Quantcast
Channel: Myanmar Daily Star
Viewing all articles
Browse latest Browse all 4837

လူ ၁၃ ဦး သေဆုံးခဲ့သည့် ၄၈ လမ်း ဗလီမီးလောင်မှုတွင် တာဝန်အရှိဆုံး ဗလီဆရာနှင့် တာဝန်ခံကို ဥပဒေအရ အရေးယူမည်

$
0
0

ဧပြီလ ၂ရက် မနက် ၂နာရီ ၄၅ မိနစ် ခန့်တွင် မီးအားမြှင့်စက် အပူချိန်လွန်ကဲရာမှ စတင်လောင်ကျွမ်းသော မီးလောင်မှုတွင် ဗလီအတွင်း ပိတ်မိကာ သေဆုံးခဲ့သူ ၁၃ ဦးအတွက် တာဝန်အရှိဆုံးသူများဖြစ်သည့် ဗလီဆရာနှင့် ဗလီတာဝန်ခံတို့ကို ဥပဒေအရ အရေးယူ သွားမည် ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး ၀န်ကြီးချုပ် ဦးမြင့်ဆွေက ပြောကြားသည်။

“အဓိက တာဝန်ပျက်ကွက်တဲ့သူက ဗလီမှာ အိပ်တဲ့ ဆရာပေါ့။ သူဘာတွေ ပျက်ကွက်လဲ ဆိုတော့   သော့တွေ သူ့လက်ထဲမှာ ရှိရဲ့ သားနဲ့ ၂ထပ်ခေတ်ထားတဲ့ သော့တွေကို သူဖွင့်လို့ရရဲ့ သားနဲ့ ဘာလို့မ ဖွင့်ပေးတာလဲ။ ဗလီဆရာက သူ့အပြစ်လွတ်အောင် ကောလဟာလတွေ လျှောက်ပြောနေတာတွေ ရှိတယ်။ မီး သတ်ကားတွေရောက်မှ မီးသတ်ကနေပြီး ဒီသော့ ၂လုံးကိုဖျက်ပြီးတော့မှ ကလေးတွေကို ဆွဲထုတ်ရ တယ်။ ဗလီထဲမှာ ကလေးက အယောက် ၇၀လောက် ရှိနေတာ” ဟု ၀န်ကြီးချုပ် ဦးမြင့်ဆွေက ပြောကြားသည်။

ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှ ရဲမှူးကြီး ဦးဝင်းနိုင်ကလည်း“ကလေးတွေ မသေသင့်ဘဲ သေရတာပါ။ ဗလီဆရာတွေရဲ့ ဆုံးဖြတ်ချက်တွေ နှောင့်နှေးတာတွေရှိတယ်။ လက်ရှိဆေးရုံကြီးမှာ မှုခင်းဆရာဝန်ကြီးရဲ့ ဆေးစစ်ချက်တွေအရ မီးခိုးမွှန်ပြီး သေဆုံးတာဆိုပြီး ဆေးစစ်ချက်အရ သိရပါတယ်” ဟု ပြောကြားသည်။
အဆိုပါ မီးလောင်မှုနှင့် စပ်လျဉ်းပြီး ၄၈လမ်းတွင် ညကင်းစောင့်သူ ၃ ဦးကိုစစ်ဆေးရာ မီးလောင် မှုဖြစ် ပွားနေချိန်တွင် လမ်းထဲသို့ သူစိမ်းများ ၀င်ရောက်ခြင်းမရှိဟု စစ်ဆေးချက်များ ရရှိထားကြောင်း၊ အပြင် ပယောဂ မပါ ၀င်သော အတွင်းပိုင်းမှ စတင်၍ မီးလောင်ကျွမ်းမှုသာ ဖြစ် ကြောင်း၊ ဗလီဆရာများမှာ ၎င်းတို့ ၏ အပြစ် ကိုဖုံးကွယ်ချင်သဖြင့် ကောလဟာလများ ပြောကြားထားသည်များ ရှိကြောင်း ရဲမှူးကြီး ဦးဝင်းနိုင် က ဆက်လက် ပြောကြားသည်။

အဆိုပါ မီးလောင်မှုကို စုံစမ်းစစ်ဆေးရန် စုံစမ်းစစ်ဆေးရေး ကော်မရှင်ဖွဲ့စည်းပြီး ဖြစ်ကြောင်း၊ အဖြစ်မှန်နှင့် စပ်လျဉ်းပြီး အစ္စလာမ် ဘာသာ ရေးအဖွဲ့ကြီး ၅ဖွဲ့မှ တာဝန်ရှိသူများနှင့် ဘာသာပေါင်းစုံ ချစ်ကြည်ရေး အဖွဲ့ လေး ဖွဲ့မှ ဘာသာရေး ခေါင်းဆောင်များနှင့် တွေ့ဆုံပြီး ရှင်းလင်း ပြောကြားပြီး ဖြစ်ကြောင်း ရန်ကုန် တိုင်းဒေသကြီး ၀န်ကြီးချုပ် ဦးမြင့်ဆွေက ပြောကြားသည်။
From:myanma age

www.mmdailystar.com

Viewing all articles
Browse latest Browse all 4837

Trending Articles


၂၀၁၆ ခုနှစ် တက္ကသိုလ်ဝင် စာမေးပွဲ အောင်စာရင်းထုတ်ပြန်


အင်ဂျင်နီယာဆိုင်ရာစာအုပ်များ (၁၁ အုပ်)


သီဟသူရဘွဲ့ရရှိခဲ့များ (အပိုင်း ၃ )


နောင်တော်ကြီးမင်း၏ နောက်ဆုံးည


ပြည်မင်းသား၏ သားတော် ပြည်ထိပ်တင်တုတ် အကြောင်း


"ကုလား"လို့ ပဲ ဆက်၍ခေါ်မယ် အဘိုင်


သီးမခံနိုင်တဲ့အဆုံး လင်ယောက်ျားရဲ့ ငယ်ပါကို ညှစ်ပြီးသတ်လိုက်တဲ့ ဇနီး


မိန်းကလေး အပျိုစစ်ပါတယ်လို့ သက်သေပြဘို့ရာ အသုံးပြုနိုင်တဲ့အချက် (၈) ချက်


ကရဝေး စိုက်ပျိုးနည်း


စပါး ⁠ဖောင်စီးဂဏန်း ကျ⁠ရောက်ပုံ ⁠နှင့် ကာကွယ်⁠နှိမ်နင်းနည်းများ



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>