဝယ်သတုန်း ... တစ်ရက်မှ ၃မိနစ်တောင် ဖုန်းပြောစရာမရှိဘဲ ၀ယ်ကိုင်မနေတော့နဲ့ဗျာ ... နောက်ဆုံး “ ဟေ့ကောင် မင်းငါ့ကို ပြန်ခေါ်” တစ်ရက် သုံးခါလုပ်တာတောင် တစ်လ ၂၅၀၀ ကျပ်တော့ ကျမယ်ဆိုတာ နားလည်သင့်တယ် ... ခုက ဈေးလျှော့ပေးတဲ့သူကိုမှ အားမနာ ...

ပြီးတော့ ကဒ်ဝယ်ပြီး ၁၅ရက်အတွင်း ဖုန်းကဒ်ကို မသုံးရင် ကဒ်ပျက်မယ်ဆိုတာက မသုံးဘဲ ဥထားမယ့်သူတွေရန်ကနေ ကာကွယ်ပြီး အများပြည်သူကို အမှန်တစ်ကယ်သုံးစေချင်လို့ ပါတဲ့စည်းမျဉ်းပါပဲ ... ဆိုင်တွေကတောင် ဟန်းဆက်ဝယ်ရင် ဖုန်းကဒ်အလကားပေးမယ်ဆိုရင်တောင် ဟန်းဆက် မရောင်းရ ရင် ကဒ် အလကားရှုံးမှာ ... ဒီလိုမျိုးတမင်လုပ်ထားပြီး မြန်မာပြည်သူပြည်သားအားလုံး ဖုန်းသုံးနိုင်အောင် လုပ်ထားပေးတာကို ကျေးဇူးတင်ပါဦး ...

ကျနော် ခုရောက်နေတဲ့ တိုင်းပြည်မှာတောင် တစ်ကဒ်ကို ၂ဒေါ်လာ (၁၇၀၀ကျပ်လောက်) ပေးရတယ်ဗျာ ... ဖုန်းပြောခ မ ပါသေးဘူး ... ငွေဖြည့်ကဒ်က အနည်းဆုံး ၃၀ဒေါ်လာ (၄၅ရက်အတွင်း သုံး .. မသုံးလည်း ကုန်မယ် ... ဖုန်းပြောခ နည်းနည်းသက်သာတာကတော့ ကွာတာပေါ့ဗျာ) ... ဒေါ်လာ ၃၀ = ၂၅၀၀၀ ကျပ်လောက် ကို ၄၅ရက်အတွင်း မပြောမနေရ ... ကဲ မြန်မာပြည်က ရက်ပေါင်း ၆၀မှ ၅၀၀၀ကျပ် ... ဘယ်လောက်သာလဲ ...

ဖုန်းဟန်းဆက်ဝယ်ရဦးမယ်တွေ ဘာတွေ အတွန့်မတက်ပါနဲ့ဗျ ... ဖုန်းပြောရုံဆို သိပ်ဈေးမကြီးပါဘူး ... ဖုန်းပြောရုံတင်မဟုတ်ဘဲ ကင်မရာကလည်း ရိုက်ချင်သေး၊အင်တာနက်လည်း သုံးချင်သေး ၊ သီချင်းလည်း နားထောင် ချင်သေး ၊ ဂိမ်းကြီးကြီးလည်း ကစားချင်သေးလို့ ဟန်းဆက်အကောင်းဝယ်တာကတော့ ခင်ဗျားတို့ ရဲ့ အပိုဆန္ဒလေ ... အစိုးရက ဖုန်းကဒ်ဈေးချပေးပြီးပြီ ... ဟန်းဆက်ကတော့ သူတို့နဲ့ မဆိုင်တော့ ဘူးဗျို့ ...

အသက်သာဆုံးလုပ်ထားပေးတာကို အရိုးများသလေး ချီးခါးသလေး လုပ်နေကြသေးတယ် ... တော်တော်ပေါက် လာပြီ ... အလကားပေးရင်တောင် ခုမှပေးလား လုပ်ဦးမယ် ထင်တာပဲ ...
မောင်ဝီ က ဘာကောင်မှတော့ မဟုတ်ပေမယ့် အစိုးရကောင်းရင် ချီးမွမ်းပြီး မကောင်းရင် တတ်သိ သလောက်လေး အော်တတ်တဲ့ အမှန်မြင်စိတ်လေး ရှိအောင် ကြိုးစားတည်ဆောက်နေတဲ့သူပါပဲ ... နေရာ တကာ အစိုးရဆန့်ကျင်ရပြီးရော ပျော်နေတဲ့သူ မဟုတ်ကြောင်းပါ ...။

From: Wilson Aungthwin

www.mmdailystar.com

Viewing all articles
Browse latest Browse all 4837

Trending Articles


ကလေးစစ်သား ကာကွယ်တားဆီးရေးမူ အရ မြန်မာအပေါ် ချမှတ်ထားသည့် ပိတ်ဆို့အရေးယူမှု...


မြောက်ဒဂုံ ပင်လုံအလုပ်သမားရုံးတွင် ကိုရီးယား စာမေးပွဲဖြေဆိုရန်...


သီဟသူရဘွဲ့ရရှိခဲ့များ (အပိုင်း ၃ )


နောင်တော်ကြီးမင်း၏ နောက်ဆုံးည


ပြည်မင်းသား၏ သားတော် ပြည်ထိပ်တင်တုတ် အကြောင်း


"ကုလား"လို့ ပဲ ဆက်၍ခေါ်မယ် အဘိုင်


သီးမခံနိုင်တဲ့အဆုံး လင်ယောက်ျားရဲ့ ငယ်ပါကို ညှစ်ပြီးသတ်လိုက်တဲ့ ဇနီး


မိန်းကလေး အပျိုစစ်ပါတယ်လို့ သက်သေပြဘို့ရာ အသုံးပြုနိုင်တဲ့အချက် (၈) ချက်


ကရဝေး စိုက်ပျိုးနည်း


စပါး ⁠ဖောင်စီးဂဏန်း ကျ⁠ရောက်ပုံ ⁠နှင့် ကာကွယ်⁠နှိမ်နင်းနည်းများ



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>