Quantcast
Channel: Myanmar Daily Star
Viewing all articles
Browse latest Browse all 4837

မွတ်စလင် ကျောင်းသား ၁၃ဦး မီးလောင်သေဆုံးမှု စတင်စစ်ဆေး

$
0
0

ရန်ကုန်မြို့ ဗိုလ်တစ်ထောင်မြို့နယ် ၄၈ လမ်းက အစ္စလာမ် စာသင်ကျောင်း ဧပြီ၂ရက် မနက်ပိုင်းက မီးလောင် ကျွမ်းမှု ဖြစ်ပွားခဲ့လို့ ကျောင်းသား ၁၃ ဦးသေဆုံးခဲ့ရ မှုနဲ့ပတ်သက်ပြီး စုံစမ်းစစ်ဆေးရေး အဖွဲ့ကို ရန်ကုန် တိုင်း အစိုးရက ဖွဲ့စည်းလိုက်ပါတယ်။ အခုအခါ စတင်စစ်ဆေး မှုတွေ ပြု လုပ်နေပြီ ဖြစ် ပါတယ်။ ကျော င်းသား ၁၃ ဦးမီးလောင်ပြီး သေဆုံးမှုရဲ့ ဖြစ်ရပ်မှန် အတွက် စုံစမ်းရေးအဖွဲ့မှာ အဖွဲ့ဝင် ၇ ဦးပါဝင်ပါတယ်။

ရန်ကုန်တိုင်း လျှပ်စစ် ဓါတ်အားပေးအဖွဲ့ အတွင်းရေးမှူး ဦးတိုးအောင်က အဖွဲ့ခေါင်းဆောင်ဖြစ်ပါတယ်။ အဖွဲ့ဝင်တွေ အဖြစ် ရန်ကုန်တိုင်း အစိုးရက တာဝန်ရှိသူ၊ရဲတပ်ဖွဲ့နဲ့ မြို့နယ် အုပ်ချုပ်ရေးမှူး စတဲ့အစိုးရ တာဝန်ရှိ သူတွေနဲ့ ဖွဲ့စည်းထားတာ ဖြစ်ပါတယ်။

ဦးတိုးအောင်က အခုအခါ ရိုးရိုးသားသား မီးမတော်တဆဖြစ်မှုလား မသမာမှုရှိသလားဆိုတာ ရရှိတဲ့ သက်သေတွေကို အသေအချာ စစ်ဆေးသွားမယ်လို့ ပြောပါတယ်။

အခုအချိန်အထိ မျက်မြင်သက်သေတွေ ကျောင်းတွင်း ကျောင်းပြင်နဲ့ အုပ်ချုပ်သူတွေ အပါအဝင် လူ၂၀ကျော်လောက် စစ်ဆေးပြီးပြီလို့ ဘီဘီစီကိုပြောပါတယ်။

အခုကနဦး တွေ့ရှိချက်တွေကို သုံးသပ်ကြည့်ရင် သွေးရိုးသားရိုး မတော်တဆ မီးပေါ့ဆမှု လို့ယူ ဆရကြောင်း ပကတိဖြစ်ရပ်မှန် ပေါ်ပေါက်အောင် ပတ်ဝန်းကျင်ရော နည်းပညာရှင်တွေပါစုံစမ်း စစ်ဆေး သွား မှာဖြစ်တယ်လို့ ဦးတိုးအောင်က ပြောသွားပါတယ်။

မီးလောင်မှုရဲ့ စစ်ဆေးတွေ့ရှိချက်တွေကို သောကြာနေ့ကြရင် ရန်ကုန်တိုင်း ဝန်ကြီးချုပ်ဆီကို တင်ပြဖို့ သတ် မှတ်ထားတာဖြစ်ပါတယ်။ 

From:BBC

www.mmdailystar.com

Viewing all articles
Browse latest Browse all 4837

Trending Articles


နိုင်ငံခြားမှာ အလုပ်အဆင်ပြေပြီး ငွေအမြန်ပေးပို့စေသောယတြာ


ညတွေကိုမသတ်နဲ. ...... သရ၀ဏ်(ပြည်)


ရဟန်းခံပြုလိုသော ပဏ္ဍက (ပဏ္ဍုက်)များသို့


ရိုးရာမပျက် ဆင်ကာနွှဲ အာခါတိုင်းရင်းသားတို့ရဲ့ နှစ်သစ်ကူးပွဲ ( သတင်းဆောင်းပါး )


ပြည်မင်းသား၏ သားတော် ပြည်ထိပ်တင်တုတ် အကြောင်း


မြန်မာ့တပ်မတော်(ရေ)၏ စစ်ရေယာဉ်-773 အား ရေချ


ဝေဖန်မှု ဇာတ်လမ်းမျိုးစုံ နောက်ကွယ်က.... မိသားစုလိုက် ကတ်ကြေးနဲ့ထိုးခံရတဲ့...


♪ မြန်မာနိုင်ငံတစ်ဝန်း မြန်နှုန်းမြင့် Broadband အင်တာနက်...


မတ်ပဲမျိုးများ၏ အရည်အချင်းလက္ခဏာများ


ဗြိတိန်မှာ သံရုံးကြီးဆောက်မယ့်တရုတ်နဲ့ လုံခြုံရေးစိုးရိမ်ချက်တွေ



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>